Main menu

Background

ဖရဲသခွားမွှေး တောင်သူတွေဘ၀

Wed, 09/10/2014 - 13:41 -- ydnar

 
ယနေ့ မြန်မာနိုင်ငံမှာ ကျေးလက်ပြည်သူတွေအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရင်း လူမှု စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာစေဖို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ရာ၀ န်ကြီး ဌာန များနဲ့ ချိတ်ဆက်ပြီး နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်

များကို အကောင်အထည်ဖော်နိုင်စေရန် ချမှတ်ထားတဲ့ ကုန် သွယ်ရေးမူဝါဒများနဲ့အညီ ဈေးကွက်စီးပွားရေးစနစ်ကို ဖြေ လျော့မှုမျိုးစုံနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ကဏ္ဍတွေ ထဲ မှာ အောင် မြင်မှုအုတ်မြစ်ချနိုင်ခဲ့တာကတော့ ပြည်ပဈေးကွက်ဝင် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချခြင်း လုပ်ငန်း ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပြည်ပပို့ကုန်သစ်သီးဝလံအဖြစ် ဆီးသီးခြောက်ကို ကနီ၊ ဘုတလင်နဲ့ဒီပဲယင်းမြို့နယ်တွေမှာစိုက်ပျိုးထုတ်လုပ်နေကြသလိုစိန်တစ်လုံး၊ရင်ကွဲစတဲ့သရက်သီးမျိုးစုံကို စစ်ကိုင်း မြို့ နယ်မှာ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိတာ တွေ့ရပါတယ်။ တရုတ် ဈေးကွက်ဝယ်လိုအား ကျယ်ပြန့်လှတဲ့ ဖရဲနဲ့ သခွားမွှေးကို တော့စစ်ကိုင်း၊ မုံရွာ၊ဘုတလင်မြို့နယ်တွေမှာကျဲကျဲနဲ့ ချောင်းဦး မြို့နယ်မှာခပ်စိပ်စိပ် စိုက်ပျိုးထုတ် လုပ်လျက် ရှိတာ တွေ့မြင်ရပါတယ်။ ဒီလိုအောင်မြင်နေတဲ့ ပြည်ပပို့ကုန် သစ်သီးဝလံတွေထဲကအရင်းအနှီးကများ၊ နည်းပညာကကျယ်ဝန်း သလော က် စိုက်ပျိုးသူတွေများ၊ စိုက်ဧကတွေ တိုးချဲ့လာတာ စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် ဘဝတူတောင်သူများ သတင်း အချက် အလက်ဖလှယ်ရယူနိုင်စေ ဖို့ ချောင်းဦးမြို့နယ်က ဖရဲသခွား မွှေး အဓိကစိုက်ပျိုးထွက်ရှိရာ မကျည်းခွ၊ တောေ ကျာင်းကြီးနဲ့ငါးလုံးတင်ကျေးရွာအုပ်စုတွေနဲ့ စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာက တောင်သူတွေရှိရာအရောက် လှမ်း ပြီး မေးမြန်းရ သမျှ ဖောက်သည်ချလိုက်ရပါတယ်။ ချောင်းဦးမြို့နယ်မှာ ဖရဲမျိုးစုံကို နွေ၊ မိုး၊ ဆောင်း သုံး ရာသီကျေးရွာအုပ်စုငါးစုအတွင်း ဧက ၃၀၀၀ ကျော် စိုက်ပျိုးခဲ့ ကြသလို၊ သခွားမွှေးမျိုးစုံ သုံးရာသီလုံး