မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ ကုန်စည် ဖြန့်ဖြူးရေး၊ အဆင်ပြေချောမွေ့စေရေးနှင့် ဆိပ်ကမ်းအုပ်ချုပ်ရေးလုပ်ငန်းများ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူ ပေးမည့် Port EDI System udk Hitachi Solution ကရေးဆွဲပေးမည်ဖြစ်ကြောင်း ဟီတာချီ ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါအထောက်အကူပြုလုပ်ငန်းသည် ဂျပန်နိုင်ငံက အစိုးရနှင့် ပုဂ္ဂလိကတစ်သား တည်းပူးပေါင်းဆောင်ရွက်နေသည့် နယ်ပယ် တစ်ခုဖြစ်ကြောင်း သိရသည်။ံHitachi Solution onf Port EDI System ကို မြန်မာနိုင်ငံ၏ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်တွင် စတင်ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ နိုင်ငံ၏ အဓိကဆိပ်ကမ်းများစီမံခန့်ခွဲမှုလုပ်ငန်းများကို မြန်ဆန်လာစေရန်အထောက်အကူ ပြုပေးနိုင်မည်ဖြစ်သည်။ထိုြ့ပင် မြန်မာနိုင်ငံ၏အကြီးဆုံးဆိပ်ကမ်း တစ်ခုဖြစ်သည့် ရန်ကုန်ဆိပ်ကမ်းအား ကမ္ဘာ့ ကိုယ်စားပြု ဂိတ်ပေါက်တစ်ပေါက်အဖြစ် ဖြစ် ပေါ်လာစေရန် ရည်ရွယ်၍ အဆိုပါစနစ်ကို အကောင်အထည်ဖော်ပေးခြင်းဖြစ်သည်။ ထို့ ပြင် အဆိုပါစနစ်ကို ဖော်ထုတ်ပြီးပါကလည်း ယင်းစနစ်ကို အဆင်ပြေစွာ အသုံးချနိုင်စေရန် နှင့် လူ့စွမ်းအားအရင်းအမြစ်များတွင်လည်း အထောက်အပံ့များပေးသွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် လူသားအရင်းအမြစ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးငြိမ်း အေးက ဒီစီမံကိန်း ကို တာဝန်ယူရတဲံ့Hitachi Solution ဟာ ကျယ်ပြန့်လှတဲ့နယ်ပယ်အမျိုးမျိုး မှာ နောက်ဆုံးပေါ် နည်းပညာကြွယ်ဝလှတဲ့ အတွေ့အကြုံနဲ့ အောင်မြင်မှုများကို ပိုင်ဆိုင် ထားပါတယ်။ ဒီ PortSystem ရေးဆွဲမှုဟာ မြန်မာနိုင်ငံရှိ ဆိပ်ကမ်းလုပ်ငန်းများရဲ့အခြေခံ အုတ်မြစ် ခိုင်မာလာစေဖို့အတွက် စတင်တာ ဖြစ်သလို ကျွန်တော်တို့နိုင်ငံရဲ့ဆိပ်ကမ်းတွေခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြီးကြီးမား မား အထောက်အကူပြုမယ့်အရာဖြစ်မယ်လို့ ထင်မိပါတယ်''ဟု ပြောကြားခဲ့သည်။ံHitachi Solution သည် တစ်ကမ္ဘာလုံး တွင်Solution Innovation လုပ်ငန်းများကိုချဲ့ထွင်လုပ်ဆောင်လျက်ရှိနေပြီး မြန်မာနိုင်ငံအပါ အဝင်ဖွံ့ဖြိုးဆဲနိုင်ငံများခေတ်မီဖွံ့ဖြိုးတိုးတက် ရေးအတွက် IT Solution များဖြင့်ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၏ အဓိကဆိပ်ကမ်းဖြစ်သည့် ရန်ကုန်ဆိပ်ကမ်းတွင် တစ်နှစ်လျှင် နိုင်ငံခြား သင်္ဘောစင်းရေ ၁၅၀၀ ကျော် ဝင်ရောက်ဆိုက် ကပ်လျက်ရှိပြီးနိုင်ငံခြားနှင့်ကုန်သွယ်သည့် ကုန်တန်ချိန်ပေါင်း ၁၂ သန်းကျော်ရှိကြောင်း သိရသည်။တစ်နိုင်ငံလုံး၏ ကုန်သွယ်မှုပမာဏ တန်ဖိုးမှာ ၂၀၂၅ ခုနှစ်တွင် ၂၀၁၀ ပြည့်နှစ် ကုန်တင်ပို့မှုတန်ဖိုး၏ ၂ ဒသမ ၃ဆရှိ ပြီး ကုန် တင်သွင်းမှုတန်ဖိုးသည် ၂ဒသမ ၄၆ဆအထိ ရှိလာနိုင်သည်ဟုခန့်မှန်းထား သည်။ထိုသို့ ကုန်တင်သွင်း/တင်ပို့မှုများပိုမိုများ ပြားလာနိုင်သော်လည်း ရန်ကုန်ဆိပ်ကမ်း၏ကုန်တင်ကုန်ချနှင့်ဆိုင်သည့် အမျိုးမျိုးသော လုပ်ငန်းဆောင်တာများမှာယနေ့အချိန်အထိ စာရွက်စာတမ်းများဖြင့် လျှောက်ထားသည့် နည်းလမ်းများကိုသာ အသုံးပြုလျက်ရှိနေသဖြင့် ဆိပ်ကမ်းစီမံခန့်ခွဲမှုတွင် ထိရောက်မြန်ဆန်မှု ဖြစ်အောင် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ် ကြောင်း သိရသည်။
မယ်သီတာ