Main menu

Background

စင်ကာပူအခြေစိုက် mDR Limited မှ မြန်မာနိုင်ငံတွင် ပုံနှိပ်လုပ်ငန်း တိုးချဲ့လုပ်ကိုင်မည်

Thu, 05/21/2015 - 20:33 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

စင်ကာပူနိုင်ငံအခြေစိုက် mDR Limited သည် မြန်မာနိုင်ငံ၌ အရွယ်အစားကြီးမား သော ဒီဂျစ်တယ်ပုံနှိပ် ထုတ်ကုန်လုပ်ငန်း တစ်ရပ်ကို မလေးရှားနိုင်ငံရှိ ၎င်းင်းတို့၏လက် အောက်ခံကြော်ငြာ လုပ်ငန်းကုမ္ပဏီဖြစ်သည့် PixioSdn.Bhd မှတစ်ဆင့် Pixio Myanmar ကုမ္ပဏီလီမိတက်ဟူသောအမည်ဖြင့် လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါ သည်။
mDR လီမိတက်သည် စင်ကာပူနိုင်ငံ၌M1 , Sing Tel စသည့် တယ်လီဖုန်းဆက်သွယ် ရေးကုမ္ပဏီများ၏ တယ်လီဖုန်းနှင့်အင်တာနက် ဝန်ဆောင်မှုများကို လက်လီအရောင်းဆိုင် များ၊ ဖရန်ချိုက်လုပ်ငန်းများဖြင့် ဆောင်ရွက် ပေးလျက်ရှိသော စင်ကာပူစတော့ အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံ၌ လုပ်ငန်း ဆောင်ရွက်မှုမှာ မလေးရှား ကုမ္ပဏီ Pixio အတွက် ပထမဆုံးအကြိမ် ဖြစ်သော်လည်း  mDr အဖို့မှာမူဒုတိယမြောက် ခြေလှမ်းတစ်ရပ်ပင် ဖြစ်ပါသည်။ mDR  လုပ် ငန်းစုအနေဖြင့် မြန်မာနိုင်ငံဈေးကွက်သို့ ၂၀၁၃ ခုနှစ် တွင် စတင်ဝင်ရောက်ခဲ့ပြီး Nokia ထုတ်ကုန်ပစ္စည်းများအား ရောင်းချခြင်းနှင့် ဈေးကွက်နောက်ပိုင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို  Golden Myanmar အုပ်စုနှင့်အစု အစပ်လုပ်ငန်း ဖွဲ့စည်းလုပ်ကိုင် လျက်ရှိပါသည်။ ထို့နောက်တွင် Ooredoo ကုမ္ပဏီ၏ကြိုတင်ငွေသွင်း မိုဘိုင်းလ် ဖုန်းကတ် များ ဖြန့်ဖြူးခြင်းကိုပါ တိုးချဲ့ လုပ်ကိုင်ခဲ့ပါသည်။
mDR ၏သတင်းထုတ်ပြန်ချက် အရ မြန်မာနိုင်ငံရှိ လက်အောက်ခံလုပ် ငန်းခွဲဖြစ် သော Pixio Myanmar ကို ပင်ရင်းစင်ကာပူ ကုမ္ပဏီမှ ၉၀ ရာခိုင်နှုန်း နှင့်မလေးရှားအခြေ စိုက်  Pixio ကုမ္ပဏီမှ ၁၀ ရာခိုင်နှုန်းစီ ရှယ်ယာ ပိုင်ဆိုင်မှု ခွဲဝေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းရန်ကုန်မြို့၌ အခြေပြုလျက် ကွန်ပျူတာ ဂရပ်ဖစ် ဒီဇိုင်းလုပ်ငန်း၊ ဒီဂျစ်တယ်မင်ရည်
အသုံးပြုပုံနှိပ်လုပ်ငန်း၊ လက်လီအရောင်းနှင့် နေအိမ်ပြင်ပ ကြော်ငြာခြင်းများအတွက် အရောင်း မြှင့်တင်ရေးဆိုင်းဘုတ်များနှင့် ကြော်ငြာဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းများကို လုပ် ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံရှိ ကြော်ငြာပုံနှိပ်လုပ်ငန်းများ နှင့်ပတ်သက်၍  Pixio Myanma  ၏ဦးဆောင်ညွှန်ကြားရေး မှူးဖြစ်သူ Mr. Rbert Wong က စာတတ်မြောက်မှု၊ လူမျိုးပေါင်းစုံ
ကွဲပြားမှုနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး မှုအားနည်းခြင်းတို့အရ မြန်မာနိုင်ငံ၌ တီဗီ၊ ရေဒီယို၊ သတင်းစာစသည့် မီဒီယာများမှ တစ်ဆင့် ကြော်ငြာသည့်လုပ်ငန်းများမှာ စား သုံးသူများအားလုံးထံသို့ ကျယ်ပြန့်စွာရောက်  ရှိခြင်းမရှိသေးကြောင်း၊ အခြားတစ်ဖက်တွင် မြင် ကွင်းကြီးမားကျယ်ပြန့်သည့် ဆိုင်းဘုတ်ကြီး များ၊ ပိုစတာများ၊ နဖူးစီးစာတန်းများဖြင့် ကြော်ငြာခြင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စားသုံးသူ များထံ လျင်မြန်စွာရောက် ရှိနိုင်သည့် နည်း လမ်းများပင်ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံ တကာမှ ကုမ္ပဏီအမှတ်တံဆိပ်ထင်ရှားသည့် လုပ်ငန်းများစွာသည် မြန်မာဈေးကွက်သို့ ဝင်  ရောက်လျက်ရှိရာ အရည်အသွေးမြင့်မားပြီး
အရွယ်အစားကြီးမားသည့် ကြော်ငြာဆိုင်းဘုတ် များ မှာယူလိုမှုမှာ မြင့်တက်လျက်ရှိကြောင်း၊ သို့ရာတွင် လက်ရှိကာလ၌ ထိုကဲ့သို့သော ပုံနှိပ် ထုတ်ကုန်များကို မြန်မာနိုင်ငံအတွင်း ပြုလုပ် နိုင်ခြင်းမရှိသေးဘဲ ပြည်ပသို့ အော်ဒါမှာယူတင် သွင်းရလျက်ရှိကြောင်း၊ ၎င်းင်းတို့အနေဖြင့် အဆိပ်အတောက် ကင်းစင်ပြီး ပတ်ဝန်းကျင် ထိခိုက်မှုမရှိသော မင်ရည်နှင့်ချည်ထည်ကုန် ကြမ်းများ အသုံးပြုလျက် ဈေးကွက်လိုအပ် ချက်ကို ဖြည့်ဆည်းလုပ်ကိုင်သွားမည် ဖြစ် ကြောင်းစသည်ဖြင့် Business Times  သတင်း ဌာနသို့ပြောကြားပါ သည်။ Mr.Wong အနေ ဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးပြုပြင်ပြောင်းလဲ မှုဆောင်ရွက်ချက်များနှင့်အတူစီးပွားရေး  အခွင့်အလမ်းများ ပွင့်လင်းလာခြင်း ကြောင့် ၂၀၂၀ ပြည့်နှစ်ခန့်တွင် ငွေကြေးသုံးစွဲနိုင်သူ လူ လတ်တန်းစား ပမာဏသည်လည်း လူဦးရေ ၁၀ သန်း အထိနှစ်ဆမျှတိုးတက်များပြားလာရန် ခန့်မှန်းလျက်ရှိပါသည်။
စင်ကာပူရှိ mDR လီမိတက်၏ ဥက္ကဋ္ဌMr.Philip Eng က မြန်မာနိုင်ငံ သို့ ဝင်ရောက် လုပ်ကိုင်သည့် နှစ်အနည်းငယ်အတွင်း ပြည် တွင်းဈေးကွက်နှင့် ပတ်သက်၍ အသိပညာ အတွေ့အကြုံ များအတန်အသင့်ရရှိခဲ့ပြီး ယခု ကဲ့သို့ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းပြောဆိုပါသည်။ ဤသို့လုပ် ငန်း
တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့ အပြီး ၂၀၁၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် mDR ၏၉၈ သန်းမျှသော အစုရှယ်ယာများ၏ ဈေး နှုန်းမှာ စင်ကာပူဒေါ်လာ သုည ဒသမ ၁ မှ သုည ဒသမ ၇ သို့မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
နေအေးလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ စင်ကာပူမြို့