၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ကုန်သည်များ အသင်း ခန်းမ တွင် ကျင်းပပြုလုပ်သော ကုန်သွယ်မှု လုပ်ငန်းများ လျင်မြန် ချော မွေ့စေရေး၊ စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်း များနှင့်ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအကြောင်းကိုဆွေးနွေးပွဲ ပြုလုပ် ခဲ့ရာ အဆိုပါ ဆွေးနွေးပွဲသို့ စားသုံးသူ ရေးရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးစိုးဝင်း၊ စားသုံးသူရေးရာဌာနခွဲ (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးခင်ဇော် ၊ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်မှ တာဝန်ခံညွှန်ကြား ရေးမှူး ဦးရန်နိုင်ထွန်း၊ မူဆယ်-နန့်ခမ်း နယ်စပ် ကုန်သည်ကြီးများ အသင်းမှ ဥက္ကဋ္ဌဦးဌေးဦးနှင့် အသင်းဝင်များ တက် ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် နယ်စပ် ကုန်သွယ်ရေးစခန်းများတွင် ဆောင် ရွက်လျက်ရှိသောတရားမဝင်ကုန်သွယ် မှု လုပ်ငန်းများ ပပျောက်စေရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန် ချော မွေ့စေရေးတို့နှင့် ပတ်သက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းမှ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက် လက်ပြီး စားသုံးသူအကာ အကွယ်ေ ပး ရေး ဥပဒေ ပါ ပြဋ္ဌာန်း ချက်များ၊ စားသုံး သူ အကာအကွယ်ပေးရေး လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ရှေ့ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဉ် များ အကြောင်းတို့ကို စားသုံးသူရေးရာဌာနခွဲ (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးခင်ဇော်မှ ရှင်း လင်း ပြောကြားခဲ့ပါသည်။ ထို့အပြင်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ဆောင်ရွက်မည့် စားသုံးသူ တိုင်ကြားမှု လုပ်ငန်းများ နှင့် ထုတ်ကုန် များ လုံခြုံစိတ်ချရမှု ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ မူဆယ်-နန့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင် များ၊ ကုန်သည် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ စားသုံးသူ ရေးရာဌာနခွဲ (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ကုန်သွယ်မှု မူဝါဒဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းကျော်၊ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်မှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ မူဆယ်-နန့်ခမ်း နယ်စပ်ကုန်သည် ကြီးများအသင်းမှ ဥက္ကဋ္ဌဦးဌေးဦးနှင့် အသင်းဝင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်း ရှင်များနှင့် ဖိတ်ကြား ထားသော ဧည့် သည်တော်များ စုစုပေါင်း ၅၀ ဦး တက် ရောက်ခဲ့ကြောင်း သိရပါသည်။