အစားအစာတို့တွင် သဘာဝအလျှောက်ပေါက်ပွားသော မှို (Fungus) နှင့် တစေး(Yeast) တို့ မျိုးစိတ်ပေါင်းရာနှင့်ချီ ရှိသည်။ ရှင်သန်ခြင်း။ အစားအစာမှိုတို့သည်စေးပျစ်မှုနှစ်မှကိုးအထိ (Ph 2 to 9) နှင့် အပူချိန် ၁၀ ဒီဂရီ ဆဲစီးယပ်မှ ၃၅ ဒီဂရီဆဲစီးယပ် (10 C-35C) ၌ ရှင်သန်နိုင်ပြီး တစေး (Yeast) သည် စိုစွတ်သော သဘာဝကိုကြိုက်သည်။တွေ့ရှိခြင်း။ ကောက်ပဲသီးနှံများ၊ ပြောင်း၊ ဂျုံ၊ စပါး၊ အခွံမာ စသော အသီးများ၊ သစ်သီးများစသည်တို့ မရိတ်သိမ်းမီနှင့် သိုလှောင်ထားချိန်တွင် ပေါက်ပွားလာပြီးအသီးအနှံများပျက်စီး ပုပ်သိုးစေသည်။ မှိုများပေါက်ခြင်းဖြင့် ကောက်ပဲသီးနှံ၏ မူလ အရောင်၊ အဆင်း၊ အနံ့တို့ပျောက်သွားကာ ရံဖန်ရံခါ သာမန် မျက်စိ ဖြင့် ကြည့်၍ မမြင်နိုင်သည့် မှို (Fungus)များကို ဓာတ်ခွဲခန်း ၌ စစ်ဆေးသင့်သည်။အန္တရာယ်ရှိခြင်း။ အစားအစာတွင် မှို၊ တစေးများ၊ အယ်ဖာတောက် ဆင်(Alflatoxin) မှိုဆိပ်ပါဝင်ခြင်းသည် စားသုံးသူများကို ကင်ဆာ(Mycotoxins))ကဲ့သို့ နာတာရှည်ရောဂါဖြစ်စေရုံ သာမက လုပ် ငန်းရှင်များ၊ စီးပွားရေးထိခိုက်စေသည်။ အစားအသောက်များ မှ ပေါက်ပွားလာသောမှို (Cancer) ရှိ အဆိပ်များက စားသုံးသူ အတွက်အန္တရာယ်ဖြစ်လာသည်။ စားသုံးသူအန္တရာယ်ဖြစ်စေသော မှိုဆိပ်ကို မိုက်ကိုတောက်ဆင်(Mycotoxins) ဟုခေါ်ပြီး သာမန် ချက်ပြုတ်ရုံအပူချိန်ဖြင့် ယင်းအဆိပ်တို့မပျက်စီးနိုင်ပါ။အစာများ ထုတ်လုပ်စဉ်မှိုများပျက်စီးသည့်တိုင်မှိုဆိပ်များက အစာထဲတွင် ဆက်လက်ကျန်ရှိနေပါသည်။ မှိုဆိပ်။ မှိုဆိပ်နှင့် မိုက်ကိုတောက်ဆင် (Mycotoxins) တို့၏ အန္တရာယ်တို့ကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသည်။ဖြစ်စဉ်များ။ မှိုနှင့် မှိုဆိပ်စမ်းသပ် ရှာဖွေခြင်း၊ သုတေသနပြုလုပ်ခြင်းလုပ်ငန်းများကို လွန်ခဲ့သော ၂၅ နှစ်က စတင်ဖော်ထုတ်လုပ် ကိုင်နိုင်ခဲ့ပြီး မှိုကြောင့်လူများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။ ၁၉ ရာစု ၌ ဥရောပနှင့်အာဖရိကတို့တွင် မှိုဆိပ်ပါဝင်သောကောက်ပဲသီးနှံ (လူး၊ ပြောင်း၊ ဂျုံ)တို့ကို စားမိခြင်း၊ ၁၉၄၃ မှ ၁၉၄၇ ခုနှစ်တွင် ရုရှားနိုင်ငံ၌လည်းကောင်း၊ ၁၉၅၂ နှင့်၁၉၅၅ ခုနှစ်တွင် တိုကျို၌ လည်းကောင်း၊ ၁၉၇၁ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၌လည်းကောင်း မှိုတက်နေသော ဆန်ကိုစားမိ၍ မှိုတောက်ခြင်းဖြစ်ခဲ့ရသည်။ ဒုတိယ ကမ္ဘာ စစ် က ရုရှားတွင်ဖြူဆေးရီးယား (Fusaria) မှိုတစ်မျိုး ပါသောကောက်ပဲသီးနှံများစားမိ၍ မှိုဆိပ်သင့်ကြရသည်။အန္တရာယ်။ မှိုဆိပ်အမျိုးပေါင်း အတွက် ၄၀၀ ကျော်ရှိရာ အများစု မှာ လူနှင့် နို့တိုက်သတ္တဝါအားလုံး အန္တရာယ်ရှိသည်။ မှိုဆိပ် အယ်ဖာတောက်ဆင် (Alflatoxin) ပါသော ပြောင်း၊ဂျုံတို့ကို စားမိပါက လူကိုဘေးဖြစ်စေသည်။ အယ်ဖာတောက်ဆင်ဘီဝမ်း(Alflatoxin B1) သည် မျိုးရိုးဗီဇဆဲလ်များပြောင်းလဲခြင်း၊ သန္ဓေ သား ချို့တဲ့ ခြင်းနှင့် ကင်ဆာတို့ဖြစ်စေသည်။စားမိသော မှိုဆိပ်က ကျောက် ကပ်တွင် အများဆုံးစုဝေးပြီး အသည်း၊ အဆီ၊ အသားတို့ မှာစုဝေးသည်။ နို့နှင့် နို့ထွက်ပစ္စည်းများတွင်လည်း အော်ခရာ တောက် ဆင်အေ (OrchratoxinA) ကြောင့် လူတွင်ဆီးလမ်း ကြောင်းဆိုင်ရာ ကင်ဆာရောဂါဖြစ်စေသည်။ မှိုဆိပ်ပါသော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ စားသောက်မိခြင်းထက် မှိုဆိပ်ပါသောကောက်ပဲသီးနှံတို့ကို တိုက်ရိုက်စားသုံးခြင်းက စားသုံးသူ၏ ကျန်းမာရေး ကို ပိုမိုထိခိုက်စေသည်။
ဒေါက်တာလွင်သန့်