ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ပဲလောကမှာ ကြုံတွေ့နေရတဲ့ အခြေအနေလေးကို ပြောပြပေးပါ။ အဓိကကတော့ သြဂုတ်လ ၅ ရက်မှာ ပဲစင်းငုံ တန်ချိန် နှစ်သိန်းပဲလက်ခံတော့မယ်။ ကျန်တာကို ဆက်လက်တင်သွင်းခွင့် မပြုေ တာ့ဘူး။ နောက်ပြီး သြဂုတ်လ ၂၁ ရက်မှာ မတ်ပဲနဲ့ပဲတီစိမ်း ကို တန်ချိန် သုံးသိန်းပဲ ဝယ်တော့မယ်။ ကျန်တာကိုတော့ မတ်လ ၃၁ ရက် ဘတ်ဂျက်ကုန်တဲ့အထိ မဝယ်တော့ဘူးလို့ကန့်သတ်လိုက်ပါတယ်။ အဲဒီလို ကန့်သတ်လိုက် တဲ့ အခါကျတော့ ကျွန်တော်တို့နိုင်ငံက တကယ်စိုက်ပျိုးပြီး တကယ်ထွက်ရှိတဲ့ ပဲတွေကလည်း မတ်ပဲရယ်၊ ပဲစင်းငုံရယ်၊ ပဲတီစိမ်း ရယ် ဒီသုံးမျိုးက အများဆုံးတင်ပို့တဲ့ပဲတွေဖြစ်နေတယ်။ အများဆုံးတင်ပို့တဲ့ပဲတွေအနက်ကမှ မတ် ပဲနဲ့ ပဲစင်းငုံက အိန္ဒိယကို ၈၅ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းလောက်က တင်ပို့တဲ့အခါ ကျတော့ ပဲလက်ဝယ်ရှိတဲ့ကုန်သည်ပွဲရုံတွေအပြင်ကို နောက်ထပ် စိုက်ပျိုးပြီးတဲ့ တောင်သူတွေမှာပါ သွားပြီးတော့ အခက်အခဲဖြစ်နေတဲ့ သဘော ပါ။ လက်ရှိ ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ ဆိုတာ ကုန်စည်ဒိုင်မှာရှိတဲ့အသင်းဝင်တွေရော၊ လုပ်ငန်းရှင်တွေ အားလုံး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိအခြေအနေအရ ဆုံးရှုံးမှုပမာဏ ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းထားပါသလဲ။
ဆုံးရှုံးမှုလို့ပြောတာထက်စာရင် ပြည်တွင်းမှာ လက်ကျန် ဘယ်လောက်ရှိနေသလဲလိုပြောရမှာပါ။ ပဲစင်းငုံဆိုရင် ပြည်တွင်းမှာ တန်ချိန် တစ်သိန်းနီးပါးလောက်ကျန်တယ်။ ထိုနည်းလည်းကောင်းပဲ မတ်ပဲဆိုရင် ပြည်တွင်းမှာ တန်ချိန်နှစ်သိန်းခွဲနဲ့ သုံးသိန်းကြားမှာ ကျန်နေပါတယ်။ အဲဒီလိုကျန်တဲ့အခါကျတော့ အရင်ဆုံးစပြီး တွေ့ကြုံရတာက ပဲစင်းငုံကို ၅ရက်နေ့မှာ စပြီးပိတ်ရာမှာ မပိတ်ခင်က ပြည်တွင်းမှာ ပဲစင်းငုံဈေးက ကျပ်ခြောက်သိန်းတစ်သော င်းလောက်ရှိတယ်။ စပြီး ပိတ်လိုက်တဲ့နောက်မှာ ကျပ်ငါးသိန်းလောက်အထိ ကျသွားတယ်။ ဒါပေမဲ့အဝယ်လည်း တင်းတင်းရင်းရင်းမရှိဘူး။ မတ်ပဲဆိုရင်လည်း ၂၁ ရက်မှာ ကြေညာလိုက်တယ်။၂၂ ရက်မှာ ကျပ် ခုနစ်သိန်း၊ ကျ ပ်ခြောက်သိန်းလောက်အထိ ကျသွားပြီးတော့ နောက်ဆုံးအရောင်းအဝယ်မတည်ငြိမ်တဲ့အတွက်ကြောင့် အရောင်း အဝယ်ကို ခေတ္တရပ်လိုက်ရတဲ့ အခြေအနေအထိ ဖြစ်သွားခဲ့ရပါတယ်။ အိန္ဒိယဝန်ကြီးချုပ်နှစ်နိုင်ငံချစ်ကြည်ရေး အနေနဲ့ လာရောက်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ မတ်ပဲနဲ့ပဲစင်းငုံကို ပြန်ပြီး ဝယ်ဖို့ နိုင်ငံတော် တာဝန်ရှိသူတွေကတစ်ဆင့် ကမ်းလှမ်းပြီး ဒီအတိုင်းပြန်ဝယ်ပေးဖို့ တင်ပြမှာဖြစ်ပါတယ်။ ဒီအတိုင်း သူတို့ ပြန်ဝယ်ပြီဆိုရင်တော့ ပုံမှန် ပြန်ဖြစ်သွားမှာပါ။ ဆုံးရှုံးမှုဆိုတာကတော့ ဒီအချိန်မှာပစ္စည်းတစ်ခုကရောင်းပြီးမှ ရှုံးတယ်မြတ်တယ်ပြောလို့ရပါတယ်။ ဆုံးရှုံးမှုလို့ ပြောရတာထက်စာရင်တော့ ပိတ်လိုက်တဲ့အတွက်ကြောင့် အရောင်းအဝယ် မတည်မငြိမ်ဖြစ်သွား တာက ဒီဘက်မှာ အဓိက ဖြစ်နေတာပေါ့။
မေး - အခုလို အိန္ဒိယဘက်ကမပိတ်ခင်က အိန္ဒိယကို ပဲမျိုးစုံ တင်ပို့ တဲ့တန်ချိန်က ဘယ်လောက်ရှိပါသလဲ။
လက်ရှိမှာ သြဂုတ်လဆန်းအထိကို ပဲမျိုးစုံတင်ပို့မှုက တန်ချိန် ခြောက်သိန်းကျော်သွားပါပြီ။ အဲဒီထဲကမှာ အိန္ဒိယကို မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်း တန်ချိန် ငါးသိန်းကျော်လောက်သွားပြီးပါပြီ။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအေ နနဲ့ ပတ်သက်ပြီး ပဲစိုက်ပျိုးတဲ့ တောင်သူတွေကို ဘယ်လိုသတင်းအချက်အလက်တွေ ပေးသင့်တယ်လို့ထင်ပါသလဲ။ အိန္ဒိယနဲ့ ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေလည်း ဖြစ်တယ်။ အိန္ဒိယက ကျွန်တော်တို့နိုင်ငံက ပဲတွေ ဝယ်တယ်။ ကျွန်တော် တို့နိုင်ငံကလည်း အိန္ဒိယလိုအပ်ချက်ရှိတဲ့ပဲကို စိုက်ပျိုးပြီးတော့ တင်ပို့ နေတဲ့နိုင်ငံဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါမှာလည်း အခုလိုမျိုး အိန္ဒိယ ကနေ ပိတ်လိုက်တယ်ဆိုတာမျိုး မဖြစ်ဖူးဘူး။ မဖြစ်ဘူးတဲ့အခါကျ တော့ တစ်ခုသတိထားရမယ့်အခါမျိုးကြုံလာပြီပေါ့။ ဘာကို သတိထား ရမလဲဆိုတော့ နှစ်စဉ်နှစ်စဉ် ကျွန်တော်တို့နိုင်ငံမှာ ရာသီဥတုဖောက် ပြန်ရင်တောင် တန်ချိန်ငါးသိန်းကျော်လောက်ထွက်တယ်။ ရာသီဥတုကောင်းမွန်တဲ့နှစ် မျိုးဆို တန်ချိန်ခြောက်သိန်းကျော်လောက် ထွက်တယ်။ ထိုနည်းလည်းကောင်းပဲ ပဲစင်းငုံဆိုရင်လည်း ပုံမှန်စိုက်ပျိုး တာ တောင်တန်ချိန်နှစ်သိန်းနဲ့ သုံးသိန်းကြားမှာ ထွက်တယ်။ ဒီတော့ အိန္ဒိယပဲဈေးကွက်ကို အရမ်းမှီခိုတဲ့ မတ်ပဲနဲ့ ပဲစင်းငုံနေရာမှာ ကျန်တဲ့ ပဲတွေစိုက်ပျိုးရမှာဖြစ်ပါတယ်။ ဟိုအရင်တုန်းကလည်း အခု မတ်ပဲနဲ့ ပဲစင်းငုံစိုက်တဲ့နေရာမှာ အခြားပဲတွေလည်း စိုက်ခဲ့တာပဲ။ ဥပမာ မြေပဲ လိုဟာမျိုးတွေ စိုက်ပျိုးတယ်။ ကုလားပဲလိုဟာမျိုးတွေ စိုက်ပျိုး တယ်။ နောက် ပဲကြီးလိုဟာမျိုးကို စိုက်ပျိုးတယ်။ ဘိုကိတ် စသည်ဖြင့်ပေါ့။ တကယ်တမ်း သူ့မြေသူ့ရာသီဥတုကောင်းတဲ့ဟာလေးတွေကို အစား ထိုးပြီး စိုက်ပျိုးရမှာဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် လက်ရှိ မတ်ပဲ ထွက်နေတဲ့အရေအတွက်ကို လျှော့ချဖို့ရယ်၊ ပဲစင်းငုံထွက်နေတဲ့ပမာဏကို လျှော့ချဖို့ရယ်၊ ဒါကိုလက်ရှိဦးစားပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြော င်းဝန်ကြီး ဌာနရယ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရယ် ပူးပေါင်းပြီး တောင်သူတွေကို လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို Information ပေးရမှာ ဖြစ် ပါတယ်။ဒါဆိုရင် ပြောင်းလဲစိုက်ပျိုးမယ့် သီးနှံေ တွရဲ့ဈေးကွက် အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီး ဘယ်လို မျိုးလုပ်ဆောင်မလဲဆိုတာ ရှင်းပြပေးပါဦး။ ပြောရမယ်ဆိုရင်တော့ လက်ရှိမြေပဲလိုဟာမျိုးကို ပြည်တွင်းမှာလည်း ဆီထွက် သီးနှံ အဖြစ် ကြိတ်ခွဲစားသုံးလို့ရသလို မြေပဲဆန်ဆိုရင်လည်း တရုတ်ဘက်တို့၊ ထိုင်းဘက်တို့ သွားရင်လည်း ဈေးကောင်းရပါတယ်။ ထိုနည်းလည်းကောင်းပဲ ကုလားပဲဆိုရင်လည်း ဒီနှစ်က ကုလားပဲ အနီပဲဖြစ်ဖြစ်၊ V2, V7 စသည်ဖြင့် ပဲဖြူလေးတို့၊ ပဲလုံးကြီးတို့မှာလည်း ဒီနှစ်မှာဆိုရင်တစ်တင်းကို ကျပ်ငါးသောင်းလောက်ရှိတယ်။ ပဲစင်းငုံတို့ဘာတို့ဆိုရင် ပြုတ်ကျသွားတဲ့ အနေအထားမှာ ကျပ်တစ်သောင်းခွဲလောက်ပဲရှိတော့တယ်။ အလားတူ မတ်ပဲဆိုရင် လည်း ကျသွားတဲ့အနေအထားမှာ တစ်တင်းမှ ကျပ် နှစ်သောင်း သုံးသောင်း၊ ဒီကြားထဲမှာပြေးနေတယ်ဆိုတော့ တောင်သူဘက်မှာလည်း အကျိုး ရှိနိုင်တဲ့ ပဲ၊ ပြည်ပဈေးကွက်မှာလည်း နိုင်ငံခြားကို တင်ပို့လို့လည်း ရနေတဲ့ပဲမျိုးတွေကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပညာရှင်တွေကို တကယ်ဈေးကွက်ရှိတဲ့ပဲမျိုးတွေကို တင်ပြမယ်။ သူ့ မြေသူ့ရေနဲ့စိုက်ပျိုးလို့ အဆင်ပြေမယ့်ဒေသတွေမှာ ဘာတွေစိုက်ပျိုးလို့ အဆင်ပြေမလဲဆိုတာ သက်ဆိုင်ရာ ဝန်ကြီးဌာနက ထပ်ပြီး ထုတ်ပြန်ပေးရမယ့်သဘောမျိုးပါ။
လက်ရှိပဲတင်ပို့မှုမှာ G to G စနစ်နဲ့ တင်ပို့တာမျိုးမရှိသေးတာဟာ ဘာကြောင့်ပါလဲ။
မှန်ပါတယ်။ ကျွန်တော်တို့ စပြီး အိန္ဒိယဘက်ကို နှစ်ပေါင်း ၃၀ လောက်ပဲတင်ပို့ရာမှာ စပြီး ပို့စဉ်အခါကတည်းက လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ဆိုပြီးတော့ ပြောရရင် Public လုပ်ငန်းအနေနဲ့ ဖွင့်ပေးလိုက်တာ ပါ။ ဖွင့်ပေးလိုက်တဲ့အခါကျတော့ Public လုပ်ငန်း အနေနဲ့ တဖြည်းဖြည်း တိုးတိုးပြီးပို့လို့လည်း မနှစ်ကဆို တန်ချိန် ၁၄ သိန်း ကျော်လောက်တင်ပို့နိုင်ခဲ့တယ်။ ဟိုးအရင် စပြီး တင်ပို့စဉ်က တစ်နှစ်မှ တန်ချိန် လေးသိန်း ငါးသိန်းေ လာက်ပဲတင်ပို့နိုင်တယ်။ စိုက်ပျိုးတဲ့ တောင်သူလည်း အကျိုးရှိတယ်။ နိုင်ငံအတွက်လည်း ဝင်ငွေကောင်းတယ်။ ကုန်သည်တွေအတွက်လည်း အကျိုးရှိတယ်ဆိုတဲ့ အခါကျတော့ စိုက်ပျိုးတဲ့တောင်သူတွေကလည်း တိုးပြီးစိုက်သလို တကယ်တမ်းတင်ပို့တဲ့သူတွေအားကလည်း တကယ်ကောင်းတဲ့အခါ ကျတော့ Public အနေနဲ့ကတော့ တကယ်တွန်းပြီး တင်လာကြတာ ပေါ့။ G to G ရယ်လို့ ရှေ့မှာ နှစ်ပေါင်း ၃၀ လောက် လုပ်လာခဲ့တာ မရှိသေးဘူး။ အခုမှ အကယ်၍ အိန္ဒိယဝန်ကြီးချုပ်လာတဲ့အချိန်မှာ သူ့ဘက်က ဘယ်လိုပြန်ဖွင့်ပေးနိုင်မလဲ၊ Public ကိုပဲ ပြန်ဖွင့်ပေးနိုင်မလား၊ ဒါမှမဟုတ် G to G ဖွင့်မှာလား၊ အခုဆွေးနွေးပွဲမှာ ပြန်ပြီးဆုံးဖြတ်နေတဲ့သဘော ပါပဲ။
G to G လုပ်ခဲ့မယ်ဆိုရင် လုပ်ငန်းရှင်တွေအတွက် အားနည်းချက် အားသာချက်တွေကိုလည်း ပြောပြပေးပါဦး။
