သတိပေး တပ်လှန့်သံများ
ကမ္ဘာပေါ်တွင် နေထိုင်ပြီးကမ္ဘာမြေထုအခြေခံ၍ ဖြစ်ပေါ်နေသော သဘာ၀၀န်းကျင်ကို မှီခိုနေရသည့်လူသား များ အနေဖြင့်ပုံမှန်မဟုတ်သောရာသီဥတုအပြောင်းအလဲများကြောင့်သဘာဝဘေးအန္တရာယ်များ၊အခက်အခဲများရင်ဆိုင်နေ ရသည်မှာ ထူးခြားဆန်းကျယ်သောအခြေအနေများ မဟုတ်ပေ။သို့သော်လူတို့၏ပယောဂ ကြောင့်ဖြစ်ပေါ် လာသော စီးပွားရေး မပြေလည်မှု အကျပ်အတည်းများနှင့် ရာသီဥတု ဖောက်ပြန်မှု
သဘာဝဘေးအန္တရာယ်တို့ကို တစ် ပြိုင်နက် တိုက်ဆိုင်စွာကြုံတွေ့လာသောအခါတွင်မူလူသားများအဖို့ထူးထူးဆန်းဆန်းခံစားရလောက် အောင် သောက ပွေသည်အထိ အခြေအနေများဖြစ်လာရတော့သည်။ဆင်းရဲသူဖြစ်စေ၊ချမ်းသာသူဖြစ်စေခံစားရသည့် ဝေဒနာ ဒီဂရီမှာ အနည်းအများ သာကွာမည်။ ရုပ်ပိုင်း၊ စိတ်ပိုင်း ဒုက္ခများကို အားလုံးခံစားရမည်သာ။
၂၀ ရာစုကုန်ခါနီးတွင်ဖြစ်ပွားခဲ့သော စီးပွားရေးအကျပ်အတည်းများအနက် လက်တင်အမေရိကန်နိုင်ငံများ၏ စီးပွားရေးအကျပ်အတည်း(၁၉၉၄)၊အာရှနိုင်ငံများ၏ဘဏ္ဍာရေးအကျပ်အတည်း(၁၉၉၇)နှင့်၂၁ရာစုတွင် ဈေးဦးဖောက် ခဲ့သောအမေရိကန်မှစခဲ့သည့်ချေးငွေအကျပ်အတည်း(၂၀၀၈)တို့သည်သက်ဆိုင်ရာနိုင်ငံ၊လူ့အဖွဲ့အစည်း များအတွင်း စီးပွားရေး၊ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်သက်ရောက်မှုများအတွက်လူအဖွဲ့အစည်း အတွ င်းလူမှုလုံခြုံရေးအကာအကွယ် အစီအမံလုံလောက်စွာရှိ/မရှိ၊ အကယ်၍ လုံလောကစွာရှိခဲ့ပါကလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်မှု ရှိ/မရှိကို ပြန်လည်အကဲဖြတ်ရန်လိုအပ်သည်ကို စေ့ဆော်နေ သကဲ့သို့ဖြစ်ခဲ့သည်။ ထို့အတူ လွန်ခဲ့သောကာလများက ဗဟိုအမေရိကနှင့် တောင်အာရှဒေသများတွင် ကြုံတွေ့ခဲ့ရသော သဘာဝဘေး အန္တရာယ် ကပ်ဆိုး ကြီးများကလည်း သဘာ၀ ဘေးအန္တရာယ်များကြောင့် ဖြစ် ပေါ်လာသောထိခိုက်မှုများအတွက်လူ့အဖွဲ့ အစည်း များမှ ကြိုတင်ကာကွယ်နိုင်မှု ရှိ/မရှိ၊ ထိရောက်စွာ တုံ့ပြန်နိုင်စွမ်း ရှိ/မရှိ အခြေအနေများနှင့် ပတ်သက်၍ စမ်းသပ်၊ အကဲခတ် နေသကဲ့သို့ ရှိနေသည်။အကျပ်အတည်းများ ဆုံစည်းမှု