Main menu

Background

အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ

Mon, 09/22/2014 - 14:40 -- ydnar

၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်မည့် အာဆီယံစီးပွားရေး အသိုက်အဝန်း ပေါ်ပေါက်ရန် အချိန်နီး ကပ်လာသည်နှင့်အမျှ ရှုထောင့်အသီးသီး မှAFTA, AE တို့နှင့် ပတ်သက်၍ ပူပန်မှုများ၊ ထင်မြင်ယူဆချက်များကို ဂျာနယ် များတွင် ပိုမို ဖတ်ရှုလာရပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ အာဆီယံသို့ ဝင်ရောက်ရာ တွင် ပြင်ဆင်ခဲ့ရပုံ၊ စီးပွားရေးလုပ်ငန်းရှင်များဘက်မှ ကာလကြာရှည်စွာရပ်တည်ကာကွယ်ပေးခဲ့ပုံ၊ပြည်သူများနှင့်စီးပွားရေး လုပ်ငန်းရှင်များသို့အသိပညာပေး လှုံ့ဆော်ခဲ့ပုံ များကို အောက် ဖော်ပြပါ ခေါင်းစဉ်တို့ဖြင့် တင်ပြလိုပါသည်-

(၁)    မြန်မာနိုင်ငံ၏ စီးပွားရေး နောက်ခံနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် ဈေးကွက် စီးပွားရေးစနစ်ကို ကျင့် သုံးခြင်း၊(၂)    အာဆီယံအဖွဲ့သို့ ဝင်ရောက်ခြင်း နှင့်AEC ထူထောင် ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ (၃)    ယှဉ်ပြိုင်မှုမှ ရရှိသော အကျိုးကျေးဇူး Competitive Advantage  ကို ကျင့်သုံးခြင်း၊(၄)    အကာအကွယ်ပေးခြင်း သီအိုရီအရ စီးပွားရေး လုပ် ငန်းရှင်များကို အကာအကွယ်ပေးခဲ့ပြီး ယခုအချိန်တွင် အများပြည်သူအကျိုးစီးပွားအတွက် အကာအကွယ် ပေးမှုကို လျော့ချရန် လိုအပ်လာခြင်း၊(၅)    မြန်မာနိုင်ငံမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊(၆)    မြန်မာနိုင်ငံ၏ အခွင့်အလမ်းများ၊(၇)    မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများ၊(၈)    မြန်မာနိုင်ငံမှ ပြင်ဆင်မှုများ၊(၉)    ပြည်သူများသို့ အသိပညာဖြန့်ဝေခြင်း၊မြန်မာနိုင်ငံ၏ စီးပွားရေး နောက်ခံနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခြင်း
 
မြန်မာနိုင်ငံသည်၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဗဟို ချုပ်ကိုင်သည့် စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ပြီး စီးပွားရေး လုပ်ငန်းများကို ပြည်သူပိုင်အဖြစ် ထိန်းသိမ်းခဲ့ပါသည်။ ဤစနစ်အရ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှုအားနည်းခဲ့၍ ကုန်ပစ္စည်း များရှားပါးခဲ့ပြီးပြည်သူများ၏များပြားလှသောလိုအပ်ချက်များကိုဖြည့်ဆည်းရန်အတွက်မှောင်ခိုဈေးကွက်ပေါ်ပေါက်ခဲ့ပါ သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ ဈေးကွက်စီးပွားရေးစနစ် ကို စတင် ကူးပြောင်းခဲ့ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ် ခေါ်ခဲ့ခြင်း၊ ပြည်တွင်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကို လည်းရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန် အားပေးခြင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှုရရှိရန်ပံ့ပိုးကူညီခြင်းများပြုလုပ်ခဲ့သဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍသည်တစ်စထက်တစ်စ ပိုမိုဖွံ့ဖြိုး တိုး တက်လာခဲ့ပါသည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်စတင်ခဲ့သည့် နိုင်ငံတော်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့ သည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်(၄) ခုအနက် စီးပွားရေးပြုပြင်ပြောင်းလဲမှု နှင့်Economic Reformနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် မှု ပြုပြင်ပြောင်းလဲမှု  Private Sector Development Reformများကိုပြုလုပ်ခဲ့သဖြင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုး တက်မှု ပိုမိုရရှိ စေရန်ဆောင်ရွက်ပေးလျက်ရှိပါသည်။အာဆီယံအဖွဲ့သို့ ဝင်ရောက်ခြင်းနှင့် AEC ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း မြန်မာနိုင်ငံသည် ကမ္ဘာ့အသိုက်အဝန်းသို့ ဝင်ရောက်နိုင် ရန် ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံသို့ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝင်ရောက်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလအတွင်း ကွာလာလမ်ပူမြို့၌ ကျင်းပသော ဒုတိယအကြိမ် အာဆီယံအလွတ်သဘော ထိပ်သီးအစည်းအဝေးတွင်အာဆီယံကို တည်ငြိမ်သော၊ အောင်မြင်ကြွယ်ဝသော၊ ယှဉ်ပြိုင်မှုစွမ်း အား မြင့်မားသော၊ အချိုးညီညီစီးပွားရေးဖွံ့ဖြိုးတိုးတက်သော၊ဆင်းရဲနွမ်းပါးမှုနှင့်လူမှုစီးပွားရေးကွာခြားမှုနည်းပါးသော ဒေသကြီးဖြစ် လာေ စ ရန် အာဆီယံမျှော်မှန်းချက်၂၀၂၀ (ASEAN Vision 2020) ကို ကြေညာခဲ့ပါသည်။ ၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပ ပြုလုပ်ခဲ့သည့် (၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်အာဆီယံအသိုက်အဝန်း (ASEAN Community)တည်ထောင်ရန် သဘောတူ သည့် အာဆီယံ သဘောတူစာချုပ်-၂ ကြေငြာစာတမ်းDeclaration of ASEAN Concord II or Bali Concord II ကို နိုင်ငံ့ခေါင်းဆောင်ကြီးများကလက်မှတ်ရေးထိုးထုတ်ပြန်ပါသည်။ အာဆီယံအသိုက်အဝန်း (ASEAN Community) ကို အာဆီယံ လုံခြုံရေးအသိုက်အဝန်း  (ASEAN Security Community - ASC) ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community - AEC) နှင့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း(ASEAN Socio- Cultural Community - ASCC) မဏ္ဍိုင် (၃) ရပ်ဖြင့် တည်ထောင်ရန် ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ ကျင်းပသည့် (၁၂)ကြိမ်မြောက်အာဆီယံထိပ်သီး အစည်း အဝေး၌အာဆီယ မျှော်မှန်းချက် ၂၀၂၀  (ASEAN Vision 