Main menu

Background

ငွေကြေးဈေးကွက်

Wed, 06/01/2016 - 14:01 -- journal_editor

ထွန်းသစ်စ   အာရှငွေကြေး အများစုက မေ ၂၇ ရက်မှာနေ့ အလိုက် တန်ဖိုးမြင့်တက်လာကြပြီး ရက်သတ္တ ပတ်အလိုက် နှိုင်းယှဉ်ကြည့်ရင်လည်း တန်ဖိုးမြင့်တက်နေတာကို   တွေ့ရပါ တယ်။ ဒါပေမယ့် အမေရိကန်ဗဟို ဘဏ်ဥက္ကဋ္ဌရဲ့ သဘောထားက အမေ ရိကန် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း မြှင့်တင်ပေး မပေးဆိုတဲ့အချက်အပေါ် သြဇာသက်ရောက်မှုရှိနေတဲ့အတွက် ရင်းနှီး မြှုပ်နှံသူတွေက ငွေကြေးမူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျနက်ယယ်လင်ရဲ့ ဝေဖန်ပြော ကြားချက်ကို စောင့်ကြည့်ပြီး သတိထား ဆောင်ရွက်လျက်ရှိပါတယ်။
အမေရိကန်  စီးပွားရေးဖွံ့ဖြိုးမှု နှုန်းက အရှိန်ရလာပြီလို့ ယူဆကြတဲ့ အတွက် အမေရိကန်ဗဟိုဘဏ်အတိုး နှုန်းကို ဇွန်  သို့မဟုတ် ဇူလိုင်မှာ မြှင့် တင်ပေးလိမ့်မယ်လို့ အမေရိကန်ဗဟို ဘဏ်အရာရှိတွေက   မကြာသေးမီက အရိပ်အမြွက်  ပြောကြားခဲ့ပါတယ်။ အမေရိကန်စီးပွားရေးကအခြေခိုင်လာ ပြီဖြစ်ကြောင်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်း နဲ့ အလုပ်လက်မဲ့နှုန်းကလည်း   ဗဟို ဘဏ်ရဲ့ ရည်မှန်းချက်နဲ့ နီးစပ်လာပြီ ဖြစ်ကြောင်း မေ ၂၆ ရက်က ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ဂျာရုန်ပါဝဲက ပြောပါ တယ်။
ငွေကြေးဈေးကွက်နဲ့  ပတ်သက် လို့အရေးယူဆောင်ရွက်မှုတွေပြုလုပ် တဲ့အခါ  တစ်ဦးနဲ့တစ်ဦး  အနီးကပ် တိုင်ပင်ညှိနှိုင်းဖို့ ဂျပန်နိုင်ငံမှာကျင်းပ တဲ့ ထိပ်သီးအစည်းအဝေးမှာ   ဂျီ-၇ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါ တယ်။

တရုတ်ယွမ်
ကော် ပိုရေးရှင်းအဖွဲ့အစည်းများ ရဲ့ ဒေါ်လာဝယ်လိုအားမြင့်တက်လာ တဲ့အတွက် မေ ၂၇ ရက်မှာ တရုတ်ယွမ် တန်ဖိုး ပြန်လည်ကျဆင်းခဲ့ပါတယ်။
ဒါပေမယ့် တရုတ်ဗဟိုဘဏ်က တော့ ကမ္ဘာ့ဈေးကွက်မှာ အမေရိကန် ဒေါ်လာတန်ဖိုး     ကျဆင်းတာကို အကြောင်းပြုပြီး    ယွမ်ငွေတန်ဖိုးကို သုည ဒသမ ၀၉ ရာခိုင်နှုန်းမြှင့်တင်ခဲ့ကာ ဗဟိုဘဏ်ရဲ့   ပျမ်းမျှဖလှယ်နှုန်းကို ၆ ဒသမ ၅၄၉၀ ယွမ်နှုန်းသတ်မှတ်ပေးခဲ့ ပါတယ်။ လက်ငင်းငွေကြေးဈေးကွက် မှာ ယွမ်ငွေတန်ဖိုးက အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၅၅၃၀ ယွမ်နှုန်း နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ ပင်လယ်ရပ်ခြား ဈေးကွက်မှာ ယွမ်တန်ဖိုးက ပြည်မကြီး ဈေးကွက်အောက် သုည ဒသမ ၀၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၅၆၄၂ ယွမ်နှုန်းရှိခဲ့ပါတယ်။

အိန္ဒိယရူပီး
အိန္ဒိယနိုင်ငံအတွင်းသို့   နိုင်ငံ ခြား ငွေကြေးစီးဝင်မှုမြင့်မားနေချိန်မှာ ပို့ကုန်လုပ်ငန်းရှင်များနဲ့ ဘဏ်များက အမေရိကန်ဒေါ်လာကို   ပိုမိုထုတ်ရောင်း လာတဲ့အတွက်   မေ ၂၇ ရက်မှာ ရူပီး တန်ဖိုးက သုည ဒသမ ၁၃ ရူပီးနှုန်း မြင့်တက်ပြီး  အမေရိကန်တစ် ဒေါ်လာ ကို ၆၇ ဒသမ ၀၄ ရူပီးနှုန်းရှိ ခဲ့ပါတယ်။  တတိယမြောက်နေ့အဖြစ် ဆက်တိုက် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ပြည်ပဈေးကွက်မှာ     တခြား အဓိကငွေကြေးတွေနဲ့  ဖလှယ်တဲ့အခါ ဒေါ်လာတန်ဖိုးကျဆင်းမှုနဲ့   ရှယ်ယာ ဈေးကွက်အဖွင့်မှာ ပြည်တွင်းရှယ်ယာ ဈေးတွေမြင့်တက်မှုကလည်း ရူပီးတန် ဖိုးမြင့်တက်အောင် အထောက်အကူ ပေးခဲ့တယ်လို့ ဝယ်ရောင်းသမားတွေက ပြောပါတယ်။