သမိုင်းတစ်လျှောက် ဖြစ်ခဲ့ဖူးသော စီးပွားရေးအကျပ် အတည်းများ၏ လူအဖွဲ့အစည်းများအပေါ် သက်ရောက်မှု များသည်လူသားအားလုံးအပေါ်တွင် အချိုးညီမျှစွာ ဖြစ်ပေါ် ခဲ့သည်မဟုတ်ပေ။ အခြေအနေ၊ အချိန်အခါ အရသက်ေ ရာက်မှုခြားနားစွာဖြစ်ပေါ်ခဲ့သည်။အကျပ်အတည်း၊ အခက်အခဲများကြောင့် ဓနဥစ္စာပိုင်ဆိုင်မှု များပြားသော လူများမှာ ပို၍ ဆုံးရှုံးမှုကြီးမားနိုင်သည်ဟု ရုတ်တရက် ကောက်ချက်ချနိုင် သော်လည်း ရေရှည်ကာလများတွင် ဓနဥစ္စာ ပိုင်ဆိုင် မှု မရှိ သော၊ ဝင်ငွေနိမ့်လူဆင်းရဲများပေါ်တွင် သက်ရောက်မှု ပြင်း ထန်လျက် ရှိသည်ကို သတိပြုမိနိုင်သည်။ အလုပ် အကိုင်များ စွန့်လွှတ်ဆုံးရှုံးမှုများရှိလာခြင်း၊ လုပ်ခရရှိမှုလျော့နည်းကျဆင်း လာခြင်း၊ အခြေခံ စားသောက်ကုန်ဈေးနှုန်း များ မြင့်တက်မှုကိုရင်ဆိုင်ရခြင်းစသဖြင့် စီးပွားရေး အခြေအနေကျပ်တည်း ခြင်းတို့ကို ဆက်တိုက် ကြုံတွေ့လာ ရနိုင်သည်။လုပ်ငန်းရှင်များနှင့် ငွေကြေးကြွယ်ဝချမ်းသာသူများမှာလည်း ၎င်းတို့ ပိုင်ဆိုင်သည့်ဘဏ္ဍာရေး အက်ဆက် များနှင့် အခြားသော ငွေ ဖြစ်လွယ်သောအက်ဆက်များ၏ ပြန်ရချက်ကျဆင်းမှုများ ရင်ဆိုင်လာရနိုင်သည်။ ထိုလူ တန်းစားအလွှာအသီးသီးပေါ်ရှိ သက်ရောက်မှုများအားလုံးသည် နောက်ဆုံးတွင် လူအဖွဲ့ အစည်းအတွင်းရှိ ဥစ္စာဓန အားနည်းသော လူတန်းစားများ ပေါ်တွင်သာ စုပုံကျလာတတ်သည်။ မြေငလျင်ဖြစ်ပေါ်ခြင်း၊ရေကြီးခြင်း၊မိုးခေါင်ခြင်းနှင့် လေ မုန်တိုင်းကျခြင်းစသည့် သဘာ၀ ဘေးအန္တရာယ်များသည် လည်းပိုင်ဆိုင်မှုဥစ္စာဓနများ၊ အဆောက်အအုံများ အပါအဝင် ရုပ်ဝတ္ထုပစ္စည်းများ၊လူတို့၏ရုပ်ပိုင်းဆိုင်ရာများ အပေါ် တွင်ထိခိုက်မှုများဖြစ်စေရုံသာမကစိတ်ပိုင်းဆိုင်ရာများတွင်ပါထိခိုက်မှုများလည်းရှိလာနိုင်ပြီးဘဝရပ်တည်မှုအခြေအနေ များ ကိုပင် ပြောင်းလဲသွားနိုင်သည့်အနေအထားများ ဖြစ်သည်။ ထို့ကြောင့် နေရာဒေသ တစ်ခု တွင် ဖြစ်ပွားေ သာ သဘာ၀ ဘေးအန္တရာယ်သည် ထိုဒေသတစ်ခုလုံး၏ စီးပွားရေး၊ လူမှုရေး အပါအဝင် အရေးအရာပေါင်းများစွာနှင့် ဆက်စပ်၍ ထိခိုက် မှုများရှိလာတတ်သည့် အခြေအနေမျိုးဖြစ်သည်။ ကျေးလက်တောရွာများတွင်နေထိုင်သူလူဦးရေများပြီးလယ်ယာကဏ္ဍတွင်မှီခိုသူများသည်လူ့အဖွဲ့ အစည်းများ တွင် စိုက်ပျိုးသီးနှံများနှင့် စိုက်ပျိုးအထောက်အကူပြု ကိရိယာများ နှင့်ကျွဲနွားတိရစ္ဆာန်များပျက်စီး၍ ကောက်ရိတ် သိမ်းချိန်အခြေမလှဖြစ်ခြင်း၊စားနပ်ရိက္ခာပြဿနာ၊ကျန်းမာရေးဆိုင်ရာကိစ္စများနှင့်ကလေးငယ်များ၏ပညာရေးအခြေအနေ များကိုပါဆက်တိုက်ထိခိုက်မှုများရှိလာနိုင်ခြင်းတို့ဖြစ်လာပြီး ဘေးအန္တရာယ် ဖြစ်ပွားချိန် ကြာမြင့်ခဲ့ပါက လူမှုရေး၊ စီး ပွားရေးအခက်အခဲများပေါင်းစုကာအကျပ်အတည်းတစ်ခုသို့ပင်ဦးတည်သွားနိုင်ပေသည်။တစ်ခါတရံစီးပွားရေးကျဆင်း မှုများ ကြောင့်အစိုးရမှပြည်သူ့ရေးရာကဏ္ဍများအတွက် အသုံး စရိတ် လျော့ချဆောင်ရွက်ရသည့်အချိန်သည် သဘာ ဝဘေး အန္တရာယ် ကျရောက်လာသည့်အချိန်အခါမျိုးနှင့် တိုက်ဆိုင် သွားသည့် အခြေအနေမျိုးနှင့်လည်း ကြုံရတတ် သည်။ထိုအခါမျိုးတွင်အကျပ်အတည်းများ၏သက်ရောက်မှု ပိုမို ကြီးမားလာပြီး ဝင်ငွေနိမ့် ဆင်းရဲသား လူတန်းစားများ မှာ ရေနစ် ရာ ဝါးကူထိုးခံရသည့် ပိုမိုဆိုးရွားသော အခြေအနေမျိုးဖြင့် ရင်ဆိုင်လာရတော့သည်။တုံ့ပြန်မှုများနှင့် ကြိုတင်ပြင်ဆင်သင့်သည့် အစီအမံများ စီးပွားရေးအကျပ်အတည်းကြောင့်ဖြစ်စေ၊သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ ကြုံတွေ့လာရသည့် အခက်အခဲ များ ကို ရင်ဆိုင်ရသည်မှာ ဆင်းရဲနွမ်းပါးသည့် လူတစ်ဦး တစ် ယောက်၊ မိသားစုတစ်စုအတွက် ကွဲပြားခြားနားမှုမရှိ။ သို့သော် ရင်ဆိုင်တုံ့ပြန်မှုများမှာ ကိုယ့်အခြေအနေနှင့်ကိုယ် ကိုယ့် နည်းကိုယ့်ဟန်ဖြင့် ကွဲပြားခြားနား တတ်ကြ သည်။ အလုပ် အကိုင်သစ်များ ရှာဖွေရခြင်း၊ မူလအလုပ်အကိုင်အပြင် အချိန် ပိုင်းအလုပ်များ ရှာဖွေလုပ်ကိုင်ရခြင်း၊ အချို့မှာစားသောက်မှုပုံသဏ္ဍာန်ပြောင်းလဲလာရခြင်း၊ အချို့သော မိသားစုများမှာ ပညာရေး အသုံးစရိတ် များ လျော့ချ ကာ မိသားစုဝင်ငွေတိုးလာစေရေးအတွက်သားသမီးငယ်များကို ကျောင်းစာသင်ခန်း များမှထုတ်၍အလုပ် များစေခိုင်း ရခြင်း၊အချို့မှာလည်းမိသားစုအတွင်းနာမကျန်းသည့်သူရှိနေသည့်တိုင်ကျန်းမာရေးအသုံးစရိတ်များ လျော့ချခြင်းတို့ပြု လုပ် ၍ ရင်ဆိုင်ဖြေရှင်းကြရသည်။
