Main menu

Background

ငွေကြေးဈေးကွက်

Tue, 04/05/2016 - 11:10 -- journal_editor

           အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးမူဝါဒလျှော့ချရန် ဦးတည် ဆောင်ရွက်လာသဖြင့်  အာရှဒေသတွင်းရှိငွေကြေးများ  တိုးတက်မှုအရှိန် အဟုန်ကျဆင်းသွားမည့် လက္ခဏာမရှိ သော်လည်း  ရင်းနှီးမြှုပ်နှံသူတို့ က ဒေ သတွင်းငွေကြေးများကို အမြတ်ရ စဉ်  ပြန်လည်ရောင်းချလာကြတဲ့ အတွက် ဧပြီ ၁ ရက်နေ့မှာ ထွန်းသစ်စ ငွေကြေးအများစုရဲ့ တန်ဖိုးများကျဆင်း လာတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန် ထုတ်လုပ်မှု လုပ်ငန်းများ တိုးတ က်မှုရှိ ခဲ့ပေမယ့် ချေးငွေအကဲဖြတ်ရေးအေဂျင်စီ စတန်း ဒတ်အင်ပူးဝါးက တရုတ်နိုင်ငံရဲ့ ချေးငွေအဆင့်အတန်းကို Stable မှ Negative  အဆင့်သို့လျှော့ချသတ်မှတ် လိုက်တဲ့အတွက်  တရုတ်ယွမ်ငွေကြေး တန်ဖိုး ကျဆင်းခဲ့တာ ကို   တွေ့ရပါ တယ်။ တရုတ်နိုင်ငံရဲ့ မတ်လ ကုန် ချောထုတ်လုပ်မှုက လပေါင်းကိုးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မြင့်တက်ခဲ့တာကို တွေ့ရပါ တယ်။ တောင်ကိုရီးယားနိုင်ငံရှိ နိုင်ငံ ခြားသား ရင်းနှီးမြှုပ်နှံသူတို့ က ပြည်တွင်း စတော့ရှယ်ယာများကို နှစ်ရက်ဆက်တိုက်ရောင်းချခြင်း၊ ဝမ် တန်ဖိုးမြင့်တက်တာကို   အာဏာပိုင် တွေ ကထိန်းချုပ်လာမှာကို စိုးရိမ်ခြင်း တို့ ကြောင့် တောင်ကိုရီးယား ဝမ်ငွေ ကြေးတန်ဖိုးကလည်း     ကျဆင်းခဲ့ပါ တယ်။

တရုတ်ယွမ်
          ဒေါ်လာငွေကြေးရဲ့  တန်ဖိုးက နေ့အလိုက်နှိုင်းယှဉ်ရင် ကျဆင်းခဲ့တာ ကိုအကြောင်းပြုပြီး တရုတ်ဗဟိုဘဏ် က ပျမ်းမျှငွေကြေးဖလှယ်နှုန်းကို အမေ ရိကန်တစ်ဒေါ်လာကို ၆ ဒသမ ၄၅၈၅ ဝမ်နှုန်းသတ်မှတ်ခဲ့ရာ  မတ် ၃၁ ရက်က ရှိခဲ့တဲ့ ၆ ဒသမ ၄၆၁၂ ယွမ်နှုန်းထက် ယွမ်တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဟောင်ကောင်ဒေသရှိ ယွမ် (Offshore Yuan)တန်ဖိုးက နေ့လယ်ဘက်မှာ သုည ဒသမ ၁ ရာခိုင်နှုန်း   ကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာ လျှင် ၆ ဒသမ ၄၇၁ ဝမ်နှုန်းရှိခဲ့ပါတယ်။ တရုတ်ပြည်မ ရှိ ယွမ်ငွေကြေး(Onshore Yuan)  တန်ဖိုးက ဈေးအဖွင့်မှာ အမေရိကန် တစ်ဒေါ်လာကို ၆ ဒသမ ၄၆၂၀ ယွမ် နှုန်းရှိခဲ့ရာမှ ၆ ဒသမ ၄၆၄၇ ယွမ်နှုန်းသို့ ရောက်ရှိကာ ယမ န်နေ့ကနဲ့ နှိုင်းယှဉ်ပါက သုည ဒသမ ၂၄ ရာခိုင်နှုန်းကျဆင်း ခဲ့ပါတယ်။

အိန္ဒိယရူပီး
            ၂၀၁၅ ခုနှစ်နဲ့    ၂၀၁၆ ခုနှစ် အတွင်းမှာ ရူပီးငွေကြေးက အာရှ ငွေကြေးများအနက် စွမ်းဆောင်ရည် အနိမ့်ကျဆုံးငွေကြေး ဖြစ်ခဲ့ပါတယ်။ မတ် ၃၁ ရက်က အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ    တစ်ဒေါ်လာကို ၆၆ ဒ သမ ၂၅ ရူပီးနှုန်းဖြစ်ပြီး ယခုနှစ် အတွင်း သုည  ဒသမ ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ရူပီးတန်ဖိုးက ယခုဘဏ္ဍာနှစ် အတွင်း မတည်မငြိမ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယစတော့ ဒိုင်ရှိထိပ်တန်းစာရင်းဝင် ကု မ္ပဏီ ၅၀၀ အနက်ထက်ဝက်ခန့်က ရူပီးတန်ဖိုး အတက်အကျကို မှီခိုနေရတဲ့အတွက် ဒီသတင်းကသတင်းဆိုး ဖြစ်ပါတယ်။

