Main menu

Background

WTOသို့ ဂျပန်၏ တင်ပြချက်ကြောင့် တောင်ကိုရီးယား စိတ်မကောင်းဖြစ်ရ

Thu, 06/04/2015 - 21:21 -- journal_editor

အတွဲု(၁၅)အမှတ်(၂၀)

တောင်ကိုရီးယားသမ္မတနိုင်ငံက ဂျပန်ရေထွက်ကုန်ပစ္စည်းများ တင်သွင်း မှုကို ပိတ်ပင်ထားခြင်းနဲ့ ပတ်သက်၍ ဂျပန်နိုင်ငံWTO  ထံ အကြောင်းကြား ခဲ့ခြင်းအား ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ဝမ်းနည်းစိတ်မကောင်းဖြစ် ရပါကြောင်း ကိုရီးယား ကုန်သွယ်ရေး စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက မေ ၁၇ ရက်တွင် ဂျပန်ကုန် သွယ်ရေးဝန်ကြီးYoichiMiyazawaနှင့်ဖိလစ်ပိုင်နိုင်ငံ21st APEC Trade Minister's Meeting  ၌ တွေ့ဆုံကြ စဉ်  ပြောကြား ခဲ့သည်။ ၎င်းင်းအပြင် ဝန်ကြီး နှစ်ဦးသည် အခြား နှစ်နိုင်ငံ  ကုန်သွယ်ရေးကိစ္စများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
၂၀၁၃ ခုနှစ် ဧပြီလတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးများ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။ နှစ်နိုင်ငံကာလရှည် သံတမန်ဆက်သွယ်မှုများ အစွန်း အထင်းရှိနေခဲ့ကြရာမှ ယခုတွေ့ဆုံမှုတွင် ကိုရီးယားကုန်သွယ်ရေးဝန်ကြီးYoon  ကကိုရီးယားနိုင်ငံ၏ ဂျပန် ရေ ထွက် ကုန်ပစ္စည်းများ တင်ပို့မှုအပေါ်  ပိတ်ပင်ထားခြင်းအားWTO  သို့ဂျပန် နိုင်ငံအနေဖြင့်အကြောင်းကြားခဲ့ခြင်း အပေါ်အလွန်ပင်စိတ်မကောင်းဖြစ်မိ ပါကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် အစည်းအဝေးတက်ရောက် လာကြသော ဂျပန်ကုန်သွယ်ရေးဝန်ကြီးအပါအဝင် အခြားအရာရှိကြီးများသည့်Yoon  ၏မှတ်ချက်အပေါ် မည်သို့မျှ တုံ့ပြန်ပြောကြားခဲ့ကြခြင်း မရှိချေ။့Yoon  သည်လည်း ကိုရီးယားငါးဖမ်း သမားများက ဂျပန်နိုင်ငံflatfish  ငါးအရှင်များ  တင်ပို့လို၍ ခွင့်ပြုနိုင်ပါ မည်လားဟု တောင်းဆိုခဲ့သည်။ မေလ ၂၂ ရက်နေ့က ဂျပန်သည် ကိုရီးယား အား ရေထွက်ကုန်များတင် သွင်းမှု ကန့်သတ်ထားခြင်းအားWTOguide-lines  များအရ စတင်ဆွေးနွေးသွားရန် တောင်းဆိုခဲ့သည်။WTO ၏ စည်းမျဉ်း အရ ထိုကဲ့သို့အငြင်းပွားမှုပေါ် ပေါက် လာပါက အငြင်းပွားသူများကြား စတင် ဆွေးနွေးသွား၍ပြေလည်မှုမရှိမှသာ ရက်ပေါင်း ၃၀ အတွင်း အမှုတွဲဖွင့် လှစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ပြီး အငြင်းပွားသူများ ကြား ကျေလည်မှုမရှိခဲ့လျှင် ရက်ပေါင်း၆၀ကြာတွင်WTO dispute settlement panel  ၏ အဆုံးအဖြတ် ခံယူသွားကြရ မည်ဖြစ်သည်။
သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့