အကျပ်အတည်း ဖြစ်ပေါ်လာသောအချိန်ကာလများအတွင်း လူတစ်ဦးတစ်ယောက်ချင်းမှစ၍လူမှုရေး အဖွဲ့ အစည်းများ၊အရပ်ဖက်လူအဖွဲ့အစည်းများ၊ဌာနဆိုင်ရာအဖွဲ့ အစည်းအားလုံးပေါင်းစည်း၍ ပါဝင်ကူညီလုပ်ဆောင်ေ ပးနိုင်ခြင်းသည်ဘေးဒုက္ခခံစားနေရသူများအတွက်များစွာအထောက်အကူရစေသည်။သို့သော်ထိုအချိန်အတွင်းအခက် အခဲများအားလုံးကို ဖြေရှင်းပေးရန်အတွက်တာဝန်အရှိဆုံးမှာ အုပ်ချုပ်နေသည့် အစိုးရအဖွဲ့ဖြစ်သည်။ ထိုအခြေအနေ မျိုး များတွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဝင်ငွေနိမ့် လူတန်းစားများနှင့် ထိခိုက်လွယ်သောသူများ (ကလေး သူငယ်များ၊အမျိုးသမီးများ၊သက်ကြီးရွယ်အိုများနှင့် မသန်စွမ်း သူများ)နှင့်ပတ်သက်၍ ဦးစားပေးစီစဉ်မှုများအဖြစ် လူမှုအရင်း အနှီးမြှုပ်နှံမှုများကို ထိရောက်စွာ လုပ်ဆောင်ရန်လိုသည်။
ထိုသို့အကာအကွယ်အစီအမံအမျိုးမျိုးဖြင့် အကျပ် အတည်းကိုတုံ့ပြန်ခြင်းသည်လက်ရှိရင်ဆိုင်နေရသောအခြေ အနေကို လျော့ပါးစေရုံသာမက အကျပ်အတည်းအလွန် ကာလများကိုပါ အထောက်အကူရစေနိုင်သည်။ သတိပြု ရန်မှာထိုအစီအမံမျိုးကိုအကျပ်အတည်းကာလများအတွင်း ရေးဆွဲ၍ချက်ချင်းအကောင်အထည်ဖော်ဆောင် ရွက်နိုင် ရန်မှာခက်ခဲမှုများစွာရှိနိုင်သဖြင့် ကြိုတင်မှန်းဆ၍ ပြင်ဆင်ရေးဆွဲထားသင့်သည် ။အကျပ်အတည်းဖြစ်ေ ပါ်နေချိန် တွင်ထိရောက် သောလူမှုအကာအကွယ်အစီအမံမရှိခဲ့ပါက ပြုပြင်ပြောင်းလဲ လွယ်သော အခြေအနေများကို စီစဉ် ဖန်တီးပေးပြီး စီမံအုပ် ချုပ်မှု၊ ညွှန်ကြားမှုများကို အမြဲတမ်းမှီခိုခြင်းမပြုဘဲ ဖြစ်ပေါ် လာသော အခြေအနေများကို အချိန်ကိုက်တုံ့ပြန်နိုင်စွမ်းရှိမည့်အစီအစဉ်များကို ရေးဆွဲလုပ်ဆောင်နိုင်ရမည်။ လက်ရှိ ရင်ဆိုင်နေရေ သာအခြေအေ နများကိုလေ့လာကြည့်သောအခါ ကြိုတင်စီစဉ်ထားသောအစီအမံများဖြင့်သာထိရောက်စွာအထောက်အကူေ ပးနိုင် မ ည် ကို တွေ့ရှိနေရသည်။