ပထမအကြိမ် စားသုံးသူ အကာ အကွယ်ပေးရေးဗဟိုကော်မတီ အစည်း အဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃) နေ ပြည်တော်၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ်၂ နာရီ အချိန်၌ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့စားသုံး သူအကာအကွယ်ပေးရေး ဗဟိုကော် မတီဝင်များဖြစ်ကြသည့်သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဌာနဆိုင် ရာအကြီးအကဲများတက်ရောက်ခဲ့ ကြ ပါသည်။ အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ နှင့်အညီစားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီကို ၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့အမိန့်ကြော်ငြာစာ (အမှတ်၊ ၃၈/ ၂၀၁၄)ဖြင့်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခု ကျင်းပသော စည်းအဝေးသည်စားသုံးသူ အကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်း ပြီးနောက် စားသုံးသူ အကာအကွယ် ပေးရေး ဗဟိုေ ကာ်မတီဝင်များအကြား ပထမဆုံးအကြိမ်ကျင်းပသော အစည်း အဝေးဖြစ်ပါကြောင်း၊ စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေအရ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီ ၏လုပ်ငန်းတာဝန်(၁၃)ရပ်ပါဝင်ပြီး အဓိကအားဖြင့် စားသုံးသူ အကာအကွယ် ပေးရေးဥပဒေ၏ရည်ရွယ်ချက်များ အောင်မြင်စေရန် အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ စားသုံးသူ အကာ အကွယ်ပေးရေးဆိုင်ရာမူဝါဒများ ချ မှတ်ဆောင်ရွက်ခြင်းနှင့်စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက် ခြင်းတို့အား လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စားသုံးသူ အကာအကွယ်ပေးရေးနည်း ဥပဒေများကိုလည်း ထုတ်ပြန်နိုင်ရန် မူကြမ်းရေးဆွဲ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် အဆိုပါဥပဒေနှင့်အညီ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ များကိုလည်းပြည်နယ်နှင့်တိုင်းဒေသ ကြီးများတွင်ဖွဲ့စည်းေ ဆာင်ရွက်သွား မည်ဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအား အသိပညာဗဟုသုတ ဖြန့်ေ၀ ပေးသည့်လုပ်ငန်းများကို လည်းဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ် ရေးစခန်းများရှိ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများကိုလည်း အသိ ပညာပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြော ကြားခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ်တွင်အာဆီယံ နိုင်ငံအားလုံးအပြည့်အ၀ အကောင်အထည် ဖော်ဆောင်ရွက်ရမည့် အာဆီယံ စီးပွား ရေးအသိုက်အဝန်းအောက်တွင်စားသုံးသူ အကာအကွယ်ပေးရေး ကဏ္ဍသည် လည်းပါဝင် လျက်ရှိပြီး မြန်မာနိုင်ငံ သည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံအနေဖြင့် စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းများကို လိုက်ပါ အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်းဖြင့် ပြည်ထောင်စု ဝန်ကြီးမှ ထပ်မံပြောကြားခဲ့သည်။ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက စားသုံးသူအကာအကွယ်ပေးရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စားသုံးသူအငြင်း ပွား မှုဖြေရှင်းရေးအဖွဲ့၏ဖွဲ့စည်းဆောင် ရွက်သွားမည့်အခြေအနေများနှင့်စား သုံးသူအကာအကွယ်ပေးရေးလုပ်ငန်း များ နှင့်ပတ် သက်၍ တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းပြီးဖြစ်သည့်အစိုးရမဟုတ်သော စားသုံးသူအကာအကွယ်ပေးရေး အသင်း အဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်သွား ရမည့်လုပ်ငန်းများကို ဆွေးနွေးပြော ကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာ ကြသော စားသုံးသူအကာအကွယ်ပေး ရေးဗဟိုကော်မတီဝင်များမှ ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သက်ဆိုင်ရာကဏ္ဍအလိုက် စားသုံးသူ အကာအ ကွယ်ပေးေ ရးနှင့်ပတ်သက် သည့်ရှေ့ဆက်လက်လုပ်ဆောင်ရမည့် အချက်များအား ဝိုင်းဝန်းအကြံပြု ဆွေး နွေးပြော ကြားကြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိ ရသည်။