ဂျပန်ယန်း
နိုင်ငံခြားငွေ    ဖလှယ်ရေးဈေး ကွက်တွေမှာ ဝင်ရောက်စွက်ဖက်မှု မပြု လုပ်ဖို့     ဂျီ-၇ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးမှာ   အတည်ပြု ခဲ့ပြီးနောက် မေ ၂၇ ရက်ကဒေါ်လာ၊ ယူရိုတို့နဲ့ဖလှယ်ရာမှာ ယန်းငွေတန်ဖိုး မြင့်တက်ခဲ့ပါတယ်။
အမေရိကန်ဒေါ်လာနဲ့ ယန်းငွေ ဖလှယ်နှုန်းက   မေ ၂၆ ရက်က နယူး ယောက်ဈေးကွက်မှာ အမေရိကန်တစ် ဒေါ်လာကို ၁၀၉ ဒသမ ၇၆ ယန်းနှုန်း ရှိရာမှ နောက်တစ်နေ့  တိုကျိုဈေးကွက် မှာ ၁၀၉ ဒသမ ၇၄ ယန်းနှုန်းရှိခဲ့ပါ တယ်။ ယူရိုငွေကြေး တန်ဖိုးက မေ ၂၆ ရက်က    နယူးယောက်ဈေးကွက်မှာ တစ်ယူရိုကို  ၁ ဒသမ ၁၁၉၄ ဒေါ်လာနဲ့ ၁၂၂ ဒသမ ၈၆ ယန်းနှုန်းရှိခဲ့ရာမှ နောက်တစ်နေ့မှာ    ၁ ဒသမ ၁၁၉၂ ဒေါ်လာနှုန်းနဲ့  ၁၂၂ ဒသမ ၈၃ ယန်း နှုန်းရှိခဲ့ပါတယ်။

မလေးရှင်းရင်းဂစ်
ရေနံစိမ်းဈေးနှုန်းတွေ    ဆက် တိုက်မြင့်တက်လာတဲ့အတွက် မေ ၂၇ ရက် ဈေးဖွင့်ချိန်မှာ  အမေရိကန် ဒေါ်လာနဲ့ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုး မြင့်တက်ခဲ့ကြောင်း ဝယ်ရောင်းသမား တွေက ပြောပါတယ်။
အမေရိကန်ဒေါ်လာနဲ့   ရင်းဂစ် ဖလှယ်နှုန်းက မေ ၂၆ ရက် ညနေ ၅ နာရီက တစ်ဒေါ်လာကို ၄ ဒသမ ၀၇၈၀ ရင်းဂစ်နှုန်းရှိရာမှ   နောက်တစ်နေ့ နံနက် ၉ နာရီ ၂၉ မိနစ်မှာ တစ်ဒေါ် လာကို ၄ ဒသမ ၀၇၄၀ ရင်းဂစ်နှုန်းရှိ ခဲ့ပါတယ်။ တခြားအဓိကငွေကြေးတွေ နဲ့ ဖလှယ်ရာမှာလည်း ရင်းဂစ်တန်ဖိုး ကအများအားဖြင့် မြင့်တက်ခဲ့ပါတယ်။

တောင်ကိုရီးယားဝမ်
ရှယ်ယာတွေကို ပြည်ပမှ ဝယ်ယူ မှုမြင့်မားလာတဲ့အတွက် မေ ၂၇ ရက် မှာ တောင်ကိုရီးယား  ရှယ်ယာတန်ဖိုး မြင့်တက်ခဲ့ပြီး ငွေကြေးတန်ဖိုးက လည်း အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ ဝမ်ငွေကြေးတန်ဖိုးက မေ ၂၆ ရက်က ထက် ၁ ဒသမ ၁ ဝမ်နှုန်း ပိုမိုမြင့်တက် ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာကို ၁၁၇၉ ဒသမ ၃၀ ဝမ်နှုန်းရှိခဲ့ပါတယ်။

ထိုင်းဘတ်
ထိုင်းဘတ်ငွေတန်ဖိုးက  ဒေသ တွင်းငွေကြေးတွေနည်းတူလိုက်ပါပြီး တန်ဖိုးမြင့်တက်ခဲ့ကြောင်း ထိုင်းဗဟို ဘဏ်အုပ်ချုပ်ရေးမှူး ဗီရာရာထိုင်းဆန် တီပရာဟော့က ပြောပါတယ်။ ရိုက်တာ သတင်းဌာနက ပြုစုထားတဲ့ ကိန်း
ဂဏန်းများအရ မေ ၂၇ ရက်မှာ သုည ဒသမ ၀၇ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၃၅ ဒသမ ၆၁ ဘတ်နှုန်းရှိခဲ့ပါတယ်။