ဇွန်လတုန်းက မိုးကသိပ်ပြီး မကောင်းခဲ့ပါဘူး။ ဒီနှစ်က မိုးနည်းတယ်လို့ ဆိုရ မှာပါ။ဇွန်လမှာတုန်းက မိုးကတဖြိုက်နှ စ်ဖြိုက်ကျပြီးပြန်ရပ်သွားပါတယ်။အခုဇူလိုင်လရောက်မှသာမိုးကပြန်ပြီးရွာလာတာကြောင့်သီးနှံတွေလည်းအခုမှ ခေါင်း ထောင် လာနို င်တော့ပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း ဒီတစ်ပတ်မိုးကြောင့် ချင်းဥမ အဝင်များလာပါတယ်။ တစ်ရက်ကို ခန့်မှန်းခြေ ပိဿာချိန် တစ်သောင်းခန့် အဝင်ရှိနေပါတယ်။ အဝင်များပေမဲ့ အဝယ်ကတော့ အေးသွားတယ်လို့ သိရပါ တယ်။ ပြည်ပတင်ပို့မှုအတွက်လည်း သယ်ယူရတာအနည်းငယ် အခက်အခဲရှိလာ တာကြောင့် အဝယ်ခဏ ရပ်သွား ပါတယ်။ ပြည်တွင်းဈေးပတ်သမားတွေလောက် သာ အဝယ်ရှိတော့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းဈေးကလည်း တစ်ပိဿာ ၁၂၀၀ ကျပ်-၁၂၅၀ ကျပ်ရှိပြီး ချင်း ခြောက်ကတော့ ၂၃၀၀ ကျပ်ဈေးရှိနေပါတယ်။ ဟိုပုံးမှာလည်း မိုး ရလာပြီ ဖြစ်တာကြောင့် ချင်းဥမတွေ ဖော်လို့ရနေပြီ၊ ဈေးကွက်ကိုလည်း ပုံမှန်ဝင်လာနေ ပါတယ်။ အရောင်း အဝယ်က ခပ်အေးအေးသာရှိနေပါတယ်။ မိုးကလည်း ဒီတစ် ပတ်မှာဆက်တိုက်ရွာနေ တာကြောင့် ဝယ်လက်တွေ ကသိပ်မ၀ ယ်သေးဘဲ၊ လှောင် လက်တွေကသာ ဝယ်ပြီး ပုံထားနေရတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဟိုပုံးဈေးကွက်မှာ ချင်းတစ်ပိဿာ ဝယ်ဈေးက ၁၀၀၀ ကျပ်ရှိပြီး ရောင်းဈေးက ၁၀၅၀ ကျပ်၊ ၁၁၀၀ ကျပ်ရှိပါတယ်။
Background