Main menu

Background

ဆင်ခွန်ဂိတ်အား အထူးယာယီနယ်စပ်ဂိတ်အဖြစ်တိုးမြှင့်

Wed, 06/17/2015 - 20:04 -- journal_editor

  မောတောင်နယ်စပ်ဂိတ်အား မေလ ၈ ရက်နေ့က တရားဝင်ဖွင့်လှစ် ထားခဲ့ပြီး တစ်ဖက်နိုင်ငံ ဆင်ခွန်ဂိတ် အား မေလ ၂၃ ရက်နေ့က အထူးယာယီ နယ်စပ်ဂိတ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။    ယခင်က ယာယီဂိတ်ဖြစ်တဲ့အတွက် လူဝင် လူ ထွက်မှာ တရားဝင်မဟုတ်သော်လည်း အထူးယာယီ နယ်စပ်ဂိတ်အဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်လိုက်တဲ့အတွက် လူဝင် လူထွက်သွားလာမှု တရားဝင်ဖြစ်လာပြီ ဖြစ်ပါတယ်။ ကုန်ပစ္စည်းဝင်ထွက် သွား လာမှုများကိုလည်း ယခင်ကထက် ပိုမိုတင်ပို့တင်သွင်းလာတော့မှာဖြစ်ရာ မော်တော်ယာဉ်လိုင်းများလည်း စနစ် တကျလုပ်ဆောင် ကြရန်လိုအပ်ကြောင်း၊ ထိုင်းနံပါတ်ပါ မော်တော်ယာဉ်များအား မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း အထိ သွားလာခွင့်ပြုထားတယ်လို့ သိရ ပါတယ်။
ကုန်သွယ်မှုကိစ္စရပ်များ ၊ လူဝင် လူထွက်သွားလာမှုများ ၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုဝီရိယ
စိုက်ထုတ်လုပ်ဆောင်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ ဒေသခံကုန်သည်များ အနေနဲ့ ကုမ္ပဏီကြီးများနဲ့ အပြိုင်ယှဉ် ပြိုင် လုပ်ကိုင်ကြရမှာဖြစ်တဲ့အတွက် ဌာနဆိုင်ရာ ရုံးပိုင်းဆိုင်ရာကိစ္စရပ်များ ကို ကျွမ်းဝင်နားလည် လုပ်ကိုင်တတ်ရန် ကြိုတင်လေ့လာထားကြရန်နဲ့တရား မဝင်လမ်းကြောင်းမှ တရားဝင်ကုန်သွယ် မှု လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိရေး ဆောင်ရွက်ကြရန် အထူးအရေးကြီး ကာလဖြစ်ကြောင်း မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းတာဝန်ခံက မေလ ၃၁ ရက်နေ့က မောတောင်နယ်စပ် ကုန် သွယ်ရေးရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ကုန်သည်လုပ်ငန်း ရှင်များကို အသိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါဆင်ခွန်ဂိတ်အား အထူးယာယီဂိတ်အဖြစ်အဆင့်တိုးမြှင့်လိုက် ပြီဖြစ်ရာ တစ်ဖက်နိုင်ငံ ပရာကျွတ်ခီရီခန် အထိ တစ်ညအိပ်  နှစ်ရက်ခရီး တရားဝင်သွားလာနိုင်ပြီလို့သိရပါတယ်။ထိုင်း နိုင်ငံသားများအနေနဲ့ Border Pass (BP), Temporary B order  Pass (TBP)  တို့နဲ့ ခြောက်ညအိပ် ခုနစ်ရက်ခရီး၊ ၁၃ ညအိပ် ၁၄ ရက်ခရီးအား တနင်္သာရီမြို့၊ မြိတ်မြို့များထိ သွားလာလည်ပတ်နိုင်ပြီ ဖြစ်ရာ ခရီးသွားလုပ်ငန်းအား တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေနိုင်မဲ့ အလားအလား များရရှိနေပြီဖြစ်ပါ တယ်။                             
ပန်းကြယ်စင်