Main menu

Background

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကို တရုတ်အစိုးရက အလေးပေးဆောင်ရွက်မည်

Mon, 01/09/2017 - 11:32 -- journal_editor

တရုတ်နိုင်ငံ၏Real economy ဖွံ့ဖြိုးရေးအတွက် အရေးပါသော လှုံ့ဆော်မှုတစ်ရပ်အဖြစ် ကဏ္ဍအတော်များများတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ( Foreign Investment )  အား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်း  ငွေအရင်းအနှီး စီးဝင်မှု၏ပမာဏ အများစုအား Real economy ဖွံ့ဖြိုးရေးအတွက် အဓိက အစိတ်အပိုင်းများဖြစ်သော တန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍများတွင်  တိုက်ရိုက်စီးဝင်စေမည်ဖြစ်ပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ချမှတ်ထားသော ကန့်သတ်ချက်များအား အထွေထွေကုန်ထုတ်လုပ်ငန်းများတွင် လျှော့ချသွားမည်ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ွGao Hucheng မှ ကူးသန်း ရောင်းဝယ် ရေးလုပ်ငန်းဆိုင်ရာ ကွန်ဖရင့်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဟောင်ကောင်မြို့