Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အန္တရာယ်ရှိ ခွင့်မပြုစားသောက်ကုန်များ စစ်ဆေးတွေ့ရှိ

Thu, 03/19/2015 - 16:39 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

အန္တရာယ်ကင်းရှင်းပြီး ဘေးကင်း လုံခြုံမှုရှိစေရန်၊ ကျန်းမာရေး အာမခံ ချက်ရှိသည့် အရည်အသွေးကောင်းမွန် သော ကုန်ပစ္စည်းများကို  ယုံကြည်စိတ် ချစွာ သုံးစွဲနိုင်စေရန်၊ စားသုံးသူပြည်သူ များအား အသိပညာ ဗဟုသုတပေး သည့်အနေဖြင့် စားသုံးသူအကာကွယ် ပေးရေးပညာပေးဟောပြောပွဲများကို နေရာပေါင်း(၁၀၁) ကြိမ် ထိဟောပြော ပြီးစီးခြင်း၊ လက်ကမ်းစာစောင်များဖြန့် ဝေပေးခြင်း၊ မီဒီယာများမှတစ်ဆင့် ပြည်သူလူထုသိရှိအောင် အသိပညာ ပေးခြင်းကိစ္စရပ်များကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိပါသည်။   
ထို့ကြောင့် ကူးသန်း ရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာ ရေးဈေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ် များ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၆ ရက် နေ့မှ ၂၈  ရက်နေ့ထိ သုံးရက် ဆက်တိုက် ကွင်းဆင်း၍  မုံရွာမြို့၊ ရွှေဘိုမြို့၊ စစ် ကိုင်းမြိုတို့ရှိ ဈေးများသို့ သွားရောက်ကာ စားသောက်ကုန်ပစ္စည်းများကိုMobile Lab ဖြင့် နမူနာကောက်ယူစစ်ဆေးခြင်း များ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ နမူနာကောက်ယူ စစ် ဆေးရာ မုံရွာမြို့တွင် စားသောက်ကုန် ပစ္စည်းအမယ်ပေါင်း ၁၃၀ မျိုး၊ ရွှေဘိုမြို့ တွင် အမယ်ပေါင်း ၈၀ မျိုး၊ စစ်ကိုင်းမြို့ တွင် ၉၁မျိုး ကောက်ယူစစ်ဆေးခဲ့ပါ သည်။ ထိုသို့ စစ်ဆေးရာ မုံရွာမြို့တွင် ခွင့်မပြုစားသောက်ကုန် သုံး မျိုး၊ ရွှေဘို မြို့တွင် ကိုး မျိုး၊ စစ်ကိုင်းမြို့တွင် ၁၁မျိုး တွေ့ရှိကြောင်း မကြာသေးမီကာလမှ သိရှိခဲ့ရပါသည်။ ထိုစားသောက်ကုန် ပစ္စည်းများမှာ ငါးပိ၊ ချဉ်ဖတ်အမျိုးမျိုး၊ ပဲပြား၊ ချက်နို့ဆီ၊ လက်ဖက်၊ ချင်းလက် ဖက်၊ ဆီတို့ဟူးတို့တွင် အများဆုံးတေ့ွရှိ ရပါသည်။ တွေ့ရှိချက်များမှာ- ငါးပိမှာRhodamine B ၊ ချဉ်ဖတ်အမျိုးမျိုးတွင်Salicyclic Acid  ၊ ပဲပြားတွင် ၤFormalin၊ လက်ဖက်တွင် Auramine O ၊ ချင်းလက် ဖက်တွင် Auramine O ၊ ဆီတို့ဟူးတွင် Salicyclic Acidိ  စသဖြင့် ပါဝင်ကြောင်း စစ်ဆေး သိရှိရပါသည်။
ထိုစစ်ဆေးတွေ့ရှိသည့် စားသောက် ကုန်ပစ္စည်းများနှင့် ရောင်းချလျက်ရှိ သည့် ဈေးဆိုင်များအား အရေးယူနိုင် ရေးအတွက် အနီးကပ်ဆုံး ကျင်းပပြု လုပ်မည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စား သုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
    ကေသီအောင်(စစ်ကိုင်း)