Main menu

Background

အသက်အရွယ်ကြီးရင့်လာသည့် အမျိုးသမီးများထက် ငယ်ရွယ်သူအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာ

Thu, 06/25/2015 - 19:28 -- journal_editor

အမေရိကန်နိုင်ငံတွင် အသက်အရွယ်ကြီးရင့်လာသည့်  အမျိုးသမီး များထက် အသက်ငယ်ရွယ်သူအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ် ပွားမှုနှုန်းမှာပိုမို မြင့်တက်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ လူဦးရေနှင့်  ကင်ဆာဖြစ်ပွားမှုတို့ကို စာရင်းအင်းကောက်ယူလျက်ရှိသည့် ြှုံ သုတေသီများ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါသုတေသနအဖွဲ့သည် အမေရိကန်နိုင်ငံရှိ အမျိုးသမီးများကို အသက် ၃၀မှ ၃၉၊ အသက် ၄၀မှ ၄၉နှင့် အသက် ၅၀မှ ၆၉နှစ်၊ အသက် ၇၀မှ ၈၄အထိ အုပ်စုလေးစုခွဲ၍ လေ့ လာမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအုပ်စုလေးစုတွင် အမျိုးသမီးဟော်မုန်းလက်ခံနိုင်မှုပမာဏ မြင့်တက်သဖြင့် ရင်သားတွင်ကင်ဆာကလာပ်စည်းများ ပြန့်ပွားမှုနှုန်း မြန်ဆန်သည့်အုပ်စုနှင့် ပြန့်ပွားမှုနှုန်းမရှိသည့်  အုပ်စုဟူ၍ ခွဲခြားခဲ့ကြ သည်။
ယင်းကဲ့သို့ခွဲခြားခဲ့ကြပြီးနောက် စာရင်းကောက်ယူရရှိသည့် အချက် အလက်များအရ အမေရိကန်နိုင်ငံတွင် ရင်သားကင်ဆာဖြစ်ပွားသည့် အမျိုးသမီးအရေအတွက်မှာ နှစ်စဉ်မြင့်တက်လျက်ရှိပြီး ၂၀၃၀ပြည့်နှစ် သို့အရောက်တွင် ၄၄၀ç၀၀၀နီးပါးရောက်ရှိလာနိုင်ကြောင်းဖြင့် အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် ယင်းစစ်တမ်းကောက်ယူမှုအရ ငယ်ရွယ်သူအမျိုးသမီးများ တွင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းမှာ အသက်ကြီးသူအမျိုးသမီးများထက် ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်းဖြင့် ဖော်ပြထားသည်။
မယ်သီတာ