2020) နှင့် အာဆီယံကွန်ကော့ -၂ (ASEAN Concord- II)တို့တွင် ရည်မှန်းထားသည့်အတိုင်းအာဆီယံ အသိုက် အဝန်းတည်ထောင်မှုကို ရှေ့တိုး၍ ၂၀၁၅ ခုနှစ်တွင် တည်ထောင်ရန် ကတိကဝတ်ပြုခဲ့ပြီးစီဘူးကြေငြာချက် Cibu Declaration ကိုလက်မှတ်ရေးထိုးခဲ့ ပါသည်။အထူးသဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အဝန်းကို တည်ထောင် နိုင်ရန်အတွက် တွန်း အား ပေးရန်နှင့် အာဆီယံဒေသကို ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အရင်းအနှီး များ လွတ် လပ်စွာ စီးဆင်းနိုင်ရန်၊အတတ် ပညာ ရှင်များ၊ အသိ ပညာရှင်များနှင့် ကျွမ်းကျင် လုပ်သားများလည်း ပိုမိုလွတ်လပ် စွာ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သွားရောက် လုပ်ကိုင်နိုင်သည့် ဒေသဖြစ်ရေး ထူထောင်ရန် သဘောတူခဲ့ကြပါသည်။ အာဆီယံ စီးပွားရေး အသိုက်အဝန်းသည် အာဆီယံ ရည်မှန်းချက် ၂၀၂၀ ပါ စီးပွားရေးပေါင်းစည်းမှု၏ အမြင့်ဆုံးရည်မှန်းချက် ဖြစ်ပါသည်။ အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်ရာတွင် အာဆီယံအနေဖြင့် ပွင့်လင်း၍ ပြင်ပရှုမျှော် သော  (Outward Looking) မူဝါဒကို ကျင့်သုံးပါသည်။ ယှဉ်ပြိုင်မှုမှရရှိသော အကျိုးကျေးဇူး (Competitive Advantage)  ကို ကျင့်သုံးခြင်း စီးပွားရေးပညာသီအိုရီအရ ယှဉ်ပြိုင်သည့်အခါ မိမိ ဘက်မှ အသာစီးရနိုင်သည့် အနေအထားများ ရှိပါက ယင်း အခြေအနေကိုရရှိအောင်ရယူနိုင်လျှင် မိမိတို့အတွက် အကျိုး ဖြစ်ထွန်းနိုင်ခြေရှိပါသည်။ Competitive Advantage ကို အဓိကအား ဖြင့်(၂)မျိုးခွဲခြားနိုင်ပါသည်။ Comparative Advantage နှင့် Differential Advantage ဖြစ်ပါ သည်။ မိမိတို့၏ထုတ်ကုန် Product (သို့မဟုတ်) ဝန်ဆောင်မှုServices သည် မိမိပြိုင်ဘက်နိုင်ငံများနှင့် ယှဉ်ပါ က အရည်အသွေးတူညီပြီး ကုန်ကျစရိတ်နည်းနည်းဖြင့် ထုတ်လုပ်နိုင်ပါက နှိုင်းယှဉ်အကျိုးကျေးဇူးComparative Advantage  ရရှိ နိုင်ပါသည်။ ထို့အတူ မြန်မာနိုင်ငံမှထွက်ရှိသော ကုန်ပစ္စည်းနှင့် ဝန် ဆောင်မှု၏ အရည်အသွေးသည်အခြားနိုင်ငံများ၏ ကုန် ပစ္စည်းနှင့် ကွဲပြားပြီး ထူးထူးခြားခြား အရည်အသွေးကောင်း မွန်ပါကလည်း ီ Differential Advantage ရရှိ နိုင်ပါ သည်။ အာဆီယံဒေသတွင် မြန်မာနိုင်ငံ၏အားသာချက်ရှိသော ကဏ္ဍများမှနေ၍ နှိုင်းယှဉ် အကျိုးကျေးဇူးရရှိရေးအတွက် ကြိုးစားရန်ဖြစ်ပါသည်။ မိမိတို့ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ကဏ္ဍများကို ယှဉ်ပြိုင် ထုတ်လုပ် ရောင်းချရန် မဟုတ်ပါ။အကာအကွယ်ပေးခြင်းသီအိုရီအရစီးပွားရေးလုပ်ငန်းရှင်များကို အကာ အကွယ်ပေးခဲ့ပြီး ယခုအချိန်တွင် အများပြည် သူ အကျိုးစီးပွားအတွက် အကာအကွယ်ပေးမှုကို လျော့ချရန် လိုအပ်လာခြင်း မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန် ဆောင်မှု