Main menu

Background

နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများ အားတတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု (Third Wave)လုပ်ငန်းစဉ်အရ မြန်မာ့စီးပွားရေးဖိုရမ် လုပ်ငန်းစဉ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Wed, 09/10/2014 - 15:00 -- ydnar

နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများအားတတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု (Third Wave)လုပ်ငန်းစဉ်အရ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များကိုနိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီရင်ဘောင်တန်းပြီးမြှင့် တင် ဆောင်ရွက်နိုင်ရေးအတွက် Private Public Dialogueလုပ်ငန်းစဉ်နဲ့မြန်မာ့ စီးပွားရေးဖိုရမ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်ရာတွင်ပိုမိုအဆင်ပြေ ချောမွေ့စေရန်ရည်ရွယ်ပြီးကုန်သွယ်ရေး နှင့်စီးပွားရေးမြှင့်တင်ရေးအထူးလုပ်ငန်း အဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် International Finance Corporation (IFC) တို့ ပူးပေါင်း၍ကျင်းပတဲ့ မြန်မာ့စီးပွားရေးဖိုရမ်လုပ်ငန်းစဉ်အလုပ်ရုံ ဆွေးနွေးပွဲအား စက်တင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်
ကုန်သွယ်ရေးနှင့် စီးပွားရေးမြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့အတွင်း ရေးမှူး၊စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊Delivery Units ဆပ်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ရွှေ၊ အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်၊  International Finance Corporation၊ ကမ္ဘာ့ ဘဏ်၊ Australlian Aid , UK Aidနှင့် ဗီယက်နမ်နိုင်ငံမှပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးလုပ်ငန်း အဖွဲ့Working Group အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲ၌ အထူးလုပ်ငန်းအဖွဲ့ ၊ အတွင်းရေးမှူး ဒေါက်တာ ပွင့်ဆန်းက အမှာစကားပြောကြားရာ တွင် နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများအားတတိယအဆင့်အရှိန်မြှင့်တင်ဆောင်ရွက်ရာ၌လက် ရှိ ဆောင်ရွက်က်ရှိသောကုန်သွယ် ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ဖြေလျော့သင့်သည်များကို ဖြေေ လျာ့ ခြင်း၊ အားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သော်လည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် အညီရင်ေ ဘာင် တန်းပြီး မြှင့်တင် ဆောင်ရွက်နိုင်ဖို့အတွက် ကုန်သွယ်ရေး နှင့် စီးပွားရေး

လုပ်ငန်းများ မြှင့် င် ရေးအထူး လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းထား ပါကြောင်း၊ အစိုးရဌာနဘက်မှ ကဏ္ဍ အလိုက် ဖွဲ့စည်းထားသော လုပ်ငန်း အဖွဲ့များနဲ့ ပုဂ္ဂလိကကဏ္ဍဘက်မှ မြန်မာ့စီးပွားရေးဖိုရမ်အတွက်ကဏ္ဍအလိုက်ဖွဲ့စည်းထားသောအဖွဲ့များကို ယခုဖွဲ့စည်း ထားေ သာအထူးလုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့ဦးဆောင်ပြီး (၂)ပတ်တစ်ကြိမ် ပုံသေ သတ်မှတ်ရုံးဖွင့်ထား တဲ့နေရာမှာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း၊ ချမှတ်သင့်သည့် မူဝါဒများချမှတ်ခြင်း၊ လွယ်ကူ ထိရောက်စွာအေ ကာင် အထည် ဖော်မည့် အစီအစဉ်ရေးဆွဲ ခြင်းတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အထူးလုပ်ငန်းအဖွဲ့ရဲ့ ရုံးလုပ်ငန်း အဖွဲ့များကို နေပြည်တော်နဲ့ ရန်ကုန်မှာ အခြေစိုက်ထားရှိသွားမှာဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်း များမြှင့်တင်နိုင်ဖို့ အတွက်ကုန်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသာမကအခြားအရေးကြီး သောလုပ်ငန်းများဖြစ်တဲ့ လယ်ယာ ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားလုပ်ငန်း ကဏ္ဍ။SMEs လုပ်ငန်းများကဏ္ဍ၊ အခြေ အဆောက်အဦ နှင့် စွမ်းအင် ကဏ္ဍ၊ဘဏ္ဍာရေးကဏ္ဍနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစတဲ့လုပ်ငန်းများပါတိုးတက်မှသာစီးပွား ရေးလုပ် ငန်းတစ်ရပ်လုံးတိုးတက်လာမှာ ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးအတွက်ဖွဲ့စည်းထားသော ပုဂ္ဂလိကကဏ္ဍ ဆပ်ေ ကာ်မတီ Working Group ၇ ခုအပြင် ကဏ္ဍအသီးသီးမှာဖြစ်ပေါ်နေ တဲ့ အခက်အခဲများ အတားအဆီးများ ကို ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးညှိနှိုင်း ဖြေရှင်းမှုများ ဆောင်ရွက်သွားနိုင်ဖUMFCCI Working Group ၂၉ ခုကို လည်းဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီး/ွပည်နယ် များ ၊ နယ်စပ်ကုန်သည်များ အသင်း၊ ကုန်စည်ဒိုင်တွေမှာWorking Group တွေဖွဲ့ပြီးတော့ ဆောင်ရွက်သွားမှာဖြစ် ကြောင်း၊ ဒီအထူးလုပ်ငန်း အဖွဲ့အနေနဲ့ Working Groupတွေနဲ့ ပုံမှန်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီး ကုန် သွယ်မှုနှင့် စီးပွားရေး လုပ်ငန်းများမှ တွေ့ကြုံရတဲ့အခက်အခဲအတားအဆီးများကို Private Public Dialogue  မှ ဖြေရှ င်းဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်ကမ္ဘာ့ဘဏ်နှင့်ဗီယက်နမ်နိုင်ငံမှကျွမ်းကျင် ပညာရှင်များကစာတမ်းငါးစောင် အား ဆွေးနွေးတင်ပြကြရာအလုပ်ရုံ ဆွေးနှေးပွဲ တက်ရောက်လာသူများက သိရှိ လိုသည် များအား မေးမြ ဆွးနွေး ကြ သည့်အပေါ်စာတမ်းရှင်များမှပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး အလုပ်ရုံ ဆွေး နွေးပွဲကို ညနေ ၄း၃၀ နာရီတွင် ရုပ် သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။