Main menu

Background

မူဆယ်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ သကြားဖြူတန်ချိန် နှစ်သောင်းနီးပါးတင်ပို့

Thu, 01/28/2016 - 11:15 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်တာကာလအတွင်း တစ်ဖက်တရုတ်နိုင်ငံသို့ ကန် ဒေါ်လာ ၁၀ ဒသမ ၇၁၄ သန်းတန်ဖိုးရှိ သကြားဖြူ ၁၉၂၇၈  တန်ကျော် တင်ပို့ခဲ့ပါ တယ်။ တရုတ်နိုင်ငံတွင် နှစ်ကူးရာသီချိန်နီးသဖြင့် တရုတ်ဝယ်လက်ရှိပြီး မန္တလေး ဈေးကွက်မှ  သကြားများ များစွာတင်ပို့နိုင်တယ်လို့သိရပါတယ်။  လက်ရှိမူဆယ်မြို့သို့ နေ့စဉ် သကြားအိတ်ရေ ၅၀၀၀၀ ခန့် ပြည်တွင်းမှ ဝင်ရောက်နေတယ်လို့သိရပြီး လက်လီသကြားဈေးကတော့ တစ်ပိဿာလျှင် ၁၄၀၀ ကျပ်ဈေးရှိတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါတယ်။                                             

MIRT