ဂျပန်ယန်း
          အမေရိကန်အလုပ်အကိုင် အခြေအနေကြောင့် ငွေကြေးဈေးကွက်ကို အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်အတိုးနှုန်းကို မြှင့်တင်တဲ့ အခါ  သတိထားဆောင်ရွက်သွား မှာဖြစ်ကြောင်း   ဗဟိုဘဏ်ဥက္ကဋ္ဌ က ပြောကြားပြီးနောက်ပိုင်း မတ်လအလုပ် အကိုင်အခြေအနေရဲ့ အကျိုးသက် ရောက်မှုက  အနည်းငယ်သာ အကျိုး သက်ရောက်မယ်လို့ ရင်းနှီးမြှုပ်နှံသူ တွေက ခန့်မှန်းကြပါတယ်။ ဒါကြောင့် ဧပြီ ၁ ရက်က ယူရို၊ ယန်းတို့နဲ့ ဖလှ ယ် ရာမှာ ဒေါ်လာတန်ဖိုး  ကျဆင်းခဲ့ပါ တယ်။ ယူရို တန်ဖိုးက သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး  တစ်ယူရိုကို  ၁ ဒသမ   ၁၃၉၃  ဒေါ်လာနှုန်းရှိကာ ဒေါ်လာတန်ဖိုးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့ အတွက် တစ် ေ ဒါ်လာကို ၁၁၂ ဒသမ ၀၆၅ ယန်းနှုန်း ရှိခဲ့ပါတယ်။

မလေးရှားရင်းဂစ်
        မလေးရှားရင်းဂစ်ကို အများ အပြား ဝယ်ယူလာကြတဲ့အတွက် ဒေါ်လာနဲ့ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ဒေါ်လာနဲ့ရင်းဂစ် ဖလှယ်နှုန်းက မတ် ၃၁ ရက်ဈေးပိတ်ချိန်မှာ အမေရိကန်  တစ်ဒေါ်လာကို ၃ ဒသမ ၈၉၇၀ ရင်းဂစ်နှုန်း ရှိခဲ့ရာမှ နောက်တစ်နေ့နံနက် ၉ နာရီ ၁၁ မိနစ် မှာ ၃ ဒသမ ၈၈၂၀ ရင်းဂစ်နှုန်းရှိခဲ့ပါ တယ်။ ရင်းဂစ်ငွေကြေးက ဆက်လက် မြင့်တက်မယ့်အလားအလာရှိနေတယ်လို့ ဝယ်ရောင်းသမားတစ်ဦးက ပြောပါ တယ်။

တောင်ကိုရီးယားဝမ်
           နိုင်ငံခြားသားနဲ့ အဖွဲ့အစည်း များက တောင်ကိုရီးယားရှယ်ယာတွေ ကို ထုတ်ရောင်းနေချိန်မှာ နည်းပညာ နဲ့ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ ကြီးများရဲ့ အခြေအနေကျဆင်းတဲ့ အတွက်တောင်ကိုရီးယားရှယ်ယာများ ရဲ့ တန်ဖိုးက ဧပြီ ၁ ရက်မှာကျဆင်းခဲ့ ပါတယ်။ ပြည်တွင်းဝမ်ငွေကြေးကလည်း တစ်ဒေါ်လာကို ၁၁၄၈ ဒသမ ၄၅ ဝမ် နှုန်းရှိခဲ့တဲ့အတွက် ယခင်နေ့ဈေးပိတ် ချိန်ဖလှယ်နှုန်းအောက် ၄ ဒသမ ၉၅ ဝမ်နှုန်းကျဆင်းခဲ့ပါတယ်။

ထိုင်းဘတ်
             ဧပြီ ၁ ရက်နေ့က အမေရိကန် ဒေါ်လာနဲ့ဖလှယ်ရာမှာ အာရှငွေကြေး အများစုရဲ့တန်ဖိုးကျဆင်းခဲ့ပေမယ့် ထိုင်းဘတ်ငွေရဲ့ ဖလှယ်နှုန်းက တစ် ဒေါ်လာ ကို ၃၅ ဒသမ ၁၂ ဘတ်နှုန်း ရှိခဲ့ပြီး ယမန်နေ့နဲ့ နှိုင်းယှဉ်ပါက သု ည ဒသမ ၁၄ ရာခိုင်နှုန်းမြင့်တက်ပြီး ယခု နှစ်အတွင်းမှာ ၂ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

 

ဉာဏ်တင် - စုစည်းတင်ပြသည်