အတွဲ(၁၅)အမှတ်(၇)
ဖေဖော်ဝါရီလ ဒုတိယပတ် ပခုက္ကူကုန်စည်ဒိုင်မှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ သီးနှံတွေအနေနဲ့ အမယ်စုံ အရောင်းအဝယ်ဖြစ်တယ်လို့ ပြောရမှာ ပါ။ အရောင်းအဝယ်ဖြစ်တဲ့ သီးနှံတွေ အနေနဲ့ ပဲစင်းငုံနီ၊ ပဲတီစိမ်း၊ ကုလားပဲ ဖြူ၊ ပဲလွန်းပြာ၊ စွန်တာနီ (ကျွန်း)၊ ပြောင်းဖူးစေ့ (စီပီ)၊ ပဲယင်း (ယော)၊ ပဲယင်း (မြစ်ခြေ)၊ နှမ်းဖြူ၊ နှမ်းနက် (ဂွ)၊ မြေပဲတောင့်၊ မြေပဲဆန် စတာတွေ ဖြစ် ပါတယ်။ပဲစင်းငုံနီ ဖေဖော်ဝါရီ ၁ ရက်မှာ တစ်ပိဿာ ၁၂၇၅ ကျပ်၊ (တစ်တင်း ၂၅၅၀၀ ကျပ်) အရောင်းအဝယ်ကနေ ဖေဖော်ဝါရီ ၁၂ ရက်မှာ တစ်ပိဿာ ၁၄၂၀ ကျပ် (တစ်တင်း ၂၈၄၀၀ ကျပ်) ထိ ကြားရက်တွေထဲမှာပဲ တက်ရိပ် တဖြည်းဖြည်း မြင့်လာပြီး၊ တစ်တင်း ၂၈၄၀၀ ကျပ်ထိ ရောက်ခဲ့တာဆိုတော့ တက်ဈေးများနဲ့ အရောင်းအဝယ်ဖြစ် နေတာကို တွေ့ရပါတယ်။ဒိုင်မှာတင် အိတ် ၁၀၀၀၊ ၂၀၀၀ ဈေးပြတ်ပြီး အရောင်းအဝယ် ဖြစ်နေ တာပါ။ ခါတိုင်းက ဒိုင်မှာ အိတ်ရာ ဂဏန်းပဲ ဈေးဖြတ်ပြီး အပြင်မှာ ထပ်မံ ရောင်းကြ၊ ဝယ်ကြပေမယ့် အခုအနေ အထားမှာတော့ ဒိုင်မှာကို အိတ်ထောင် နဲ့ချီပြီး အရောင်းအဝယ် ဖြစ်နေတာဆို တော့ ရန်ကုန်လက်တွေရဲ့ အော်ဒါ၊ ကုမ္ပဏီတွေရဲ့ အော်ဒါ အင်အားများ နေတယ်ဆိုတဲ့ သဘောပါ။ ပစ္စည်းက လည်းရှိနေ၊ ကုမ္ပဏီလက်တွေရဲ့ အော်ဒါကလည်းများ၊ ဒေသခံလှောင် လက်များအနေနဲ့ ထုတ်သင့်ပြီလား၊ ဆက်လှောင်ရမလားဆိုတဲ့ အနေ အထားမှာ ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ စာတစ်ပုဒ်လို ဖြစ်နေပါတယ်။ ကစား မလား၊ နားမလားဆိုတာကိုပါး ဘယ် လိုပဲဖြစ်ဖြစ် ပဲစင်းငုံနီအနေနဲ့ကတော့ အောင်ပန်း ပန်လျက်ရှိနေတယ်ဆိုတာ ကတော့ အမှန်ပါ။
ပဲတီစိမ်း ၂၀၁၅ ခုနှစ် ဖေဖော် ဝါရီ ၁ ရက် တစ်ပိဿာ ၁၆၄၂ ကျပ်၊ တစ်တင်း ၃၁၂၀၀ ကျပ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှာလည်း တစ်ပိဿာ ၁၆၄၂ ကျပ်၊ တစ်တင်း ၃၁၂၀၀ ကျပ် ဈေး အတက်အကျမရှိဘဲ ဈေးတန့်နေတယ် လို့ ပြောရမှာပါ။ ပုံမှန်အရောင်းအဝယ် ရှိနေပြီး၊ မန္တလေး၊ ရန်ကုန်မှထွက်သလို လှောင်လက်များကလည်း ကိုင်နေ တယ်လို့ သိရပါတယ်။ကုလားပဲဖြူ ဖေဖော်ဝါရီ ၁ ရက် တစ်ပိဿာ ၈၁၅ ကျပ်၊ တစ်တင်း ၁၅၅၀၀ ကျပ်၊ ဖေဖော်ဝါရီ ၁၂ ရက် တစ်ပိဿာ ၈၂၆ ကျပ်၊ တစ်တင်း ၁၅၇၀၀ ကျပ်၊ တစ်တင်း အပေါ် ၁၀၀ ကျပ်၊ ၂၀၀ ကျပ်အကွာနဲ့ အရောင်း အဝယ် ဖြစ်နေပါတယ်။ လှောင်လက်၊ ခွဲစက်တွေ မျှဆွဲနေတယ်လို့ သိရပါတယ်။
