အတွဲ(၁၅)အမှတ်(၇)
မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက် တီးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဇန်နဝါရီလအဓိကပို့ကုန်များမှာ တစ် သျှူးငှက်ပျော၊ ပြောင်းနဲ့ ကြိမ်တို့ဖြစ်ကြပါတယ်။ အဓိကသွင်းကုန်ကတော့ ဆောက်လုပ်ရေးပစ္စည်းများနဲ့ ယာဉ် ယန္တရားများဖြစ်ကြပါတယ်။ ဇန်နဝါရီ လမှာ ပို့ကုန် ကန်ဒေါ်လာ ၁ဒသမ ၀၈၂ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၈ ဒသမ ၃၈၃ သန်းဆောင်ရွက်နိုင်ခဲ့ သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၉ ဒသမ ၄၆၅ သန်းဆောင်ရွက်နိုင် သ ဖြင့် ယမန်နှစ်အလားတူကာလထက် ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၈၃၇ သန်းနဲ့ သွင်းကုန် ကန်ဒေါ်လာ ၅ ဒသမ ၈၈၆ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး စခန်းမှ သိရပါတယ်။ ပို့ကုန်ပိုင်းမှာ ယမန်နှစ်ကာလတူထက် ပိုမိုရခြင်းမှာတစ်သျှူးငှက်ပျော ပိုမိုတင်ပို့နိုင်ခြင်း ကြောင့်ဖြစ်ပြီး သွင်းကုန်ပိုင်းမှာလည်း ယာဉ်ယန္တရားနဲ့ ဆောက်လုပ်ရေးပစ္စည်း များပိုမိုတင်သွင်းနိုင်ခဲ့တဲ့အတွက်လို့ သိရပါတယ်။
အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ရာ မှာတော့ ကုန်သွယ်မှုပမာဏ အနည်း ငယ်ကျခဲ့ပါတယ်။ ထိုကဲ့သို့ ကျဆင်းရ ခြင်းကတော့ ဇန်နဝါရီလတွင် ဖားကန့်ဒေသမှာ တိုက်ပွဲများဖြစ်ပွားနေမှု ကြောင့် ယာဉ်ယန္တရားများနဲ့ လူသုံး^အိမ် သုံးပစ္စည်းများသွားလာရန် ခက်ခဲတဲ့ အတွက်လို့သိရပါတယ်။ပို့ကုန်ပိုင်းမှာ လည်း သတ္တုတင်ပို့နိုင်ခြင်း မရှိဘူးလို့ လည်း သိရပါတယ်။
MIRT (DCCA)