Main menu

Background

မိမိကိုယ်ကို မိမိ အမဲလိုက်ခြင်း

Wed, 08/27/2014 - 05:58 -- ydnar

သတ္တလောကမှာရှိတဲ့သက်ရှိသတ္တဝါများအနက်လူဆိုတဲ့သတ္တဝါအမျိုးအစားဟာအသိဉာဏ်ပညာအရှိဆုံး အုပ်စု ဖြစ် ကြပါတယ်။ ဒီအသိဉာဏ်တွေကို အစွမ်းကုန်အမြဲတမ်း အသုံးချနေပြီး သူတို့လူပင်ပန်း စိတ်ပင်ပန်းဖြစ် ရင် လည်း နည်းမျိုးစုံနဲ့ အပန်းဖြေတတ်ကြပါတယ်။ အဲဒီလို

အပန်းဖြေတဲ့အခါ ဘေးပတ်ဝန်းကျင် သက်ရှိသက်မဲ့ အရာတွေ ကိုဘေးဥပဒ်မဖြစ်ရင်တော့ေ တာ်သေး တာပေါ့ ။ဒါပေမဲ့ (Recreation)ဆိုတဲ့ အမဲလိုက်အပန်းဖြေခြင်း (Hunting )  ခေါ်ရ လား၊ အမဲလိုက်အားကစား (Sports) လို ့ခေါ်ရမလား၊အမဲလိုက်ဝါသနာ(Hobby)လို့ခေါ်ရမလား၊ဘာပဲခေါ်ခေါ်သားရဲတိရစ္ဆာန်တွေအတွက်တော့ အန္တရာ ယ်ပေါ့။ အချို့ကဝါသနာအရတောတောင်ထဲလှည့်လည်ပြီး အမဲလိုက်ကြတယ်။ အချို့ကအားကစားတစ်ရပ်အနေနဲ့ အမဲပစ်ထွက်ကြတယ်။ တချို့ကမြို့ပြမှာ လုပ်ငန်းခွင်မှာမွန်းကြပ်ခြင်း ကိုဖြေလျော့စေဖို့ အပန်းဖြေတဲ့အနေနဲ့ အပျော် အမဲလိုက်ကြပါတယ်။အချို့ကတော့ဝမ်းစာရေးအတွက်၊အချို့ကတော့ရှားပါးတိရစ္ဆာန်တွေရဲ့သားရေ၊ အရိုး၊ အစွယ်ေ တွရဲ့ မြင့် မားတဲ့ဈေးကွက်အရ စီးပွားဖြစ်အမဲလိုက်ကြတယ်။ အသိ ဉာဏ်ပညာအရှိဆုံးလူသားတွေရဲ့ ဘယ်လိုသောရည်ရွယ်ချက်နဲ့ပဲအမဲလိုက်လိုက်၊သူတို့ဦးတည်ချက်အရတောတောင်အတွင်းမှာ သဘာဝအရနေ ထိုင် ကျက်စားနေတဲ့ သားရဲတိရစ္ဆာန်တွေ ကတော့ သေရရှာတာပါပဲ။ မျိုးတုံးပျောက်ကွယ်ရရှာတာပါပဲ။
 
မုဆိုးတွေကတော့သူတို့နေပူဒဏ်မခံရအောင်ဦးထုပ် တွေဆောင်း၊သူတို့ခန္ဓာကိုယ်နေမလောင်ရအောင် သစ် ကိုင်းမခြစ်မိအောင် အင်္ကျီတွေ အထပ်ထပ်ဝတ်၊သူတို့ခြေထောက် ဆူးမစူးမိအောင် ဘိနပ်ထူကြီးတွေစီး၊ အဆိပ် ရှိ သတ္တဝါတွေရဲ့အကိုက်မခံရအောင်လည်ရှည်ဘိနပ်ကြီးတွေစီးကာ ကြိုတင်အကာအကွယ်အပြည့်အစုံ နဲ့ တော အုပ် ထဲမှာ နေထိုင်ကျက်စားပျော်ပါးနေတဲ့၊ မိသားစုရှိတဲ့၊ ကိုယ်ဝန်ဆောင်နေ တဲ့၊ ရေသောက်နေတဲ့၊ အစာရှာစားနေ တဲ့ တောကောင်တွေကိုအငြိုးအတေးမရှိ၊ရန်လိုမှုကင်းတဲ့သဘာဝအတိုင်းနေထိုင် ကျက်စားနေရှာတဲ့တောနေ သတ္တ ဝါတွေကိုမမြင်ကွယ်ရာကနေအကာအကွယ်လုံခြုံမှုအပြည့်ယူပြီး၊ ခြောင်းမြောင်းကာသေစေနိုင်တဲ့ဓား၊လှံ၊ လေးမြား ၊ သေနတ်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးကြပါတယ်။ အပစ်ခံရတဲ့သတ္တဝါထိမှန်ပြီး သေကြေသွားတယ်ဆိုရင်ပစ်သတ်တဲ့မုဆိုးအတွက်ဂုဏ်ယူဝမ်းမြော က်ကြပါတယ်။ ချီးမွမ်းထောမနာပြုကြပါတယ်။ကမ္ဘာဦးအစကျောက်ခေတ် လူသားတွေရဲ့ ဓလေ့တစ်ခုကို ယနေ့တိုင် ထိန်းသိမ်းထား တဲ့ပုံစံပါပဲ။ ကျောက်ခေတ်တုန်းကတော့ နေစရာက ကျောက်ဂူ ထဲမှာ၊ စားစရာကတော့ သစ်ဥ၊ သစ်ဖု၊ သစ်သီး နဲ့ တောထဲကသားကောင်တွေပေါ့။ စိုက်ပျိုးစားရမှန်းလည်းမသိသေး၊ မွေးမြူစားရမှန်းလည်းမသိသေးဘဲကိုး၊ အသား စားချင်ရင် အမဲလိုက်ပေါ့။ဒီဓလေ့ထုံးစံက ယနေ့ယဉ်ကျေးလှပါတယ်ဆိုတဲ့ခေတ်ကြီးမှာအချို့ကျန်ရှိနေတုန်း ပဲ။ တော ထဲက ရှားပါး သားကောင်တွေရဲ့ ဘဝရပ်တည်ရှင်သန်ရေး၊ မျိုးဆက်ပြန့်ပွား ရေးတွေကို ခြိမ်းခြောက်နေဆဲပဲ။ အလားတူပါပဲ။ဝဋ်လည်တယ်လို့ပြောရမလား။ အကျိုး ပေးတယ်လို့ပြောရမလားပဲ။ ယနေ့ခေတ် လူတော်တော် များများ ကိုယ့်ကိုယ်ကို အမဲလိုက်နေကြတယ်လို့ တင်စားပြောပါရ စေ။ အသိပညာ၊ ဗဟုသုတ ခေါင်း ပါးမှုကြောင့် လည်းကောင်း၊ ဓနငွေကြေးအင်အား ရှားပါးမှုကြောင့်လည်းကောင်း၊ ရွေး ချယ်စရာ အခွင့်အလမ်း နည်းပါးခြင်းေ ကြာင့်သော်လည်း ကောင်း၊မသမာတဲ့ဝိသမစီးပွားရေးလုပ်ငန်းရှင်များရဲ့အပေါ်ယံ သကာရည်ဖုံးထားတဲ့ ကြော်ငြာ များရဲ့ ဆွဲဆောင်မှုကြောင့် သော်လည်းကောင်း၊ဂုဏ်တုဂုဏ်ပြိုင်များကြောင့်လည်းကောင်း မစားသောက်သင့် တဲ့ ပစ္စည်း၊မသုံးသင့်တဲ့ပစ္စည်းတွေကို ကျည်ဆံအဖြစ်ပြုလုပ်ပြီး ငွေကြေး အကုန်အကျခံကာ သေနတ် ပြောင်း၀ ကိုယ့် ဘက်လှည့်ကာအဆက်မပြတ် မသေမချင်း