Main menu

Background

မောင်တောနယ်စပ်မှ ပုစွန်တင်ပို့ခွင့်ရပြီဖြစ်၍ ကုန်သွယ်မှုလျာထားချက် ကျော်လွန်ဆောင်ရွက်နိုင်

Fri, 08/15/2014 - 09:36 -- ydnar

 
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဟာဇူလိုင်လမှာပို့ကုန်ကန်ဒေါ်လာသုည ဒသမ ၅၇၆ သန်း၊သွင်းကုန်ကန်ဒေါ်လာသုည သမ ၀၀၆ သန်း ၊

ကုန်သွယ်မှုပမာဏကန်ဒေါ်လာ သုညဒသမ ၅၈၂ သန်းေ ဆာင်ရွက်နိုင်ပြီးကုန်သွယ်မှုပမာဏ လျာထားချက်အပေါ် ၁၄၃ ရာခိုင်နှုန်း ကျော်ဆောင်ရွက်နိုင်ခဲ့ တယ်လို့ မောင်တောန ယ်စပ်ကုန်သွယ် ရေးစခန်းမှ သတင်းရရှိပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့အများဆုံးပို့ကုန်များမှာ ဆန်၊နနွင်း တက်၊ ပုစွန်၊ ကဏန်း၊ ဇီးထုပ်၊ သနပ်ခါး ခဲနဲ့ ဖိနပ်တို့ဖြစ်ပြီး အများဆုံးသွင်းကုန် များမှာ ဖိနပ်၊ ဒါန်ရေ တကောင်း၊ တီရှပ် နဲ့မျက်နှာလိမ်းကရင်မ်တို့ဖြစ်ကြပါတယ်။
 
ဇွန်လနောက်ဆုံးပတ်ကစပြီး တစ် ဘက်နိုင်ငံဘောင်တော်ဆိပ်ကမ်းအနေနဲ့ ပုဇွန်များကိုတင်သွင်းခွင့်ပြုခဲ့တဲ့အတွက် ဇူလိုင်လမှာ ပုစွန် ၇၁ တန်ကျော် တန်ဖိုး အားဖြင့်ကန်ဒေါ်လာ ၃၆၀၀၀၀ ကျော် ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နောက်လများ မှာလည်းအဆက်မပြတ်တင်ပို့နိုင်ရေးဌာနဆိုင်ရာများ၊ကုန်သည်လုပ်ငန်းရှင်များပေါင်းစပ်ညှိနှိုင်းပြီးကုန်သွယ်မှုကျော်လွန်ေ အာင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြမယ်လို့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ဇူလိုင်လ ၃၀ ရက်နေ့ ကပြုလုပ်တဲ့ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးတွင်တာဝန်ရှိသူ တစ်ဦးက ဆွေးနွေးပြောကြားခဲ့တယ်လို့ သတင်းရရှိ ပါတယ်။