Main menu

Background

ရန်ကုန်ယူနိုက်တက်အသင်း၏ လေးကြိမ်မြောက် ဘောလုံးသင်တန်းကျောင်းကို ဧပြီ ၆ရက်တွင် ဖွင့်လှစ်မည်

Tue, 04/07/2015 - 20:57 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၄)

ရန်ကုန်ယူနိုက်တက်အသင်း၏ လေးကြိမ်မြောက် လူငယ်ဘောလုံးသင်တန်း ကို ဧပြီ ၆ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်တွင်  ဖော်ပြထားချက်အရ သိရသည်။ အဆိုပါဘောလုံးသင်တန်းကို လူငယ်ဘောလုံး သမားများ အများအပြားပေါ်ထွက်လာစေရေးကိုရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်ယူနိုက်တက် ဘောလုံးသင်တန်းကျောင်း၏ School of Football  level 1တွင် အသက် ၁၂ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးငယ်များကို ဦးစားပေး ၍ သင်ကြားပေးမည်ဖြစ်ကြောင်း သိရ သည်။ သင်တန်းတွင် သင်တန်းတစ်ချိန်လျှင် မိနစ် ၉၀ ဖြင့် စုစုပေါင်းသင်တန်းချိန် ၁၂ ချိန်သင်ကြားပေးမည်ဖြစ်ကြောင်း သိရ သည်။
ထိုသင်တန်းတွင် ဘောလုံးအားကစားနည်း၏ အခြေခံများဖြစ်သည့် ဘောလုံး ပေးပို့ခြင်း၊ ဖမ်းခြင်း၊ ဘောလုံးနှင့်အတူ ပြေးခြင်း၊ ဘောလုံးနှင့်အတူ လှည့်ခြင်း၊ ခေါင်းတိုက်ခြင်း အစရှိသည့် လေ့ကျင့်ခန်းများကို AFC အသိအမှတ်ပြု လိုင်စင်ရ နည်းပြ ၁၀ ဦးက အနီးကပ်လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းကို နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုးက ဦးဆောင်သင်ကြား ပေးမည်ဖြစ်ပြီး ယခင်ဖွင့်လှစ်ခဲ့သည့်သင်တန်းများတွင်လည်း အောင်မြင်မှုများရရှိ ခဲ့ကြောင်း သိရသည်။
သင်တန်းကြေးမှာ တစ်ဦးလျှင် ကျပ်သုံးသောင်းဖြစ်ပြီးသင်တန်းသားအတွက် လိုအပ်သောဘောလုံးဝတ်စုံကို အသင်းမှ ထောက်ပံ့ပေးမည်ဖြစ်သည်။  သင်တန်း သားဦးရေ ၁၀၀ သတ်မှတ်ကာ လက်ခံသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကို သုံးကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ သင်တန်းနှစ်ကြိမ်တွင်  သင်တန်းသား ၁၈၄ ဦး တက် ရောက်ခဲ့ပြီး သင်တန်းသား ၁၃၂ ဦးမှာ Level 2 သို့တက်ရောက်ရန်  အဆင့်မီ ကြောင်း သိရသည်။