ကျေးရွာအုပ်စု ခုနစ်စု အတွင်းဧက ၅၀၀၀ ကျော် စိုက်ပျိုးခဲ့ကြတယ်လို့ ကိန်း ဂဏန်း တွေအရ သိရပါတယ်။ စိုက်ပျိုးကြတဲ့ ဖရဲ အမျိုးအစားအနေနဲ့ သက်နု ၁၆၈ နဲ့သက်ရင့် ၈၅၅၊ ၂၁၁(အမဲသီး)မျိုးတွေ အစိုက် များပြီး စိုက်ပျိုးထုတ်လုပ်စရိတ်အနေနဲ့ မိုးစိုက်တစ်ဧက ၇ သိန်းခန့်နဲ့ ဆောင်းစိုက် တစ်ဧက ၁၂ သိန်းခန့်ရှိပြီး၊ မိုးစိုက် ဖရဲအနေနဲ့ တစ်ဧက အပင် ၂၀၀၀ ခန့်စိုက်ကာ အသီး ၂၀၀၀ ခန့်ရှယ် ထုတ် လုပ်ပြီး မူဆယ်ဈေးကွက်တင်ပို့ရာမှာ တစ်ဧက ကျပ်သိန်း ၂၀ မှ ၃၀ ကြားဝင်ငွေရရှိပြီး အကျိုးအမြတ်အနေနဲ့ တစ်ဧက ကျပ် ၄ သိန်းမှ၁၅သိန်းထိ မူဆယ်ပေါက်ဈေးနဲ့ စိုက်စရိတ်ပေါ်မူတည်ကာရရှိခဲ့တယ်လို့ ငါးလုံး တင်ကျေးရွာ က ဖရဲတောင်သူတွေက ပြောပါတယ်။ ချောင်းဦးနယ်က ဖရဲတောင်သူတွေအနေနဲ့ ယခင်နှစ် တွေက ဒေသခံယာမြေတွေကို ငှားရမ်းစိုက်ပျိုးခဲ့ကြတဲ့ တရုတ်ပညာရှင်တွေထံကအစေ့မဲ့ဖရဲစိုက်ပျိုးနည်းပညာကိုလုပ်သားအဖြစ်နဲ့ရယူခဲ့ကြပြီး ကိုယ်တိုင်စမ်းသပ် စိုက်ခဲ့ရာ မှ ယခု အခါ ဧကရာချီပြီး အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ပြီ ဖြစ် ကာ မနှစ်က ဆောင်းရာသီမှာ အစေ့မဲ့ဖရဲစိုက် ခဲ့ရာ တစ်ဧက ကျပ် ၁၅ သိန်းဝန်းကျင် စိုက်စရိတ်ကုန်ကျပြီး၊ ဝင်ငွေ ကျပ် သိန်း ၄၀ ခန့်ရရှိခဲ့တယ်လို့ မင်းခေါင်ကျေး ရွာ ဖရဲတောင်သူ တွေက ဆိုပါတယ်။ မုံရွာမြို့နယ်မှာတော့ ဘိုမြင့်သူ အပါအဝင် သစ်သီး ကုမ္ပဏီများကသာ အစေ့မဲ့ ဖရဲကို ဧက ၁၀၀၀ ခန့် မြေငှား စိုက်ပျိုးကြပြီး၊ အကျိုးအမြတ်ကတော့ မူဆယ်ဈေးကွက်ပေါ် မူတည်ကာ အနည်းအများ ခံစားရတယ်လို့ စိုက်ကွင်း တာဝန်ခံ များက ပြောပါတယ်။ ချောင်းဦးမြို့နယ်မှာ ဆောင်းသခွားမွှေး စိုက်ပျိုးထုတ် လုပ်မှုအနေနဲ့ ကျေးရွာအုပ်စု ခုနစ်စုအတွင်းတောင်သူ ၁၆၀၀ ဦးခန့်မှ ဧက ၅၀၀၀ ခန့် စိုက်ပျိုးလျက်ရှိပြီး၊ မကျည်းခွကျေးရွာ အုပ်စု၊ မင်းခေါင်ကျေးရွာ တစ်ရွာတည်း မှ တောင်သူ ၄၀၀ ဦးခန့်ကသခွားမွှေးဧက ၂၀၀၀ နီးပါး အများဆုံး စိုက်ပျိုး လျက်ရှိရာ တစ်မြို့နယ်လုံးစိုက်ဧကရဲ့ ၄၀ ရာခိုင်နှုန်း ရှိတယ်လို့ သခွားမွှေးဧက ၇၀ တစ်ဦးတည်းစိုက်ပျိုးမယ့်တောင်သူကြီး ဦးသန်းဦးက ပြောပါတယ်။ မင်းခေါင်ရွာနဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက်က နွေစိုက် သခွားမွှေးကိုတော့ အကျိုးအမြတ်ထက် ဒေသခံမိမိ အလုပ် သမားတွေ အလုပ်အကိုင်မပြတ်စေရေး