Main menu

Background

အေ၊ ဘီ၊ စီ၊ ဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုဝင် ဖိနပ်ခိုးတာနင်ဟု လှောင်ပြောင်ခံခဲ့ရသော အခြေအနေမှ ဖြတ်သန်းလာခဲ့ရခြင်း

Mon, 09/29/2014 - 13:47 -- ydnar

စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုတွင် ပြည်ပမှ ဝယ်ယူတင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းများတွင် ဝယ်သူနှင့် ရောင်းသူ နှစ်ဦးအကြား နားလည်မှုဖြစ်စေရန် အင်္ဂလိပ်ဘာသာ (English Language ) ကိုဆက်သွယ် မှု ဘာသာအဖြစ်အသုံးပြုကြသည်။ ဥရောပတွင် အင်္ဂလိပ်ဘာသာထက်ပြင်သစ်၊ ဂျာမနီဘာသာ များကဆက်သွယ်

မှုအတွက် ပိုမိုအသုံးပြုကြသည်။ ထို့အတူ တရုတ်၊ ဂျပန်၊ ကိုရီးယားဘာသာများသည်လည်း စီးပွားရေးလုပ်ငန်းများ တွင် ဆက်သွယ်မှု အတွက် အရေးပါလာသည့် ဘာသာစကားများဖြစ်လာကြပါသည်။ ဥပမာအားဖြင့် မူဆယ်တွင် တရုတ်ဘာသာစကား နားလည်ပြောဆို နိုင်မှုမရှိလျှင် ရောင်းရေး ဝယ်တာ လုပ်ငန်း ဆောင်ရွက်ရန် ခက်ခဲပေမည်။ အမေရိကန်၊ အင်္ဂလန်အခြေစိုက် ကုမ္ပဏီများနှင့် ဆက်သွယ်ရောင်းဝယ် မှုလုပ်ငန်းများတွင်၊ အင်္ဂလိပ်ဘာသာသည် မရှိ မဖြစ်လိုအပ်လာပါသည်။ အရှေ့တောင်အာရှ နိုင်ငံအများစုတွင် စီးပွားရေးလုပ်ငန်း ဆက်သွယ်ဆောင်ရွက်မှု အ တွက် အင်္ဂလိပ်ဘာသာကို အသုံးပြုကြပါသည်။ စီးပွားရေး အချက်အချာကျသော စင်ကာပူနိုင်ငံတွင် အင်္ဂလိပ်ဘာ သာကိုအသုံးများကြသည်။
 
ကျွန်တော်တို့ခေတ်ကာလတွင် အစိုးရကျောင်းများသည် အင်္ဂလိပ်ဘာသာကို ဘာသာရပ်တစ်ခုအဖြစ် အ လယ်တန်းအဆင့် စတင်သည့် ၅ တန်းမှ  အထက်တန်းကျောင်းအဆင့်၁၀တန်းအထိ၊ သင်ကြားခဲ့ကြရပါသည်။ ယ ခုဖော်ပြချက်များသည်အင်္ဂလိပ်ဘာသာရပ်နှင့်ပတ်သက်၍လက်တွေ့ဘဝအတွေ့အကြုံများကိုအခြေခံပြီး ပြန်လည် တင်ပြထားခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ၁၉၆၉ခုနှစ်တွင် ၁၀တန်းအောင်မြင်ခဲ့ပါသည်။ ကျွန်တော့်ဇာတိသည် ပုသိမ်မြို့ဖြစ်ပါသည်။  ကျွန်တော်ငယ်ရွယ်စဉ် မူလတန်းကျောင်းသားအရွယ်က