ပစ် သတ် နေကြပါတယ်။ တားမြစ်ခြင်ဆေးခွေကျည်ဆံများကြောင့် ခြင်ပြေး တယ်ဆိုတဲ့ရလဒ်ရဲ့ဟိုဘက်မှာ သုံးစွဲသူတွေရဲ့  အဆုတ်ထဲ ဝင်ပြီး ရောဂါပေါင်းစုံရကာ အသက်ဆုံးရှုံးကြရလို့၊ ဆေးလိပ် ကျည်ဆံ၊ စီးကရက်ကျည်ဆံ၊ အရက်ကျည်ဆံ၊ ကွမ်းယာ ကျည်ဆံတို့လည်းထို့အတူပါပဲ၊ခဏတာသာယာ မှုရဲ့တစ်ဘက် မှာအဆုတ်ကင်ဆာ၊အသည်းကင်ဆာ၊ အာခံတွင်း ကင်ဆာ ဝေဒနာများခံစားရပြီး ကိုယ့်ကိုယ်ကို အမဲလိုက်ပစ်သတ်နေ ကြပါတယ်။ ကျွတ်ကျွတ်အိတ်၊ ပလပ်စတစ် ဗူးခွက် များထဲ မုန့်ဟင်းခါး၊ လက်ဖက်ရည်၊ ရေနွေးကြမ်းပူပူတွေ လောင်း ထည့်ပြီးသောက်ရင်လည်း ဓာတ်ပြုပြီးကင်ဆာ ဖြစ်စေသတဲ့။ တားမြစ်လုပ်ငန်းသုံးဆိုးဆေးတွေ တဝကြီးစိမ်၊ သုတ် လိမ်းထားတဲ့ အရောင်ဆိုးစားသောက်ကုန် ကျည်ဆံများ၊ မပုပ်မသိုးအောင်တာရှည်ခံအောင်ဓာတုဗေဒဆေးပေါင်းစုံ နဲ့စီမံထားတဲ့စားသောက်ကုန်ကျည်ဆံများ၊ စွန့်ပစ်ဆီ ၊ မြောင်းဆီ၊ အဖန်ဖန်အထပ်ထပ်ကြော်ထားတဲ့ဆီများကို အနည်ထိုင် သန့်စင်ပြီး အနံ့ထည့် ကာပြုပြင်ထား တဲ့ စားသုံးဆီကျည်ဆံများ၊ ကျောင်းသားလူငယ်၊လူရွယ်တွေကိုပစ်မှတ်ထားတဲ့အာဟာရဓာတ်မပါဘဲ အန္တရာယ်ရောဂါ ဘယတွေ တဖြည်း ဖြည်းစုဆောင်းပေးတဲ့ အလွယ်စားသုံး အသင့်စား ျညခေုျ ကျည်ဆံများ၊ အချိုမှုန့်ကျည်ဆံများ၊ သန့်ရှင်းလတ်ဆတ်မှု မရှိတဲ့ ရက်လွန်စားသောက်ကုန်ကျည်ဆံများ၊ မှိုစွဲနေတဲ့ငရုတ် သီးခြောက်၊ မြေပဲ၊ လက်ဖက် စတဲ့ကျည်ဆံများ၊အတုအပပြုလုပ်မှကိုယ့်မိသားစုဝမ်းဝခါးလှတဲ့အချို့ချို့သောစီးပွားရေးသမားများရဲ့အရက်အတု ၊ ဆေးဝါးအတု၊ဘာအတု၊ညာအတုကျည်ဆံများနဲ့အခြားအခြားသောတဖြည်းဖြည်းရောဂါစုဆောင်းဖြစ် ပွား စေတတ် တဲ့ ကျည်ဆံများကို ကျည်အိမ်မှာ ထည့်ပြီး ပြောင်းဝကိုပါးစပ်မှာငုံကာ မိမိကိုယ်ကို မိမိအမဲလိုက် နေကြပါတယ်။ လူဆိုတာ ကိုယ်ကအသာစီးရရင်ပျော်တယ်။ ခွေးချင်း ကိုက်တာတောင် ကိုယ့်ခွေးနိုင်မှကြိုက်တယ်။ အမဲလိုက် တဲ့ နေရာမှာကိုယ်ကသားကောင်ကိုပစ်နိုင်ရင်လက်ခုပ်လက်ဝါးတီးပြီး သြဘာပေးတာ သဘောကျ တယ်။ အဲ.. တစ်ခါတစ်ရံကျား၊ မိချောင်းစသည်တို့ကရွာသားတို့ကျွဲနွားတွေဆွဲလို့ ဆုံးရှုံးရပြီဆိုရင် ကျားသောင်းကျန်း၊ အသားစား မိချောင်း စသဖြင့် အလျင်အမြန်ကင်ပွန်းတတ်ပြီးကာကွယ်ဖို့ နှိမ်နှင်းဖို့ လုပ်ကြ တော့တာပါပဲ။ ရွာစည်းရိုးများလုံအောင်ကာကြဟဲ့၊ဆူးညှောင့်ခလုပ်များချကြဟဲ့၊ကင်းပုန်းများမအိပ်မနေစောင့်ကြဟဲ့၊ လင့်စင်များလည်း ဆောက်ကြဟဲ့၊သံချောင်းတွေလည်းခေါက်ကြဟဲ့၊ လက်နက်ဓား၊လှံ၊ လေး၊ မြားတွေနဲ့ အသင့်နိုးကြား ကြဟဲ့၊ ညအချိန် မတော်မသွားကြ မလာကြနဲ့ဟဲ့၊ နိုးနိုးကြားကြားရှိကြဟဲ့ စ သဖြင့် မိမိကိုယ်ကိုရော အခြားသူများကိုပါသတိဝီရိယရှိဖို့ ကာကွယ်တတ်ကြသလို ရန်ပြုတဲ့သတ္တဝါကို အထူးဝီရိယ ထား စောင့်ကြည့် တတ်ကြပါတယ်။ နှိမ်နှင်း တတ်ကြပါတယ်။ ဒီလိုသားရဲတိရစ္ဆာန်များရဲ့အန္တရာယ်ကျရောက်ပြီ ဆိုရင် ကျားကိုက်၊ မိချောင်းဆွဲ၊ ဆင်ရိုင်းနင်းရင် အသေဆိုးနဲ့ ချက်ချင်းသေတတ်တဲ့အတွက် ဖော်ပြပါ ကြိုတင်ပြင်ဆင် ကာကွယ်မှုများ၊ နှိုးဆော်မှုများ၊ လှုံ့ဆော်မှုများ၊ တန်ပြန် တိုက်ခိုက်မှုများ ချက်ချင်းတုံပြန် ဆောင်ရွက်ရကောင်းမှန်း ကျွန်တော်တို့ လူသားတွေ သိရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအမဲလိုက်ခံနေရမှန်းမသိသူများ၊တစ်နည်းအားဖြင့်စားသုံးရန်မသင့်သောအစာများစားမိခြင်း၊ မသုံးအ ပ်သောလူသုံးကုန်ပစ္စည်းများ သုံး စွဲမိခြင်းဖြင့် လူ့အသက်အန္တရာယ် ချက်ခြင်းမသေသော်လည်း ကိုယ်တွင်း ကလီစာ များတဖြည်းဖြည်းထိခိုက်ခြင်း၊ ရောဂါကျရောက်ပြီး မသိမသာတဖြည်းဖြည်း ဇီဝိန်ခြေသွားတတ်လို့ ချက်ခြင်း တုန့်ပြန် ကာကွယ်ရကောင်းမှန်း မသိကြသေးတာ ဖြစ်ကြပါလိမ့်မယ်။ ဒါကြောင့် ဘာပဲစားစား၊ ဘာပဲသုံးသုံး၊ အဲဒီစားသုံး ကုန်ကို ဝယ်ယူစားသုံးခြင်းမပြုမီ( Ever Suspect) သံသယ အမြဲတမ်းထားပြီး