ဦးစားပေး စိုက်ပျိုး ကြခြင်းဖြစ်ပြီး ၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်စရိတ်ဟာ ကိုယ်ပိုင်ယာဆိုရင် ၈ သိန်းကနေ ၁၀ သိန်းဝန်းကျင်သာ ကုန်ကျကာ၊ အရည်အသွေးကောင်းတဲ့ အသီးတွေကို မူဆယ်ဈေးကွက် တင်ပို့ကာ ကျန်အသီးတွေကိုတော့ မန္တလေးဈေးကွက်နဲ့ မုံရွာ- ပခုက္ကူလမ်းမ မင်းခေါင်ရွာထိပ်က သစ်သီးဆိုင်တန်းများဆီ လက်ကားဈေးနဲ့ တင်ပို့ရောင်းချနိုင်တဲ့အတွက် ဒေသခံရွာသူ တွေအလုပ်အကိုင်အခွင့် အလမ်း ရရှိစေတာ တွေ့ရပါတယ်။ မူဆယ်ဈေးကွက်ကိုသာ အဓိက ရည်ရွယ်စိုက်ပျိုးကြတဲ့ ဆောင်းသခွားမွှေးကိုတော့ တရုတ်အကြိုက် ပိုက်ကွက်၊ ဆင် ရွှေနဲ့ ဖရဲသခွားမျိုးတွေ အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကစိုက် ပျိုးထုတ်လုပ်စရိတ်ဟာ တစ်ဧကအနည်းဆုံး ကျပ်သိန်း၂၀မှ အများဆုံးကျပ်သိန်း၃၀ ထိ ကုန်ကျကာ မူဆယ်အရောက် ထုပ်ပိုး သယ်ယူခ အပါအ ဝင် ဖြစ်တယ်လို့ တိုင်းသစ်သီးဝလံ အသင်း ဒုတိယဥက္ကဋ္ဌဖြစ်သူ မင်းခေါင်ရွာက တောင်သူကြီး ဦးစောမြင့်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဆောင်းတွင်းပိုင်းမှာ မူဆယ်သခွားမွှေးဈေးကွက်ဈေးအတက်အကျများတဲ့အတွက် ဈေးကောင်းမီသူတွေက ပိုမိုအကျိုးအမြတ်ရရှိခဲ့ပြီး တောင်သူ အများစုဟာတစ်ဦးအနည်းဆုံး၁၀ဧကခန့်ပိုင်ဆိုင်ကာ သြဂုတ် လမှ အောက်တို ဘာလထိ အဆက်မပြတ်ဆုတ်တက် စိုက်ပျိုး ခဲ့ကြလို့ သစ်သီးပေါ်ချိန်ကြာမြင့်တာေ ကြာင့်ဈေးကွက်ကောင်း နဲ့မလွဲကြုံတွေ့ရပြီးအကျိုးအမြတ်ရရှိကြလို့သာတစ်နှစ်ထက် တစ်နှစ် သခွားမွှေးစိုက်ဧကတွေ အခုလိုတိုးလာခြင်းဖြစ် တယ် လို့ မင်းခေါင်ရွာက သခွားမွှေးအစုအဖွဲ့ ဥက္ကဋ္ဌ၊ တောင်သူ ဦးခင်ဌေးက ပြောပါတယ်။ အခုလိုချောင်းဦးမြို့နယ်က ဖရဲသခွားမွှေးတောင်သူတွေရဲ့ အကျိုးအမြတ်သတင်းစကားတွေကြောင့် ထမင်းမစားရ ဘဲအားရှိခဲ့တဲ့သတင်းသမားအနေနဲ့စစ်ကိုင်းမြို့နယ်ဆင်တပ်ကျေးရွာဖရဲစိုက်တောင်သူတွေနဲ့တွေ့မှပီတိအဖုံ --- ကြေ ကွဲ ကုန်ရပါပေါ့----။ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာမှာ ဖရဲစိုက်တောင်သူ ၃၀၀ ဦးရှိပြီး၊ ဧက ၇၀၀ စိုက်ပျိုးခဲ့ရာ တစ်ဧက ကျင်း ၈၅၀၊ အပင်၁၇၀၀  စိုက်ပျိုးကြောင်း၊ တစ်ဧက ဖရဲသီးအလုံး ၅၀၀၀ ထွက်ပြီး၊ ရှယ်သီး ၂၀၀၀ ရကာ တရုတ်ပြည်ကို တစ်တန် ၁ ဒသမ ၈ သိန်းကျပ်နှုန်း တင်ပို့ရောင်းချရာ တစ်ဧက ကျပ်၂၃ ဒသမ ၄ သိန်းရရှိကြောင်း၊ ပယ်သီးအလုံး ၃၀၀၀ ကို ပြည် တွင်းဈေးတစ်လုံး ၁၀၀ ကျပ်နှုန်းနဲ့ ရောင်းချရကာ စုစုပေါင်း တစ်ဧက ၂၇ သိန်းနီးပါးဝင်ငွေရရှိပြီး တစ်ဧက ကုန်ကျ စရိတ်ကကျပ် ၂၈ သိန်းခန့်ရှိတဲ့အတွက် တစ်ဧက ကျပ် တစ် သိန်းကျော်ရှုံး တယ် လို့ ဒေသခံဖရဲစိုက်တောင်သူတွေက ဆိုပါ တယ်။ ချောင်းဦးမြို့နယ်က ဖရဲစိုက်ကျေးရွာတွေနဲ့ စစ်ကိုင်း မြို့နယ်က ဆင်တပ်ကျေးရွာဟာ အကွာအဝေးအားဖြင့် မိုင် ၅၀၀န်းကျင်သာရှိပေမဲ့တစ်နယ်ကမြတ်ပြီး တစ်နယ်ကရှုံးရခြင်းဟာအဖြေရှိတဲ့ ပုစ္ဆာတစ်ပုဒ်လို့ မြင်မိ တွေးမိလေ့ လာ ကြည့်လိုက်တော့ အခုလိုတွေ့ရပါတယ်။ မုံရွာနယ်မှာ တရုတ်ပညာရှင်တွေ မြေငှားစိုက်ပျိုးတဲ့ အစေ့မဲ့ဖရဲ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်ဟာ ၁၅ သိန်းခန့် ရှိပြီး၊ ချောင်းဦးမြို့နယ်က ရိုးရိုးဖရဲနဲ့ အစေ့မဲ့ဖရဲ တစ်ဧကစိုက် ပျိုး စရိတ်ဟာ ၇ သိန်းမှ ၁၂ သိန်းထိရှိရာ၊ စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာက ဖရဲစိုက်တောင်သူတွေရဲ့ တစ်ဧက ကုန် ကျစရိတ်က၂၈ သိန်းဆိုတော့ ၁၃ သိန်းဝန်းကျင် ကွာဟနေ တာ တွေ့ရပါတယ်။ ဒီကွာဟချက်တွေရဲ့အခြေခံဇာစ်မြစ်ကိုရှာဖွေတဲ့အခါအခုလိုတွေ့ရပါတယ်။အဓိကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်သက်သာလာစေမဲ့စက်မှုလယ်ယာစနစ်ကို မကျင့်သုံးနိုင်သေး ခြင်း၊ ပြည်ပဈေးကွက် ဝင်မဲ့ဖရဲမျိုး ကို ဈေးကွက် လိုအပ်ချိန်တွက်ချက်ထုတ်လုပ်မှုအားနည်းခြင်း၊ကုန်ကျစရိတ်သက်သာရန်သွင်းအားစုပစ္စည်းတွေကို  လက် ကားဈေး နဲ့ဝယ်ယူသုံးစွဲမှုအားနည်းခြင်း၊ မူဆယ်-ဆင်တပ် ခရီးဟာ -မူဆယ်-ချောင်းဦးခရီးထက်ပိုနီးပေမဲ့ သယ်ယူခနှုန်းသ က်သာမှုမရှိခြင်းစတာတွေအပြင်ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ပေမဲ့ဖရဲစိုက်ပျိုးသူ တောင်သူအချင်းချင်းနည်း ပညာ၊ အရင်းအနှီး ဈေးကွက်စတာတွေကို တိုင်ပင်ဆွေးနွေးအကောင်အထည်ဖော် စေမဲ့ အသင်းအဖွဲ့ မရှိသေးခြင်း ဟာ ဆုံးရှုံးခြင်းရဲ့ အဓိက အချက်လို့ တွက်ဆရပါတယ်။
 
