ရန်ကုန်မြို့ကားဈေးကွက်မှာ ယခုလ တတိယပတ်အရောက်တွင်အရောင်းဝယ်အနည်းငယ်အေးနေပြီး စက်မှုဇုန် စလစ်အပ် ကားများနှင့် အက္ခရာနိမ့်ကားလေးအချို့သာအရောင်း အဝယ်ရှိကြောင်း သိရသည်။
မြို့တွင်းရှိခွင့်ပြုထားသောယာဉ် ရောင်းဝယ်ရေးစခန်းများနှင့် အခြားနေရာများတွင်လူဝင်လူထွက်ရှိသော်လည်း၊ အရောင်းအဝယ် မကောင်းလှ ကြောင်း၊ ယာဉ်ဟောင်းအပ်နှံစလစ်များ အဝယ်ကျဲသွားသဖြင့် ဈေးများထပ်မံ ကျဆင်းကာ စက်မှုဇုန်ယာဉ်ဟောင်း စလစ်ဆိုလျှင် ယခင်လဆန်းပိုင်းက ၄၇ သိန်း ၄၈ သိန်းရှိရာမှ
ယခုအပတ်တွင် အမည်ပေါက် ၄၀ သိန်းဝန်းကျင်သို့ပင် ကျဆင်းလာခဲ့ကြောင်း ''၁က'' အက္ခရာ အပ်ကားများလည်း ဈေးကျဆင်းလာပြီး ၅၇ သိန်းမှ ၆၀ သိန်းဝန်းကျင်ကြားတွင် ရှိနေကာ အမည်ပေါက် စလစ်မှာ၆၅ သိန်းအထိ ဈေးကျဆင်းလာကြောင်း၊ တက္ကစီစလစ်မှာ ၅၅ သိန်းကျော်ကျော် ဖြင့်အဝယ်ရှားနေပြီး ရောင်းရလျှင် လည်း ကားအရောင်းပြခန်းများမှသာ ဖြစ်ကြောင်း သိရသည်။ အများစုမှာ အောက်တိုဘာတွင်စတင်လက်ခံသွား မည့်နှစ်(၂၀)သက်တမ်းရှိယာဉ်ဟောင်း များအက္ခရာ စုံအပ်နှံ လက်ခံ ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် ကားဈေးတန်း အပြောင်းအလဲတစ်ခုအား စောင့်ဆိုင်း နေကြသည့် သဘောတွေ့ရပြီး ယာဉ် ရောင်းဝယ်ရေး စခန်းအပြောင်းအရွှေ့ များ၊ ကားများ နေရာချထားမှုနှင့် စခန်း နေရာတွင် ညအိပ်လက် မခံသော ကိစ္စများစသည့်အထွေထွေကိစ္စများကြောင့်အသစ်နေရာများတွင်လည်းယာဉ်အရောင်းအဝယ် ဈေးကွက်အေးနေရ ခြင်းဖြ စ်နိုင်ကြောင်း ဘာတာယာဉ် ဝယ်/ရောင်း အကျိုးဆောင်တစ်ဦး ဖြစ် သူ ကိုမြင့်ကျော်မှ သုံးသပ်ပြသ ည်။
လတ်တလောလှိုင်(ဘာတာ)ယာဉ် ရောင်းဝယ်ရေးစခန်းရှိ ယာဉ်ဝယ်/ ရောင်းအစုအဖွဲ့များသည် နီးစပ်ရာ/ တူရာ အချင်းချင်း ပေါင်းစပ်ပြီး၊ယင်းအနီးနား တစ်ဝိုက်ရှိကားစီးရေ ၂၀ စီး၊ ၃၀စီးခန့်ရပ်နားနိုင်သည့်ခြံဝင်းကျယ် များငှားရမ်း ကာအချိုးကျပူးပေါင်း ထည့်ဝင်ငှားရမ်းပြီးညအိပ်ရပ်နားကာအခက်အခဲကို ဖြေရှင်းကြကြောင်း၊သီရိမင်္ဂလာ ယာဉ်ရောင်း၀ ယ်ရေးစခန်းလည်းယခုလို စည်းကမ်း သတ်မှတ်ချက်မျိုး မကြာမီသတ်မှတ်မည်ဟု သိရှိရပြီး ၎င်း တို့မြို့နယ်တွင် ခြံဝင်း ကျယ်နည်းပါး သဖြင့်မည်သို့ဖြေရှင်းသွားမည် မပြော နိုင်သေးကြောင်း ၎င်းင်းမှ ပြောသည်။