ကဏ္ဍများမှ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို အကာအကွယ်ပေးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့် ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာကိုယ်စားလှယ်များသည် အာဆီယံစီးပွားရေးဆိုင်ရာ အစည်းအဝေးများတွင် စီးပွားရေးလုပ်ငန်းရှင်များ ဘက်မှ ခိုင်ခိုင်မာမာရပ်တည်ပေးသကဲ့သို့ မြန်မာနိုင်ငံအတွင်း AFTA အကြောင်း သိထားသင့်သည့် အချက်များ၊ ကြိုတင်ပြင်ဆင်သင့်သည့်အကြောင်းအရာများကိုစီးပွားရေးလုပ်ငန်းရှင်များ၊ဌာနဆိုင်ရာများ၊ ကျောင်းသူ ကျောင်းသား များ အတွက် ဆွေး နွေးပွဲများ၊Workshop များကို ရန်ကုန်တွင်သာမကနယ်မြို့ ကြီးများတွင်လည်းကောင်း၊မြန်မာနို င်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်သင့်လျော်ရာနေရာများတွင်လည်းကောင်းအကြိမ်ကြိ မ်ပြုလုပ်ေ ပးခဲ့ပြီးသတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြားတို့မှလည်း အသိပညာပေး ဖြန့်ဝေခဲ့ပါ သည်။ သို့ရာတွင်အကာအကွယ်ပေးခြင်း Protectionကို စီးပွားရေးလုပ်ငန်းရှင်များအားတစ်သက်လုံး အမြဲ တမ်း ဆောင်ရွက်ပေးရန်မဟုတ်ပါ။တစ်ဘက်မှလည်း ပြည်သူလူထု၏ ရွေး ချယ်မှုPublic Choice၊ ပြည်သူလူထု ၏စားဝတ်နေရေး လူ နေမှုအဆင့်အတန်းမြင့်မားလိုမှု People Needsကိုလျစ်လျူ ရှု၍မရပါ။ ပြည်သူလူထု ၏ရွေးချ ယ်မှု Public Choiceကို အကာအကွယ်ပေးခြင်း Protection ဖြင့်ဟန့်တားပါက မှောင်ခိုဈေး ကွက် ပြန်လည်ဖြစ်ေ ပါ်လာဦးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အနေအထားသည် ကျွန်းနိုင်ငံမဟုတ်ပါ။ ကုန်းတွင်း နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသော နိုင်ငံများနှင့် နယ်စပ်ဂိတ်များရှိပါသည်။ အစိုးရအနေဖြင့်ပြည်ပမှ ရောက် ရှိလာမည့် အရည်အသွေးကောင်း မွန်သည့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကိုပိတ်ပင်ထားပါက အရည်အသွေး ကောင်းမွန်သောကုန်စည်များကို သုံးစွဲလိုသည့် ပြည်သူများ၏ လိုအပ်ချက်အရ နယ်စပ်မှ တရားမဝင်တင်သွင်းသည့် မှောင်ခို ပစ္စည်းများ ပြန်လည် ဦးမော့လာမည် ဖြစ်ပါသည်။ ထို့အတူပြည်တွင်း၌ ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လုပ်ငန်းများ၏အရည်အသွေးညံ့ဖျင်းပါကဝန်ဆောင်မှုကောင်းကောင်းခံယူလိုသော ပြည်သူများသည် ပြည်ပနိုင်ငံ များသို့ သွားရောက်၍ ဝန်ဆောင်မှု ခံယူလျက်ရှိသကဲ့သို့ အနာဂတ်တွင်လည်း သွား ရောက်ဦးမည်ပင်ဖြစ်ပါသည်။ ဤသို့ဆိုပါက နိုင်ငံတော်မှ နိုင်ငံခြားငွေများ ပြည်ပသို့ စီးထွက်မည်ပင်ဖြစ်ပါသည်။ ပြည်ပသို့ သွားရောက်၍ ဝန်ဆောင်မှု မခံယူနိုင်သည့် ပြည်သူ များအနေဖြင့်လည်း ညံ့ဖျင်းသော ဝန်ဆောင်မှုများကိုသာ ဈေးနှုန်းကြီးကြီးပေး၍ ခံယူနေရဦးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍နိုင်ငံတော်သည်အများပြည်သူများ၏ အကျိုး စီးပွားကိုလည်း ကြည့်ရှုရဦးမည် ဖြစ်ပါသည်။ အချိန်ကြာမြင့်စွာ ပြည်တွင်းလုပ်ငန်းရှင်များအားကာကွယ်ပေးခြင်းဖြင့် အောက်ပါဆိုးကျိုးများပေါ်ပေါက် လာ နိုင်ပါ သည်-(က)     ပြည်တွင်းလုပ်ငန်းများ စွမ်းရည် ပြည့်ဝခြင်းမရှိတော့ဘဲ ပြည်သူများ အရည်အသွေးမပြည့်မီ သော ကုန်ပစ္စည်း များသာအသုံးပြုရခြင်း၊ ညံ့ဖျင်းသော ဝန်ဆောင်မှုများ သာရရှိခြင်း၊(ခ)     အစိုးရတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခြင်း၊ ပံ့ပိုးသလောက် အကျိုးမပြုနိုင်ခြင်း၊(ဂ)     နိုင်ငံခြားမှ သွင်းကုန်များကို ကန့်သတ်သဖြင့် ပြည်ပ နိုင်ငံများမှလည်း မိမိနိုင်ငံပို့ကုန်များ အပေါ် တန်ပြန် ကန့်သတ်မှုများ ပြုလုပ်လာနိုင်ခြင်း၊(ဃ)     ပြည်ပမှ မသွင်းမဖြစ်သွင်းရသည့် ကုန်ပစ္စည်းများ အတွက် အကောက်ခွန်ကောက်ခံခြင်းဖြင့် ယင်း ပစ္စည်း များ၏ ဈေးနှုန်းမြင့် တက်သွားနိုင်ပြီး ပြည်တွင်း လုပ်ငန်း ရှင်များနှင့် ပြည်သူများ ဈေးကြီးပေးဝယ်ယူရခြင်း၊(င)    တိုင်းပြည်၏စွမ်းအားစု (Resources) များကို အကာအကွယ်ပြုပေးရသောကဏ္ဍအတွက် ဦးစားပေး အသုံး ပြုလိုက်ရခြင်း၊ ဆိုလိုသည်မှာအကာအကွယ်ပေးခြင်း ခံရသည့်ကဏ္ဍမှလုပ်ငန်းများအနေဖြင့် ပိုမို ရပ်တည် လာ နိုင်ပြီး ထွက်ကုန်များပိုမိုထုတ်လုပ်လာနိုင်သဖြင့် ယင်းကဏ္ဍသို့ သွင်းအားစုများ ရောက်ရှိသွားခြင်း၊(စ)    အကာအကွယ်ပေးခြင်းခံရသည့်လုပ်ငန်းများ ကြီးထွားလာသဖြင့် ၎င်းလုပ်ငန်းများတွင် ပြည်သူ အများ အပြား အလုပ်အကိုင်ရရှိလာပြီးအနာဂတ်တွင် အကာအကွယ်ပေးမှုများပယ်ဖျက်ရန် အခက်အခဲ ရှိလာ နိုင်ခြင်း၊ အဘယ်ေ ကြာင့် ဆိုသော်အကာအကွယ် ပေးမှုများပယ်ဖျက်သည့် အချိန်ပြည်ပမှ သွင်းကုန် အများအပြား တင်သွင်း လာခြင်းေ ကြာင့် ယှဉ်ပြိုင် နိုင်ခြင်းမရှိသည့်အခါအဆိုပါလုပ်ငန်းများ ကျဆင်းလာပြီး အလုပ်လက်မဲ့ ပြဿနာ များ ပေါ်ပေါက် လာနိုင်ခြင်း၊(ဆ)    အကာအကွယ်ပေးခြင်းခံရသည့် လုပ်ငန်းများသည်ပင်လျှင် ကုန်ကြမ်းများ၊ စက်ပစ္စည်းများကို ပြည်ပမှ တင် သွင်းရပါကအကောက်အခွန်နှုန်းမြင့်မားသဖြင့် ဈေးကြီး ပေးဝယ်ယူရခြင်း၊(ဇ)    သွင်းကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်း တိုးမြှင့် သဖြင့် ဈေးနှုန်းမြင့်မားလာသောကြောင့် စားသုံးသူများ ၏သက်သာချောင်ချိမှုလျော့နည်းသွားပြီးပစ္စည်း အနည်း ငယ်သာ ဝယ်ယူနိုင်တော့ခြင်း၊(ဈ)    စားသုံးသူများအနေဖြင့် ကုန်စည်များကို အနည်းငယ် သာ ရွေးချယ်နိုင်မှုရှိတော့ခြင်း၊(ည)    ကုန်ထုတ်လုပ်ငန်းများကို အထောက်အပံ့ (Production Subsidies) ပေးထားပါက ယင်းအထောက်အပံ့ များကို ကာမိစေရန် အစိုးရမှ အခွန်များ(Taxes) ပိုမို ကောက်ခံရခြင်း၊(ဋ)    ကုန်သွယ်မှုလျော့ကျခြင်း။