ယခုတစ်ပတ်အတွင်း ပုဂ္ဂလိက ငွေလဲစင်တာများနှင့် ဘဏ်များ၏ ငွေလဲကောင်တာများတွင် ငွေလဲနှုန်း များ တည်ငြိမ်လျက် ရှိကြောင်း သိရ သည်။ ဈေးကွက်အတွင်း ငွေလဲလှယ် မှုများ အေးစက်နေသည့်အလျောက် မိုးတွင်းကာလဖြစ်သည့်အတွက်လည်း အရောင်းအဝယ်များ ပါးလာသည့် အတွက် ငွေလဲနှုန်းများ တည်ငြိမ်လာ ရခြင်းဖြစ်ကြောင်း ငွေလဲဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
''ဒီတစ်ပတ်ထဲမှာ ငွေဈေးက တော်တော်လေးကို ငြိမ်နေတယ်။ ငွေ ဈေး ငြိမ်တော့ အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေတာပေါ့။ ဘဏ်တွေမှာလည်း ဈေးက ငြိမ်နေသလို ကျွန်တော်တို့ အပြင်ဈေးကွက်မှာလည်း ဈေးက ငြိမ် တယ်လို့ ပြောရမယ်။ တစ်ကျပ် လောက်ပဲ အတက်အကျရှိတယ်။ မိုး တွင်းလည်းဖြစ်နေတော့ အရောင်း အဝယ်တွေက အေးလာသလို ဈေး ကွက်ထဲ မှာ လည်း အရင်တုန်းကလို အရောင်းအဝယ်က သိပ်ပြီးမသွက် တော့ ငွေဈေးက ငြိမ်နေရတာပါ''ဟု အနော်ရထာလမ်းပေ ါ်ရှိ ငွေလဲစင်တာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။
သိမ်ဖြူငွေလဲစင်တာတွင် ရောင်း ဈေး ၉၇၅ကျပ်၊ ဝယ်ဈေး ၉၆၉ကျပ်ဖြင့် ဇူလိုင်လ ၁၄ရက်မှ ၁၈ရက်နေ့ အထိ ဈေးငြိမ် လျက် ရောင်း ဝယ်ခဲ့ကြောင်း သိရသည်။
ပြင်ပငွေလဲစင်တာများတွင် ဇူ လိုင်လ ၁၄ရက်နေ့က ရောင်းဈေး ၉၇၅ ကျပ်၊ ဝယ်ဈေး ၉၆၉ကျပ်ဖြင့် ရောင်း ဝယ်ခဲ့သော်လည်း ဇူလိုင်လ ၁၈ရက် နေ့တွင်မူ ရောင်းဈေး ၉၇၄ကျပ်၊ ဝယ် ဈေး ၉၇၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း သိရသည်။