Main menu

Background

အရှေ့တောင်အာရှရဲ့ စီးပွားရေးသတင်းအချက်အလက်စိစစ်ရေး အချက်အချာဌာနဖြစ်အောင် မလေးရှားနိုင်ငံကြိုးပမ်း

Wed, 09/28/2016 - 11:24 -- journal_editor

အရှေ့တောင်အာရှဒေသမှာ စီးပွားရေးသတင်း အချက်အလက်များ လေ့လာစိစစ်ရေး (Big Data and Analytics)  အချက်အချာဌာနဖြစ်အောင် မလေးရှား နိုင်ငံက ကြိုးစားဆောင်ရွက်လျက်ရှိရာတိုးတက်မှုများ ရရှိနေပြီဖြစ်ကြောင်း အင်နဲအက်စ်တီဝက်ဘ်ဆိုက် သတင်းမှာ ဖော်ပြထားပါတယ်။၂၀၁၆ ခုနှစ်   သြဂုတ်လအထိ စာရင်းအရ မလေးရှားနိုင်ငံမှာ နိုင်ငံပေါင်း ခြောက်နိုင်ငံမှ နိုင်ငံစုံBDAကုမ္ပဏီပေါင်း ၂၂ ခုက လုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း မလေးရှားဒစ်ဂျစ်တယ် စီးပွားရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဒါတွတ် ယာစမင်မာမွတ်က ပြောပါတယ်။
''ဒီကုမ္ပဏီ တွေထဲမှာ အိုင်အိပ်ချ် အက်စ်မားကစ(IHS Markit) နဲ့ ဆိုက်ကိုး (Sitecore)  တို့လည်း ပါဝင်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေသာမက ပြည် တွင်းကုမ္ပဏီတွေဖြစ်တဲ့ ဖူရှင်နက(Fusionex) နဲ့ဒေတာမိုက်ကရွန် (Data Micron)  တို့လည်းပါဝင်ပြီး ဒီကုမ္ပဏီ  တွေက ကမ္ဘာ့ဈေးကွက်ထဲအထိ လုပ်ငန်းချဲ့ ထွင်ဖို့ လုံးပန်းနေပါတယ်}} လို့ စက်တင်ဘာ ၁၉ ရက် က ဆောင်ရွက်ခဲ့တBig Data WeekAsia 2016ဖွင့်ပွဲ အခမ်းအနားမှာ သူမကပြောပါတယ်။
မလေးရှားနိုင်ငံမှာ ကိန်းဂဏန်း လေ့လာစိစစ် ရေးလုပ်ငန်းများကို ပြည်ပအတွက်တာဝန်ယူဆောင် ရွက်နေတဲ့BDA    ကုမ္ပဏီပေါင်း ၃၂ ခုရှိကြောင်းနဲ့ သတင်းအချက်အလက်  စိစစ်ရေးကဏ္ဍမှာ တီထွငဆန်းသစ်မှုေ တွနဲ့ နော က် ဆုံးေ ပါ်  နည်းပညာတွေကို ရှာ ဖွေ ဖော်ထုတ်နေတဲ့ ထူထောင်စBDA   ကုမ္ပဏီ ၄၇ ခုရှိကြောင်း ယာစမင်က ပြောပါတယ်။BDA  လုပ်ငန်း ကဏ္ဍမှာ  ပညာရှင်တွေ   ပြုစုပျိုးထောင်ဖို့အတွက် မလေးရှား  ဒစ်ဂျစ်တယ် စီးပွားေ ရး ကော်ပိုရေးရှင်းနဲ့ မဟာဗျူဟာ မိတ်ဖက်လုပ်ငန်းတွေက စီးပွားရေးလုပ် ငန်းနဲ့ တက္ကသိုလ်များ  ပူးပေါင်းဆောင်ရွက်ရေးကို ထိရောက်စွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီနည်းနဲ့ အာရှဒေသမှာ ပညာရှင် လိုအပ်ချက်ကွာဟ မှုကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းလျက်ရှိပါတယ်။''ဒေတာစိစစ်ရေး သိပ္ပံညာဘွဲ့လွန်ပညာရပ်တွေကို ဆောင်ရွက်လျက်ရှိတဲ့အပြင် အိုင်တီလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘွဲ့မရသေးတဲ့သူတွေအတွက် လည်း ဒေတာ စိစစ်ရေးသိပ္ပံကို အထူးပြုတဲ့ ဘွဲ့ဒီဂရီကိုစတင် ပို့ချပေးနေပါတယ်''လို့ သူမကပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဒေတာစိစစ်ရေးသိပ္ပံပညာရှင် ၂၀၀၀ နဲ့ ဒေတာစိစစ်ရေးပညာရှင်ဝန်ထမ်း ၁၆၀၀၀ မွေးထုတ် ပေးဖို့ မလေးရှားနိုင်ငံ ကရည်မှန်းထားပါတယ်။ လော လောဆယ် မလေးရှားနိုင်ငံမှာ ပြည်တွင်းပြည်ပဒေတာ စိစစ်ရေးပညာရှင် ၃၀၀ ရှိပါတယ်။