ချောင်းဦးမြို့နယ်မှာဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှာ အသင်းဝင်ရာကျော်ရှိသလို မင်းခေါင်ကျေးရွာကတောင်သူဦးစောမြင့်ဟာ ဒုဥက္ကဋ္ဌ တာဝန်ထိတက်ကြွစွာပါဝင်နိုင်ခဲ့ပြီးကျေးရွာအလိုက်ဖရဲစိုက်ပျိုးသူများအစုအဖွဲ့သခွားမွှေးစိုက်ပျိုးသူများအ အဖွဲ့ တွေဖွဲ့ ကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနဲ့ချိတ်ဆက်ပြီးသစ်သီးဝလံစိုက်ပျိုးနည်း ပညာပေးသင်တန်းများ တက်ေ ရာက်ြ ခင်း၊အကြီးစားထွန်စက်ကြီးများကို ပုဂ္ဂလိက ဘဏ်များနဲ့ ချိတ်ဆက်ကာ အရစ်ကျဝယ်ယူ အသုံးပြုနိုင်ခြင်း၊ စိုက်ပျိုးချိန် မှာလိုအပ်တဲ့စရိတ်အတွက်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဇေယျာပဒေသာဖောင်ဒေးရှင်းမှ ပံ့ပိုးချေးငွေ ထုတ်ယူနို င်ခြင်း၊ မူဆယ်ကုန်တင်ဖို့ ကုန်တင်ယာဉ်များ ဝယ်ယူရန်ပုဂ္ဂလိကဘဏ် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်များနဲ့ ဆက် သွယ်ခြင်းစတဲ့စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့အင်အားအပြည့်နဲ့စွမ်းဆောင်ေ နကြပြီဖြစ်ပါ တယ်။ ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အဓိက ရင်ဆိုင်ကြရတဲ့ မူဆယ် ၁၀၅ မိုင်ကုန်စည်ဒိုင်မှာ သစ်သီးပွဲစားနဲ့ ဖြတ်တဲ့ ဈေးနှုန်းကို တရုတ်ပြည် (ဝမ်တိန်)နဲ့ (ကြယ်ဂေါင်)တို့မှာ ပစ္စည်းအပ်ငွေချေတဲ့အခါ သစ်သီး အရည် အသွေးကိုထပ်မံအကြောင်းပြပြီး ဈေးနှိမ်ငွေချေခြင်းဟာ တောင်သူတွေအထိနာဆုံးလို့ သိရပါတယ်။ ဒါကြောင့်ဒီစိန် ခေါ်မှုကို ကျော်လွှားနိုင်ဖို့ ရောင်းကုန်သစ်သီးတွေမူဆယ်မှာ ဈေးကွက်စောင့်ချိန်အတွင်း အရည်အသွေးမထိခိုက်စေရန်အအေးခန်းသိုလှောင်ရုံများရှိစေချင်တယ်လို့ တောင်သူ အများစုက ဆန္ဒပြုကြပါ တယ်။ ယနေ့နိုင်ငံတော်က ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် ပြုပြင်ပြောင်းလဲမှုများစွာနဲ့ အရှိန်အဟုန်မြှင့် ဆောင် ရွက်ပေးချိန်မှာစစ်ကိုင်းတိုင်းဒေသကြီးရဲ့ ပြည်ပဝင်ငွေရှာဖွေပေးနေကြတဲ့ဖရဲသခွားမွှေး တောင်သူတွေ အနေ နဲ့ နောက် ကျမကျန်ခဲ့စေဖို့ တူညီဆန္ဒများနဲ့  အသင်းအဖွဲ့များ အဖြစ်စုစည်းကာ ခိုင်မာအောင် လုပ်ဆောင်ကြဖို့ အချိန် တန် ပြီဖြစ်သလို တစ်နိုင်ငံတည်းဈေးကွက်မှ တစ်ကမ္ဘာလုံးဈေး ကွက်အထိ တိုးချဲ့တင်ပို့နိုင်ဖို့ ကမ္ဘာ့အဆင့်မီ စိုက်ပျိုး နည်း ပညာမျိုးကောင်းမျိုးသန့်နဲ့စနစ်တကျကောင်းမွန်တဲ့ သွင်းအား စုတွေသုံးစွဲကာ စိုက်ပျိုးတောင်သူအားလုံး အမြန် ဆုံး ဖလှယ် ပြုပြင်ပြောင်းလဲကျင့်သုံးကြမှသာလျှင် လိုချင်တဲ့ အမြတ်နဲ့ ရင်ဘတ်ထဲက အပြုံးကို အတိုဆုံးသော ကာလ အတွင်းမှာ ဖရဲသခွားမွှေးတောင်သူတွေ သိမ်းကြုံးပိုင်ဆိုင်နိုင်မှာ ဖြစ် ပါကြောင်း---။