ရှမ်းပြည်နယ် တောင်ကြီးနဲ့အနီးတဝိုက်မှာ ဝါဆိုလပြည့်မတိုင်ခင်ကထဲက ရွာနေတဲ့မိုးက ဒီတစ်ပတ်အထိ မတိတ်နိုင်ေ သးပါ ဘူး။ မိုးကောင်းနေတာကြောင့်လည်းသီးနှံတွေ အရောင်းအဝယ် နည်းနည်းထိုင်းလာပါတယ်။ ဟိုပုံးဈေးကွက်မှာ ဆိုလည်း ချင်း(စို) အဝင်ကနည်းလာပါတယ်။မိုးကောင်း နေလို့သိပ်ပြီးမဖော်ဖြစ်ကြ ဘူးလို့လည်း သိရပါတယ်။
၅ ရက်တစ်ဈေးကို ပိဿာ ချိန် နှစ်သောင်း ခန့်သာ အဝင်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့အတွက် တောင်ကုတ် ဝယ်လက်တွေက အဝယ်ရှိေ နတော့ ဝင်သလောက်ြ ပန်ရောင်းနေရပါတယ်။ ချင်းခြောက်ကတော့ လက်ကျန်နည်းနေပေမဲ့ အရောင်း ဝယ်က ငြိမ်နေပါ တယ်။ ဟိုပုံးဈေး ကွက်မှာ ချင်း(စို)က တစ်ပိဿာ ၁၁၂၅ ကျပ်ဈေးရှိပြီး ချင်းခြောက်ကတော့ ၂၃၀၀ ကျပ်၊ ၂၄၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းကအရင်တစ်ပတ်ကဒီထက်ပိုပြီးအဝင်များတယ်လို့လည်း သိရပါတယ်။ေ အာင်ပန်းအ နီးတ ဝိုက်နဲ့ ဟဲဟိုးတဝိုက်အနီးကျေးရွာ တွေက ချင်း(ဥမ)တွေလည်း ဝင်နေတာကြောင့် တစ်ပတ် ကို ပိဿာချိန် ၄ သောင်း၊ ၅ သောင်း ခန့်တော့ အဝင်ရှိနေပါတယ်။ ပြည်ပ ဝယ်လက်တွေက ဝယ်ယူမှု နားနေတော့ ပြည်တွင်းသုံးသာ အရောင်းအဝယ်ဖြစ်နေပါ တယ် ။ဒါပေမဲ့ဈေးက လည်းမြင့်နေတာကြောင့်ချင်းထိုးသမားတွေကလည်း ခပ်များများမဝယ်နိုင်ဘူးလို့သိရပါတယ်။ ချင်းခြောက် ကိုတော့ ရန်ကုန်ကလက်ကြီးသမားတွေဝယ်နေလို့ တစ်ပတ်အတွင်းပိဿာချိန်တစ်သောင်းခန့်အရေင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ေ အာင်ပန်း ဈေး ကွက်မှာ ချင်း(စို) တစ်ပိဿာ ၁၁၀၀ ကျပ် ၁၁၅၀ ကျပ်နဲ့ ချင်းခြောက်က ၂၂၅၀ ကျပ်ဈေးရှိပါတယ်။