ပုသိမ်မြို့တွင် အမှတ်(၁) အစိုးရ အ ထက်တန်းကျောင်းနှင့် အမှတ်(၂) အစိုးရအထက်တန်းကျောင်းဟူ၍ (၂) ကျောင်းရှိပြီး ခရစ်ယာန်သာသနာပြုများ မှဖွင့်လှစ်သည့် ကျောင်းနှစ်ကျောင်းရှိပါသည်။တစ်ကျောင်းမှာခရစ်ယာန်ဘုန်းကြီးနှင့်မယ်သီလရှင်များဖွင့်လှစ်သောေ ကျာင်းဖြစ်ပါသည်။ ယောက်ျားလေး များသည် ၄ တန်း အထိသာ ယင်းကျောင်းကို တက်ခွင့်ရပြီး၊ ၅တန်း အဆင့် မှ ၁၀တန်းထိ၊ မိန်းကလေးများသာ လက်ခံသည့်ကျောင်း ဖြစ်သည်။ယင်းကျောင်းမှ၄တန်းအောင်သော ယောက်ျားလေး များသည် အေဘီအမ်ခေါ်သော ခရစ်ယာန်သာသနာပြုကျောင်းသို့ ပြောင်းရွှေ့ကြပါသည်။ ခရစ်ယာန်ဘုန်းကြီးနှင့် မယ်သီလရှင်များ ဖွင့်လှစ်သောကျောင်းကို လူသိများပြီး အာစီအမ်ကျောင်းဟုယောကျ်ား ေ လးများသည် ရှပ်အင်္ကျီလက်တို၊ နက်ကတိုင်အနီ၊ ရှုးဖိနပ်အနက်၊ ခြေစွပ်အဖြူ၊ နေ့စဉ်ဝတ်ဆင်ကြရပါသည်။ မိန်း ကလေးများသည်၊ အင်္ကျီအဖြူ၊ စကပ်ဒူးဖုံး အပြာ၊ရှုးဖိနပ်အနက်၊ ခြေစွပ်အဖြူကို နေ့စဉ်ဝတ်ဆင်ကြရသည်။ ကျွန်တော် တို့တက်သော အစိုးရအထက်တန်းကျောင်းအမှတ်(၂)ကို (အမျိုးသားကျောင်း) နေရှင်နယ်ကျောင်းဟု လူ သိများပါသည်။ မူလတန်းအဆင့်တွင် ကြိုက်ရာဝတ်ဆင်နိုင်ပြီး ၅တန်း ရောက်မှသာ၊ ပုဆိုးအစိမ်း၊ ရှပ်အင်္ကျီ အဖြူ ကို စတင်ဝတ်ဆင်ကြရသည့်ကာလဖြစ်ပါသည်။
ခရစ်ယာန်ဘုန်းကြီးနှင့်မယ်သီလရှင်များဖွင့်လှစ်သောကျောင်းမှာမူလတန်းစတက်သည့်အရွယ်ကပင် ကျောင်း တွင်အင်္ဂလိပ်နာမည် ရရှိပါတော့သည်။ ကျွန်တော်တို့ရပ်ကွက်မှ ငွေကြေးတတ်နိုင်သော ကုန်သည်တစ်ဦး၏ အမည် မှာ ဦးသန်းစိုးဖြစ်ပြီး သူ၏သမီးအမည်မှာ မဝင်းမေဖြစ်ပါသည်။ ခရစ်ယာန်ဘုန်းကြီးနှင့် မယ်သီလရှင်များ ဖွင့်လှစ် သာ ကျောင်းကိုတက်သောအခါ၊ ကျောင်းတွင် ရူဘီသန်းစိုး (Ruby Than Soe) ဖြစ်သွားပါတော့သည်။ ထို့အတူ ငပုတောမြို့သည် ပင်လယ်ဘက်တွင်တည်ရှိသောမြို့ဖြစ်ပြီး ပတ်ဝန်းကျင်ရွာများသည် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် ထွက်သော ဒေသများဖြစ်သဖြင့် ယင်းဒေသမှ ဦးဖိုးတုတ်သည် အရောင်းအဝယ်ပြုလုပ်ရန် ပုသိမ်မြို့ရှိ ကျွန်တော်တို့ ရပ်ကွက်တွင်အိမ်ဝယ်ပြီး ပြောင်းရွှေ့လာခဲ့ပါသည်။ သူ၏သားအမည်မှာ ဝင်းသိန်းဟုခေါ်ပြီး ခရစ်ယာန် ဘုန်းကြီးနှင့် မယ်သီလရှင်များဖွင့်လှစ်သော ကျောင်းကိုတက်သောအခါကျောင်းတွင် ဒေးဗစ်ဖိုးတုတ် (David Phoe Toke) ဖြစ် သွားပါတော့သည်။ ရပ်ကွက်ထဲတွင် ကစားဖော် သူငယ်ချင်းများဖြစ်ကြသဖြင့် ယင်းတို့ပြန်ပြောချက် အရသူတို့ အင်္ဂ လိပ်နာမည်များကိုသိရသော်လည်း အင်္ဂလိပ်လိုမည်သို့ ရေးသည်ကိုမသိရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် တက်သော အစိုးရအထက်တန်းကျောင်းသည်၊ ၅ တန်းရောက်မှ အင်္ဂလိပ်စာ စတင်သင်ကြားရပြီး (A, B, C, D) ကို ၅ တန်း ရောက်မှ စတင် ရေးသားသင်ကြားခဲ့ရသည့်ကာလဖြစ်ခဲ့ပါသည်။ ယင်းတို့တက်သော ကျောင်းများသည် လစဉ် ကျောင်းလခပေးရပြီး တစ်လ ၃၀ ကျပ်ပေးရသည်ဟု ရူဘီသန်းစိုးနှင့် ဒေးဗစ်ဖိုးတုတ်တို့က ပြောကြပါ သည်။ ခေါက်ဆွဲကြော်တစ်ထုပ်သည် ငွေတစ်ကျပ်သာရှိသည့် ကာလဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့တက်သော အစိုးရကျောင်းသည် လစဉ်လခ ပေးစရာမလိုဘဲ ကျောင်းအပ်ချိန်တွင်စေတနာရှိသ၍ မိဘဆရာအသင်း ရန်ပုံငွေသာ ထည့်ရသည့် ကာလဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့သည် ကစားဖော်များဖြစ်ကြသဖြင့် ခရစ်ယာန်ဘုန်းကြီးနှင့် မယ်သီလရှင်များ ဖွင့်လှစ်သောကျောင်းကိုတက်သော ရူဘီသန်းစိုးနှင့် ဒေးဗစ်ဖိုးတုတ်တို့က အစိုးရအထက် တန်းကျောင်းတွင် ကျောင်းတက်သောကျွန်တော်တို့အား၊ ဘုန်းကြီးကျောင်းသားများဟု နောက်ပြောင်ကြပြီး တစ်ခါ တစ်ရံ၊ အေ၊ဘီ၊စီ၊ဒီမတတ်ဘဲနဲ့ အရပ်ထဲကိုဝင်၊ ဖိနပ်ခိုးတာနင်ဟု လှောင်ပြောင်ကြပါသည်။ ကျွန်တော်တို့ကလည်း ရူဘီသန်းစိုးအား ရူးပြီးသန်းစိုးဟုလည်း ကောင်း၊ ဒေးဗစ်ဖိုးတုတ်အား ဒေးဗစ်ချိုးရုပ်ဟုလည်းကောင်း ဘူးရို၊ ဘိုရူးဟုလည်းကောင်းပြန်လည်လှောင် ပြောင်ကြပါသည်။   မူလတန်းအဆင့် ၄ တန်းအောင်မြင်ပြီး ၅ တန်းရောက်သောအခါမှသာ အင်္ဂလိပ်ဘာသာကို