အတွဲ(၁၅)အမှတ်(၁၂)
နိုင်ငံတော်၏ အထူးဘဏ္ဍာရေး အဖွဲ့အစည်းများအတွက် ဖွံ့ဖြိုးရေးရန်ပုံ ငွေထူထောင်မဲ့ဥပဒေမူကြမ်းကို ထိုင်းနိုင်ငံအမျိုးသားဥပဒေရေးအဖွဲ့က အတည်ပြု ပေးခဲ့ကြောင်း နေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။ ဒီလိုအတည်ပြုလိုက်တဲ့ အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ လယ်ယာစိုက်ပျိုးရေးသမဝါယမ ဘဏ်(BAAC)၊ အစိုးရအိုးအိမ်ဘဏ် (GHB) ၊ အစိုးရငွေစုဘဏ်(GSB)နဲ့ ထိုင်းနိုင်ငံအစ္စလာမ်မစ် ဘဏ် (I- Bank)ဆိုတဲ့ဘဏ်ကြီးလေးခုက မိမိတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံ ငွေထည့်ဝင်ရမယ့် သဘောရှိပါတယ်။
အစိုးရဘဏ်တွေက ဒီဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ဘဏ်တွေရဲ့စုစုပေါင်း အပ်နှံငွေရဲ့ ၁ ရာခိုင်နှုန်းထက်မကျော်တဲ့ပမာဏကို ထည့်ဝင်ရမှာ ဖြစ်ပါတယ်။ ဒီပမာဏက အလားတူရန်ပုံငွေအမျိုးအစားတစ်ခုအတွက် ကူးသန်းရောင်းဝယ် ရေးဗဟိုဘဏ်တွေ ဆီကထိုင်းနိုင်ငံ ဗဟိုဘဏ်ကကောက်ခံလျက်ရှိတဲ့ ပမာဏနဲ့ တူညီပါတယ်။
နိုင်ငံတော်ဘဏ်တွေက ကောက်ခံထားတဲ့ငွေကြေးကို ဒီဘဏ်တွေရဲ့ငွေ ကြေးအခြေအနေတည်ငြိမ်မှုအတွက် အသုံးပြုမှုမှာ ဖြစ်ပါတယ်။ ထို့ပြင် ဒီဘဏ်ကြီး တွေရဲ့ ဘတ်ဂျက်အခြေအနေ ယိမ်းယိုင်လာတဲ့အခါ အထူးဘဏ္ဍာရေး အဖွဲ့အစည်း များအတွက် အသုံးပြုမယ့် အရန်ငွေကြေးအဖြစ်ထားရှိသွားမှာဖြစ်ပါတယ်။
လောလောဆယ်မှာ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေက စုစုပေါင်း အပ်နှံ ငွေရဲ့ သုည ဒသမ ၄၇ ရာခိုင်နှုန်းကို ေ<ကးမြီဖြေရှင်းရေးရန်ပုံငွေအဖြစ် ဗဟိုဘဏ်သို့ ပေးသွင်းရပြီး အပ်နှံငွေကာကွယ်ရေးအေဂျင်စီ (Deposit Protection Agency) ကို သုည ဒသမ ၀၁ ရာခိုင်နှုန်း ပေးသွင်းရပါတယ်။