သူ့အပေါ်မှာပါတဲ့သတင်းတွေကို အရင် စားသုံးကြည့်ရမှာဖြစ်ပါတယ်။ဘယ်တုန်းက ထုတ်လုပ် သလဲ၊ယခင်ကသုံးစွဲခဲ့ဖူးသလား၊ပါဝင်ပစ္စည်းတွေကဘာတွေလဲ၊ ဘာတွေနဲ့ဖော်စပ်ထားသလဲ၊ အကျိုးအပြစ် ဘာတွေ ရှိသလဲ၊ တရားဝင်မှတ်ပုံတင်ရှိသလား၊FDA  ၊ကျန်းမာရေး၊ ဆေးဝါးဌာနများရဲ့ အတည်ပြုချက် ရှိသလား၊ ရက်လွန်နေ သလား စသဖြင့် ဖင်ပြန်ခေါင်းပြန်အကြိမ်ကြိမ် စစ်ဆေးစားသုံးမှ တန်ကာကျမှာဖြစ်ပါတယ်။ လူမှန်ရင် အသက်ရှင်ရပ်တည်ရေးအတွက် စားသောက် သုံးစွဲနေရမှာဖြစ်ပါတယ်။ ကိုယ့်ငွေကြေးနဲ့ ကိုယ်ဝယ် ယူပြီး ကိုယ့်ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေမယ်ဆိုရင်တော့ Self-huntingပါပဲ။ စာရေးသူဟာအင်္ဂလိပ်စာကို ထဲထဲဝင်ဝင်နှံ့နှံ့စပ်စပ် တတ်ကျွမ်းနားလည်သူမဟုတ်ပါဘူး။ နည်းနည်းပါးပါး တတ် ယောင်ကားနဲ့ ဖြီးတတ်၊ ဖြန်းတတ်၊ အသက်ကြီးလာတာနဲ့အမျှ လူတကာအပေါ် ဆရာလုပ်ချင်စိတ်ကလေး ပိုပိုတိုးလာတတ် တဲ့ သာမာန်လူတစ်ဦးပါပဲ။ ဒါပေမဲ့ ယခုအထက်မှာတင်ပြခဲ့တဲ့ self-hunting  ဆိုတဲ့ အဓိပ္ပါယ်ကို စားသုံးသူများ အကျိုးစီးပွား ကာကွယ်ရေး ရှုဒေါင့်အမြင်ကနေသဘောပေါက်လက်ခံတယ်ဆိုရင် အောက် ဖော်ပြပါ ဆောင်ပုဒ်များကိုထိရောက်တဲ့ရောင် စုံ ူသါ သလှလှလေးများနဲ့ စားသုံးသူများ၊ လူစည်ကားရာနေရာ ဒေသများ၊ ဈေး၊ ကျောင်းများတွင်ဖြန့်ဝေခြင်း၊ ကပ်ထားခြင်း၊ အသိပညာဆွေးနွေးခြင်းများ ဆက်လက်ပြုလုပ်ကြစေလိုပါ တယ်။ *    Beware of self-hunting. *    Are you self-hunting? *    Are you hunting yourself တကယ်လို့များစားသုံးသူများထဲကတစ်စုံတစ်ယောက်ဟာself-hunting အကြောင်းကို တကယ်သဘောပေါက် နားလည် ပြီးသူ့ပတ်ဝန်းကျင်ကိုလည်း သူသိသလို ပြန်လည်ရှင်းလင်း ပြောပြရာမှ တစ်ယောက်စကား တစ်ယောက် နားနဲ့ စားသုံး သူအကျိုးစီးပွား အကာအကွယ်ပေးရေး အသိပညာများ ပြန့် ပွားတယ်ဆိုရင် စာရေးသူအနေနဲ့ တင်ပြရကျိုးနပ်ကြောင်း ပါဗျာ။