စတင် သင်ကြားရပြီး အေ၊ ဘီ၊ စီ၊ ဒီကို လေးကြောင်းမျဉ်းပေါ် တွင် လက်ရေးလှစတင်ရေးသားရပါတော့သည်။ ဆရာမက အင်္ဂလိပ်လိုအသံထွက်ပြသောအခါ ကျွန်တော်တို့သည် မြန်မာဘာသာဖြင့် ရေးမှတ်ထားပြီး အသံထွက်ကြပါသည်။ ဥပမာ-ဆရာမက (Go) ကို အသံထွက်ပြသောအခါ ကျွန်တော်သည် ခဲတံဖြင့် မြန်မာလို (ဂိုး) ဟု အသံ ထွက်ရေးမှတ်ပြီး ဂိုး ဟု အသံ ထွက်ပါတော့သည်။ အင်္ဂလိပ်စာစကားလုံး တစ်လုံးကို မြင်ပါက မည်သို့အသံထွက် ရမည်ကို မသိခဲ့ပါ။ ဆရာမ ကအသံထွက်ပြသော အခါမှသိပြီးအသံထွက်ကို မြန်မာလိုလိုက်မှတ်ပြီး အင်္ဂလိပ်လို အသံထွက်ရသည့် အခြေအနေဖြစ်ပါသည်။ အင်္ဂလိပ်စာသင်သော ဆရာ၊ ဆရာမများကလည်း မည်သည့် အတွက်ကြောင့် ဤသို့အင်္ဂလိပ်လို ရေးရသည်ဟုလည်း ရှင်းမပြကြပါ။ကျွန်တော်တို့ခေတ်ကာ လက ၉တန်းတွင် ( Empty Drum)  စာအုပ်ကိုသင်ကြားရပါသည်။ ဆရာမသည် ယင်းစာအုပ်ပါအကြောင်းအရာများကို အင်္ဂလိပ်လို တစ်ကြောင်း ချင်းဖတ်ပြပြီး မြန်မာလိုဘာသာပြန်ပြပါသည်။ ထို့နောက်ကျောက် သင်ပုံးပေါ်တွင်မေးခွန်းအတို(short question)နှင့် အဖြေများ၊မေးခွန်းအရှည် (long question) နှင့်အဖြေများကို ရေးသားပေးပါသည်၊ ကျွန်တော်တို့ သည် လိုက်လံရေးမှတ်ပြီး အလွတ်ကျက်ရသည့် အခြေအနေဖြစ်ပါသည်။ ကျွန်တော်တို့ခေတ်ကာလက၊ ၉ တန်း စာမေးပွဲကို၊ တန်းမြင့်ကျောင်းထွက်စာမေးပွဲဟု ခေါ်ဆိုပြီး တစ်နိုင်ငံလုံးအတွက်မေးခွန်းတစ်ခုတည်းဖြင့် ထုတ်ဝေဖြေ ဆိုရသဖြင့် အစိုးရစစ်စာမေးပွဲဟု လူသိများပါသည်။ ၁၀ တန်းစာမေးပွဲကို တက္ကသိုလ်ဝင်စာမေးပွဲဟုခေါ်ဆိုကြပြီး တစ်နိုင်ငံလုံး အ တွက် မေးခွန်းတစ်ခုတည်းဖြင့် ထုတ်ဝေဖြေဆိုရသဖြင့် အစိုးရစစ်စာမေးပွဲဟု လူသိများပါသည်။ ၉ တန်း စာမေးပွဲ (တန်းမြင့်ကျောင်းထွက်စာမေးပွဲ)အောင်မြင်ပါက အစိုးရရုံးများတွင် စာရေးအဆင့် ရရှိနိုင်ပြီး မူလတန်းဆရာအလုပ်လည်းရနိုင်သည့်ခေတ်ကာလ ဖြစ်ခဲ့ပါသည်။ ကျွန်တော်သည် ၉တန်း စာမေးပွဲ (တန်းမြင့်ကျောင်းထွက်စာမေးပွဲ) ကို ၁၉၆၇ ခုနှစ်တွင် ဖြေဆိုခဲ့ရပါသည်။ အင်္ဂလိပ်သဒ္ဒါ (Grammar) သိရှိရန် အားထားဖတ်ရသော စာအုပ်မှာ အရှင်သုမန (B.A) ရေးသားထုတ်ဝေသော နည်းသစ်အင်္ဂလိပ်သဒ္ဒါ(New Method English Grammar)စာအုပ်ဖြစ်ပါသည်။ တစ်အုပ်ဝယ်ရသောဈေးမှာ ၆ ကျပ် ဖြစ်ပါသည်။ ယနေ့ခေတ် လူငယ်များသိသာ ထင်ရှားအောင် ပြောဆိုရပါက လက်ဖက်ရည်တစ်ခွက်သည်တစ်မတ်(၂၅ပြား) ဖြစ်ပြီး တစ်ကျပ် သည် လက်ဖက်ရည်လေးခွက် ဝယ်သောက်၍ရသည့် ခေတ်ကာလဖြစ်ခဲ့ပါသည်။ ငွေ၆ကျပ်တန်ဖိုးသည်များပြား လှသော ငွေကြေးပမာဏဖြစ်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ကျွန်တော်သည် ၉ တန်း စာမေးပွဲ(တန်းမြင့်ကျောင်းထွက် စာမေးပွဲ) အောင်မြင်သဖြင့် ၁၉၆၈ ခုနှစ်တွင် ၁၀ တန်း စာမေးပွဲ (တက္ကသိုလ် ဝင်စာမေးပွဲ)ကိုဖြေဆိုခဲ့ ပါသည်။ အောင်စာရင်းတွင်(ခ) အဆင့် တွင်ပါ လာသဖြင့် တက္ကသိုလ်တက်ရောက် ခွင့်မရခဲ့ပါ။(က) အဆင့်ဖြင့် အောင်မြင်ရန် ၁၀ တန်းစာမေးပွဲကို ၁၉၆၉ ခုနှစ်တွင် ထပ်မံဖြေဆိုရာ (က)အဆင့်ဖြင့် အောင်မြင်ခဲ့ပါသည်။ ထို့ကြောင့် မန္တလေးတွင် ဖွင့်လှစ်သော  စိုက်ပျိုးရေး တက္ကသိုလ်သို့ ၁၉၆၉ ခုနှစ်တွင်တက်ရောက်ခဲ့ပါသည်။  အင်္ဂလိပ်စာ စကားလုံးတစ်လုံး ကိုမြင်ပါက မည်သို့ အသံထွက်ရမည်ကို မသိခဲ့ဘဲ ၁၀ တန်းစာမေးပွဲအောင်မြင်ခဲ့သော ကျွန်တော်သည် စိုက်ပျိုးရေးတက္ကသိုလ်သို့ တက်ရောက်သောအခါမှ မည်သို့အသံထွက်ရမည်ကို တတ်မြောက်သွားပါတော့သည်။ အင်္ဂလိပ်ဘာသာရပ်ကို ပထမ နှစ်တွင် သင်ရသဖြင့် မည်သို့ အသံထွက်ရသည်ကို သင်ကြားရတော့မှသာ အင်္ဂလိပ်စာစကားလုံး တစ်လုံး ကို မြင်ပါက အလိုအလျောက် အသံထွက် တတ်သွားပါတော့သည်။ ၁၀တန်းစာမေးပွဲ အောင်မြင်ခဲ့သော ကျွန်တော် သည် မြန်မာဘာသာဖြင့်ရေးသားသောအဘိဓာန်(Dictionary)သာသုံးတတ်ပြီးစိုက်ပျိုးရေးတက္ကသိုလ် ရောက်မှသာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသောအဘိဓာန်(Dictionary)  ကို သုံးစွဲတတ်သည့်အဆင့် ဖြစ်သွားပါ တော့သည်။ အင်္ဂလိပ်ရုပ်ရှင်များကိုသာ ကြိုက်နှစ်သက်သဖြင့် ကြည့်ရှုသော်လည်း