''မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားကုန်သွယ်မှုနှင် နိုင်ငံတကာ၏အထောက်အပံ့ အခန်းကဏ္ဍနှင့်ပတ်သက်သည့်အတွေးအမြင်သစ်များ''ခေါင်းစဉ်ဖြင့်အလုပ်ရုံဆွေးနွေးပွဲကိုအမျိုးသားစီးပွားရေးနှင့် လူမှုေ ရး အကြံပေး ကောင်စီ(NESAC)မှ ကြီးမှူး၍ ၂၀၁၄ခုနှစ်၊
သြဂုတ်လ၁၁ရက်နေ့ နံနက်၀၉၀၀နာရီတွင် နေပြည်ေ တာ် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II) တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲတွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးဉာဏ်ထွန်းမှအဖွင့်အမှာစကား ပြော ကြားခဲ့ပြီးဆွေးနွေးပွဲဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်သောစွမ်းအင်ဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် ( မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ)နှင့်အမျိုးသား စီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်တို့ကရှင်းလင်းတင်ပြ ခဲ့ကြပါတယ်။
အဆိုပါဆွေးနွေးပွဲသည်ရင်းနှီး မြှုပ်နှံမှု၊ကုန်သွယ်မှုနဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုအထောက်အပံ့နဲ့ပတ်သက်၍ ပထမဆုံးကျင်း ပတဲ့ ဆွေးနွေးပွဲဖြစ်ပြီးအနာဂတ် မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ ဆွေးနွေးပွဲကျင်းပခဲ့ြ ခင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာ့စီးပွားရေးဟာဖွံ့ဖြိုးတိုးတက်ဖို့အလွန်အမင်းအလားအလာ ရှိပြီးလာမယ့် ဆယ်စုနှစ် များတွင်နိုင်ငံတိုးတက်ရန်အတွက်မှန်ကန်တဲ့မူဝါဒများကိုယခုအချိန်မှစတင်ပြီးကျင့်သုံးရန်လိုအပ်လျက်ရှိပါကြောင်း ဆွေးနွေး ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာDr. Ha Joon Chang (Cambridge University)မှ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာနည်းလမ်းများကိုအဓိကဆွေးနွေးခဲ့ကြပြီးပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိက ဆောင်ရွက်ေ နကြခြင်း ၊ဒေသတွင်းအားလုံးတွင်ပါဝင်နေတဲ့သီးခြားကုမ္ပဏီများရဲ့လုပ်ငန်းအကျိုးစီးပွား တိုးတက်စေရေး အတွက် မြန်မာရှု့ထောင့် ကကြည့်လျှင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာထောက်ပံ့မှု၊နိုင်ငံတကာအလှူရှင်များအနေဖြင့်လှူဒါန်းငွေသာမကလုပ်ငန်း ကျွမ်းကျင် မှု များကိုပါ ကူညီရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်များအနေနဲ့အခုလိုအလုပ်ရုံဆွေးနွေးပွဲများတက် ရောက်ရခြင်းဖြင့်အနာဂတ်တွင်စီးပွားရေး အခွင့် အလမ်းကောင်းများ ပေါ်ထွက်လာပြီး အလုပ်အကိုင်များ ရရှိလာကာကျွမ်းကျင်ပညာရှင်များဖြင့် မိမိထုတ်ကုန်များ အရည် အသွေးကောင်းမွန်စွာထုတ်လုပ်နိုင်ပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါ တယ်။