Main menu

Background

လားရှိုးဈေးကွက်မှာ ပြောင်းအရောင်းအဝယ်ဖြစ်မှုနည်း

Thu, 03/12/2015 - 20:10 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို တရုတ်ဝယ် လက်က ဝယ်လိုအား  အနည်းငယ်  ပြန်လိုက်လာပေမယ့်   အရောင်းအဝယ်ကတော့ သိပ်မသွက်သေးကြောင်း၊ အရောင်း အဝယ်အနေဖြင့် တစ်ပိဿာ ၃၇၀ ကျပ်ဈေးဖြင့်သာ  အရောင်း အဝယ် အနည်းငယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ တရုတ်နှစ်သစ် ကူးပွဲတော်ပြီးကတည်းက ပြောင်းအရောင်းအဝယ်အနည်းငယ် အေးစက်နေကြောင်း ဈေးကွက် အတွင်းမှသိရပါတယ်။