နားလည်ခြင်းမရှိခဲ့ပေ။ အင်္ဂလိပ်လိုပြောဆိုပါ က နားလည်ခြင်းကို ၁၉၈၁ ခုနှစ်ရောက်မှတတ်မြောက် သွားပါတော့သည်။ ၁၉၈၁ ခုနှစ် မေလတွင် ကျွန်တော် သည်ကံအကြောင်းထောက်မစွာဖြင့် အမေရိကန်နိုင်ငံ၊ ဗားဂျီးနီးယားပြည်နယ်၊ ဂျော့မင်ဆန်တက္ကသိုလ် (George Manson University, Metro campus) တွင် (USAID)မှ ပြုလုပ်သော စိုက်ပျိုးရေးစီမံကိန်းများ စိစစ်သုံး သပ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း (Agri-cultural project analysis and extension) ဘာသာရပ်ကို လအတန် ကြာစွာတက်ရောက်သင်ကြား ခွင့်ရရှိခဲ့ပါသည်။ ကျွန်တော်တို့ကို အဓိက သင်ကြားပေးသော ဆရာအား ကျွန်တော့်အင်္ဂလိပ် စာနားလည်မှုအခြေအနေကို ပြောပြရာ ဆရာက မင်းနေတဲ့ အခန်းမှာ ရုပ်မြင် သံကြားရှိသလား၊ ရှိပါက ကျောင်းမှ ပြန်ရောက်လျှင် တစ်ညလုံး ဖွင့်ထားပါဟုအကြံပေးပါတော့သည်။ အစပိုင်းကာလတွင် ရုပ်မြင် သံကြား တစ်ညလုံး ဖွင့်ထားသော်လည်း အိပ်ပျော်ပါသည်။ နှစ်ပတ်အတွင်း အင်္ဂလိပ်လို အော်ပြောသော အသံများ (Hi men, What’s up, Why not) စကားလုံးအော်သံများကြားပြီး လန့်၍အိပ်ရာမှနိုးတတ်ပါသည်။ ညတိုင်း ရုပ်မြင်သံကြားကို အဆက်မပြတ်ဖွင့်ပြီးအိပ်ရာ၊ တစ်ညတွင် အိပ်မက်မက်ပါတော့သည်။ အိပ်မက်ထဲတွင် အင်္ဂလိပ် လို ပြောနေပါတော့သည်။ ကျွန်တော်သည် စာသင် ခန်းသို့ရောက်သောအခါ ကျွန်တော် ဆရာအား အိပ်မက်ထဲတွင် အင်္ဂလိပ်လို ပြောနေသည်ပြောလိုက်ရာ ကျွန်တော် ဆရာသည်သူ၏နှုတ်ခမ်းမွေးကိုပွတ်ပြီး ကျော်မြင့်မင်း အင်္ဂလိပ် လိုပြောတာကို နားလည်သွားပြီ။ တစ်ညလုံး ရုပ်မြင်သံကြားဖွင့်ပြီး အိပ်စရာမလိုတော့ဟု ပြောပါတော့သည်။ ယခုအခါ နားလည်မှု အလေ့အကျင့်မပြတ်စေရန် ဘီဘီစီ၊ ဗွီအိုအေ အင်္ဂလိပ်ပိုင်း အစီအစဉ်များကို နားထောင်ရပါ သည်။ အင်္ဂလိပ်လိုအသံလွှင့်သော မိုးလေဝသသတင်းကိုနား လည်ပြီဆိုပါကအင်္ဂလိပ်စကားနားလည်မှု အခြေ အနေတိုးတက်လာသည်ဟု ပြောဆိုနိုင်ပါသည်။   ဆရာဦးတက်တိုးထံတွင် အင်္ဂလိပ်စာအရေးအသားကို သင်ယူခဲ့ပါသည်။ ဆရာဦးတက်တိုးသည် အင်္ဂလိပ်-မြန် မာအဘိဓာန်ရေးသားထုတ်ဝေသူဖြစ်ပါသည်။ တစ်ပတ်တစ် ကြိမ်သာ ဆရာနှင့် တွေ့ရပါသည်။မြန်မာဘာသာမှ အင်္ဂလိပ်လိုပြန်ဆိုခြင်း အင်္ဂလိပ်စာသက်သက် ရေးသားခြင်းကို မိမိကြိုက်နှစ်သက် သလိုရေးသားပြီး ဆရာထံ စာအုပ်တင်ရပါသည်။ ဆရာသည် ဖတ်ရှုပြင်ဆင်ပေးပြီး ဘာကြောင့်မှားသည် မှန်သည် မည်သို့ရေးရသည် ကိုပြောပြပါသည်။ ဆရာနှင့်တွေ့စဉ် မိမိသိလိုသော မရှင်းသော အကြောင်းအရာ များမေးနိုင်ပြီးမေးသမျှကို ဖြေ ကြားပေးပါသည်။ ကျွန်တော်သည် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) မှ ဈေးကွက် သတင်းများ ထုတ်ပြန်သည့်လုပ်ငန်း စီမံကိန်းအတွက် လျှောက်ထားသောအခါ ကျွန်တော်အား ၁၉၉၉ခုနှစ်တွင် တစ်နှစ်ငှားရမ်း ခဲ့ပါသည်။ ကျွန်တော် နှင့်အတူတွဲလုပ်သော စိုက်ပျိုးရေးဆိုင်ရာရောင်း ဝယ်မှုစီးပွားရေး ပညာရှင် (Marketing Economist involved in agriculture) မှာ အင်္ဂလန်နိုင်ငံသား ဖြစ်နေသောကြောင့် အင်္ဂလိပ်စာအရေးအသားပိုပြီး တိုးတက် ကောင်းမွန်စေခဲ့ပါသည်။ ကျွန်တော်ရေးသော အင်္ဂလိပ်စာများသည်မြန်မာ ဆန်သည် ဟုပြောပြီး ပြင်ပေးေ လ့ ရှိပါသည်။ ဘာကြောင့်ဘာဖြစ်လို့ရေးတာလဲဟုေ မးမြန်းလေ့ရှိပါသည်။ ကြာလာသောအခါမြန်မာလိုတွေးပြီး အင်္ဂလိပ်လိုရေးသည့် အလေ့အကျင့်ဖြစ်လာပါတော့သည်။ အင်္ဂလိပ်ဘာသာဖြင့်ရေးသော စာများ များများ ဖတ်ရှုရန် လိုအပ်သည်ဟု တိုက်တွန်းအပ်ပါသည်။ အေ၊ ဘီ၊ စီ၊ ဒီ မတတ်ဘဲနဲ့ အရပ်ထဲကိုဝင်၊ ဖိနပ်ခိုးတာနင်” ဟု လှောင်ပြောင်ခံခဲ့ရသော အလယ် တန်း ကျောင်းအစ ၅တန်းရောက်မှ အေ၊ဘီ၊စီ၊ဒီ စတင်သင်ကြားခဲ့ရသော ကျွန်တော်တို့ ခေတ်ကာလက အခြေ အနေကို သတိရမိပါသဖြင့် ယခု ခေတ်လူငယ်များအတွက် ပြန်လည် ဖော်ပြလိုက်ရပါတော့သည်။ တစ်ဆက် တည်းမှာပင် အင်္ဂလိပ်စာသည်လည်း စီးပွားရေးလုပ်ငန်းဆက်သွယ်မှုတွင်အရေးပါသည့် ဘာသာစကားဖြစ်ပါ သည်။ထို့ကြောင့်အထိုက်အလျောက်တတ်ကျွမ်းရန်လိုအပ်သဖြင့် လေ့လာကြိုးပမ်းအားထုတ်ကြပါရန်အကြံပြု ဖော်ပြ အပ်ပါသည်။