ပဲလွန်းပြာ ဖေဖော်ဝါရီ ၁ ရက်မှာ တစ်ပိဿာ ၇၄၀ကျပ်၊တစ်တင်း ၁၄၈၀၀ ကျပ်၊ ဖေဖော်ဝါရီ ၁၂ ရက် တစ်ပိဿာ ၆၈၅ ကျပ်၊ တစ်တင်း ၁၃၇၀၀ ကျပ်၊ ပဲလွန်းပြာအနေနဲ့ အဝင်နည်းသလို အရောင်းအဝယ်လည်း ရက်ခြားဖြစ်ပါ တယ်။ ဒေသခံလှောင်လက်တချို့ ဆွဲ လျက်ရှိပြီးဈေးဟာ အကျဘက်မှာ ရှိနေ တာကို တွေ့ရပါတယ်။စွန်တာနီ (ကျွန်း) တစ်ပိဿာ ၇၄၂ ကျပ်၊ တစ်တင်းကို ၁၄၁၀၀ ကျပ်၊ တစ်ပိဿာ ၇၄၇ ကျပ်၊ တစ်တင်းကို ၁၄၂၀၀ ကျပ်၊ စွန်တာနီကျွန်းဟာ ရေ ကျ မြေနုကျွန်းတွေပေါ်မှာစိုက်တဲ့ ကျွန်းဘက်ကထွက်တဲ့ ကုန်ပစ္စည်းဟာ အတက်အကျနည်းစွာနဲ့ လှောင်လက် များဆွဲနေကြကြောင်းပါ။
ပြောင်းဖူးစေ့ စီပီတစ်ပိဿာ ၃၅၅ ကျပ်၊ တစ်တင်း ၆၄၀၀ ကျပ်၊ တစ် ပိဿာ ၃၅၀ ကျပ်၊ တစ်တင်း ၆၃၀၀ ကျပ် ဈေးအတက်အကျ သိပ်မရှိဘဲ တိရစ္ဆာန်အစားအစာအဖြစ် ဆွဲကြပြီး မန္တလေးကို ဆက်ထွက်တယ်လို့ သိရပါ တယ်။
ပဲယင်း (ယော) တစ်ပိဿာ ၈၉၀ ကျပ်၊တစ်တင်းကို ၁၇၈၀၀ကျပ်၊ ပဲယင်း (မြစ်ခြေ) တစ်ပိဿာ ၈၇၅ ကျပ်၊ တစ် တင်းကို ၁၇၅၀၀ ကျပ်၊ ဒေသခံလှောင် လက်၊ ကြာဇံစက်သမားတို့ ဆွဲတယ်လို့ သိရပြီး ဈေးနှုန်းအနေနဲ့ အတက်အကျ သိပ်မရှိတာကို တွေ့ရပါတယ်။နှမ်းဖြူ တစ်ပိဿာ ၁၉၀၆ ကျပ်၊ တစ်တင်းကို ၂၈၆၀၀ ကျပ်၊ နှမ်းနက် (ဂွ) တစ်ပိဿာ ၂၃၃၃ ကျပ်၊ တစ်တင်း ကို ၃၅၀၀၀ ကျပ် လှောင်လက်များဆွဲ ကြပြီး မန္တလေး၊ တရုတ်ဘက်ဆက်ထွက် တယ်လို့ သိရပါတယ်။
မြေပဲတောင့် တစ်ပိဿာ ၁၂၅၀ ကျပ်၊ ၁၃၅၀ ကျပ်၊ ၁၄၅၀ ကျပ်ဈေးမှာ အရောင်းအဝယ်ဖြစ်ပြီး မြေပဲဆန် (ဆီ ဆန်) တစ်ပိဿာ ၁၈၅၀ ကျပ်၊ ၁၉၅၀ ကျပ်၊ မြေပဲဆန် (လုံးဆန်) ၂၁၅၀ ကျပ်၊ ၂၂၅၀ ကျပ် စောစောပိုင်းက မြေပဲဆန် သမားများ တစ်ပိဿာအပေါ် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ထိုးကျသွားတဲ့ အတွက် အတော် ကသိကအောက်ဖြစ် သွားခဲ့ပါတယ်။ ယခုအနေအထားမှာ တော့ မဆိုးပါဘူးဆိုတဲ့အသံတွေ ကြား နေရပါတယ်။ ဘာပဲပြောပြော ပခုက္ကူ ကုန်စည်ဒိုင်ရဲ့ ၂၀၁၅ ဖေဖော်ဝါရီလ လယ် အရောင်းအဝယ်များကတော့ စုံစုံ လင်လင် အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ကုန်ဈေးနှုန်းရဲ့ သဘာ၀ အရ ရောင်းလိုအား ဝယ်လိုအားဆိုတဲ့ အပေါ်မူတည်လို့ ဈေးနှုန်းဆိုတာ တက် ခြင်းကျခြင်းဖြစ်တတ်တဲ့ သဘောတရား တစ်ခုပါ။ဒီအနေအထားမှာတော့ အထိ နာသူ အထိသာသူဆိုတာ ပြောပ လောက်အောင်မရှိဘဲ အရောင်းအဝယ် ပန်းများ ဆက်လက်ပွင့်လန်းနေကြောင်း ပါ။
မြင့်ဦး-ပခုက္ကူ