Main menu

Background

မုံရွာကုန်စည်ဒိုင် ဇူလိုင် ဒုတိယပတ်ပဲဈေးကွက် တက်ဈေးနဲ့ စိမ်းကြီးအဝယ်သွက်

Mon, 07/21/2014 - 09:14 -- ydnar

 
ပြီးခဲ့တဲ့ရက်ပတ် ဝါဝင်ကာလမှာ စောင့်ထားခဲ့ကြတဲ့ ဥပုသ်က တောင်သူ နဲ့ ပွဲစားကုန်သည်တွေ ထွက်ခဲ့ကြပေမဲ့ မုံရွာ ကုန်စည်ဒိုင် ပဲဈေးကွက်ကတော့ ခုအပတ်ထိ ဥပုသ် ထွက်ဟန်မတူ။ အရောင်းလေးအဝယ်နှေး ဈေးအေးနေ ဆဲ။ ဒီတစ်ပတ် စိမ်းကြီးဈေးကွက်က တော့ တရုတ်အတွက် မန်းလက်ဝယ်လို အားသွက်နေလို့ ဒေသခံ ကုန်သ ည် တွေ ရောင်းချင်အောင် တက်ဈေးပေးခဲ့ရာတစ်တင်း၃၆၅၀၀ကျပ်ကနေ၃၈၅၀၀ ကျပ်ထိ အမြင့်ဈေးပေါက်ခဲ့ပါတယ်။ ဒါေ တာင် ရောင်းလက်မိတ်ပေါတဲ့ ဝယ် လက်တွေသာ ပစ္စည်းရခဲ့ပြီး တစ်ရက် အိတ် ၂၀၀၀ နီးပါး

အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ ကျေးလက်အနှံ့ မိုဘိုင်းဖုန်းတွေ ပျံ့နှံ့လာပြီး သတင်းအချက်အလက် ဆက်သွယ်ရေး ပွင့်လင်းလာ တဲ့အတွက် မိမိသီးနှံတွေကို အရင်တုန်းကလို ပွဲရုံကို ကြိုပို့ခြင်း မလုပ်ကြတော့ဘဲ ပေါက် ဈေး ကြိုက်တဲ့ရက်မှ ရွာကတင်ပို့ရောင်း ချမှုတွေများပြားလာတယ်လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။ ယခုတစ်ပတ် ငုံနီဈေးကွက်က တော့ တစ်တင်း ၂၀၇၀၀ ကျပ်က ၂၁၂၀၀ ကျပ်ကြား ပေါက်ဈေးရွေ့လျား ခဲ့ပေမဲ့  ရန်ကုန်ဝယ်လက် အားပျော့ခဲ့ တယ်လို့ ဆိုပါတယ်။ တခြားပဲ အဝယ် အရောင်းအားနည်းတဲ့ဒေသခံကုန်သည် အချို့အချင်းချင်း လဆိုင်းနဲ့ ဈေးညှိ ရောင်းဝယ်မှုတွေ အများဆုံးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၃၀၀ မှ ၇၀၀ ထိရှိခဲ့ တယ်လို့ သိရပါတယ်။ မတ်ပဲဈေးကွက် မှာလည်းတစ်တင်း၂၆၅၀၀ကျပ်နဲ့အမြင့် ဈေးမှာ ငြိမ်နေပြီး ရန်ကုန်လက်က ဝယ် လိုအားရှိပေမဲ့ ရောင်းလိုအား နည်းပါး နေလို့ လက်လီစုပြီး ဝယ်နေရတယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။ စွန်တာနီနဲ့ ကသဲပဲဈေးကွက်မှာ တော့ ရန်ကုန်လက်အဝယ်ရှိတဲ့ ရက်မှာ ကြိုက်ဈေးရရင် ရောင်းကြတဲ့ အတွက် တစ်ရက်အိတ် ၁၀၀၀ ခန့်ဖြစ်ပေမဲ့ ပုံမှန် ဝယ်လက်အနေနဲ့ ဒေသတွင်းက ပဲ လက်လီသမားတွေသာဖြစ်ကာ ယခု အပတ်မှာ လည်းတစ်တင်း၁၇၀၀၀ ကျပ် မှာ ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဝယ်လိုအားကောင်းပြီး ရောင်းဖို့ ပဲလက် ကျန်နည်းေ နတဲ့ ထောပတ်ပဲဈေးလည်း ယခုတစ်ပတ်မှာ တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ ဈေးငြိမ်ခဲ့ပြီး တရုတ်ဝယ် လက် အော်ဒါရသူေ တွကပဲ လက်လီစုပြီး ဝယ် နေရတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ ဒေသတွင်းအဝယ်သာရှိတဲ့ ပဲကြီး နဲ့ ကုလားပဲမျိုးစုံတွေ ယခုအပတ်မှာ ဈေးဆက်အေးခဲ့ပြီး ယခုတစ်ပတ်မှာ ပဲကြီးတစ်တင်း ၂၂၅၀၀ ကျပ်၊ ကုလား ပဲထိုင်ဝမ်တစ်တင်း ၁၄၀၀၀ ကျပ်၊ V2 တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ၉၂၉ တစ် တင်း ၁၄၀၀၀ ကျပ် အသီးသီးဈေး ပေါက်ခဲ့ကာ နေ့စဉ်အရောင်းအဝယ် အားဖြင့် ပဲကြီး အိတ် ၂၀၀ မှ ၃၀၀ နဲ့ ကုလားပဲမျိုးစုံ အိတ် ၇၀၀ မှ ၁၀၀၀ ကြားရှိတယ်လို့ ဒိုင်ရပ်ကွက်က သိရပါ တယ်။ ယခုတစ်ပတ် CP ပြောင်းဖူးစေ့ ဈေးကွက်မှာတော့ ပုံမှန်အရောင်း အဝယ်သာဖြစ်ခဲ့လို့ တစ်တင်း ၇၉၀၀ ကျပ်ထိ ဈေးကျခဲ့ကာ တစ်ရက် အိတ် ၂၀၀၀ ဝန်းကျင်သာရှိခဲ့တယ်လို့ ဈေး ကွက်က လေ့လာသိရပါတယ်။