ပြောရရင်တော့ Government to Government သလနမညာနညအ ဆိုတာကတော့ အိန္ဒိယအစိုးရက တိုက်ရိုက်ဈေးနှုန်းရော အရေအတွက်ရော Limit လုပ်ပြီး ဝယ်မှာပေါ့နော်။ ဝယ်တဲ့အခါမှာကျတော့ ဒီဘက် မြန် မာနိုင်ငံ အစိုးရအနေနဲ့ကျတော့ ဒီဘက်မှာရှိတဲ့ အများပိုင်တစ်ခုခုကို တာဝန်ခံခိုင်းရတော့မယ်။ တာဝန်ခံတဲ့အခါမျိုးမှာ ဈေးနှုန်းက သင့်တင့်မျှတတဲ့ဈေးနှုန်းတစ်ခုပဲ အိန္ဒိယအစိုးရဘက်က ဝယ်ယူတာမျိုးပဲ ဖြစ်လာမှာပါ။ ကန့်သတ် လိုက်တဲ့ ဥပမာ ဆိုတဲ့သဘောက MSP Priceဆိုတာ သူတို့တောင်သူ စိုက်ပျိုးပြီးတော့ ရရှိတဲ့အကျိုးအမြတ် အနည်းငယ်ပေးပြီးမှ သူတို့အိန္ဒိယမှာဆိုရင် မတ်ပဲဆိုရင် ဒီနှစ်မှာ ရူပီး ၅၄၀၀ လောက်ပဲ ပေးတယ်။ အဲဒီအတိုင်းပဲ ပဲစင်းငုံဆိုရင်လည်း ရူပီး ၅၀၀၀၊ ၅၁၀၀ လောက်ပေးထားတယ်။ အဲဒီလိုမျိုးဈေးနှုန်းတစ်ခုကတော့ fixed သဘောမျိုးဖြစ်သွားမယ်။ အခု Public လုပ်ငန်းလို ဈေးနှုန်းတက်တာကျတာဆိုတာမျိုးကတော့အရမ်းကို နည်းသွားမယ်။ အခုလက်ရှိအနေအထားအရ အိန္ဒိယဘက်မှာ မြန်မာနိုင်ငံကထွက်တဲ့ပစ္စည်းက အိန္ဒိယနိုင်ငံကို အဓိကသွားနေတဲ့အခါကျတော့ အိန္ဒိယနိုင်ငံက ပိတ်လိုက်တဲ့အခါမှာထွက်ပေါက်တစ်ခုရအောင် အရင်ဆုံးကြိုးစားရမယ့် သဘောပါ။ ပြီးမှ ကျွန်တော်တို့ ပြန်ပြီးတော့ မတ်ပဲ၊ ပဲစင်းငုံ တန်ချိန် ခြောက်သိန်းထွက်တယ်၊ တန်ချိန်နှစ်သိန်းခွဲထွက်တဲ့နေရာမှာ တန်ချိန်သုံးသိန်း ပဲထွက်မယ်၊ တန်ချိန်တစ်သိန်းခွဲပဲထွက်မယ်စသည်ဖြင့် တဖြည်းဖြည်း လျှော့ချလာတဲ့အချိန် မှာကျတော့ အိန္ဒိယကလည်း သူတို့က လုံးဝကို မဝယ်တော့ဘူးလို့ ပိတ်တာမျိုး မဟုတ်ဘူး။ Public ကို သူက လက်ရှိ ကန့်သတ် လိုက်တာ။ Public ကိုပဲ စင်းငုံနဲ့ပတ်သက်ရင် တန်ချိန် နှစ်သိန်း၊ မတ်ပဲနဲ့ ပဲတီစိမ်းနဲ့ပတ်သက်ရင် တန်ချိန်သုံးသိန်း၊ အဲဒီလိုကန့်သတ်လိုက်တာ။ ဒါကလည်း မတ်လကုန်တဲ့အထိပဲ ကန့်သတ်ထားတာ။ ဧပြီလ ၁ရက် ၂၀၁၈ ဘတ်ဂျက်နှစ်ကို စရောက်တာနဲ့ တစ်ပြိုင်နက် ဒီပစ္စည်း Amount ကို ပြန်ဝယ်ဦးမှာ။ အဲဒီတော့ ကျွန်ေ တာ်တို့ အနေနဲ့ ထွက်ပေါက်တစ်ခုအဖြစ် မဖြစ်တဲ့အဆုံးမှာ G to G ကို အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်တဲ့ အချိန်မှာ လူကြီးတွေနဲ့ ကြိုးစားကြည့်မယ်။ Public က ဝယ်ရင်တော့ ပိုကောင်းမှာပေါ့။ ကျွန်တော်တို့ရဲ့ အမြင်မှာတော့ နည်းနည်းခက်ပါမယ်။ တကယ်လို့ အိန္ဒိယဝန်ကြီးချုပ်က နောက်ဆုံးနှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဝယ်မယ်ဆိုရင်တောင် G to G ဖြစ်ဖို့ အရမ်းများသွားပြီ။ G to G ဖြစ်အောင်ဝယ်တဲ့အခါမှာလည်း ကျွန်တော်တို့ အနေနဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ယူထားရမှာပဲ။ နောက်ပြီး Public အနေနဲ့ ပို့နိုင်တဲ့ပမာဏကိုလည်း ပို့ရမှာပဲ။
G to G စနစ်က ရေရှည်မှာ ဈေးနှုန်း တည်ရှိမှုရှိပြီး အာမခံချက်ရှိတဲ့ စနစ်ဖြစ်တာကြောင့် ပြန်ဖွင့်လာတဲ့အခါမှာ G to G စနစ်နဲ့ သွားမယ် ဆိုရင် ကုန်သည်တွေရဲ့ သဘောထားက ဘယ်လိုရှိလာမလဲ။
လက်ရှိမှာ G to G ဆိုတာကတော့ တောင်သူစိုက်ပျိုးတဲ့စရိတ်၊ တောင်သူကို ထိုက်သင့်တဲ့အကျိုးအမြတ်ပေးပြီးတော့ သယ်ယူစရိတ် တွေ ပေါင်းပြီး မြန်မာနိုင်ငံမှာ ဘယ်ဈေးနဲ့ဝယ်မယ်ဆို ပြီးတော့ သူကလာမယ်ပေါ့။ အဲ ဒီ လိုမျိုးလာတဲ့အခါမှာ တောင်သူတွေအနေနဲ့ ဒီအကျိုးအမြတ်ပေါ်မှာ မကျေနပ်ဘူးဆိုရင် တခြားပဲကို ပြောင်းသွား ကြမှာပါ။ ဒါကြောင့် G to G ကို ကျွန်တော်တို့အနေနဲ့ နှစ်ရှည်တော့ မချုပ်ချင်ပါဘူး။လက်ရှိ ဖြစ်နေတဲ့အခက်အခဲေ ပါ်မှာ တစ်နှစ်လား နှစ်နှစ် လားအစရှိသည်ဖြင့်ပေါ့။ ဒါတွေက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရော၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရော၊ ပဲလုပ်ငန်းရှင်အသင်းရော ညှိနှိုင်းပြီးတော့ တကယ် ချုပ်ရမှာပါ။ မဟုတ်ရင် တောင်သူကလည်း စိုက်ဖို့ဆိုတာ တဖြည်းဖြည်းနည်းလာမှာပါ။ မဖြစ်မနေကိုယ့်မြေက မတ်ပဲ ပဲစိုက်လို့ အဆင်ပြေမှာပါဆိုရင် သူကမတ်ပဲပဲစိုက်မှာကိုး။ ဒါကြောင့် G to G ဆိုတာက ကာလရှည်ဖြစ်ဖို့နည်း နည်းလေး ခက်ပါတယ်။ Public လုပ်လာတာက နှစ်ပေါင်း ၃၀ လောက်ရှိပြီဆိုတော့G to G ဆိုရင် ဈေးနှုန်းမရခဲ့လို့ အိန္ဒိယမှာဈေးတက်နေတယ်၊ တခြားနိုင်ငံတွေမှာ ဈေးတက်နေတယ်၊အထွက်နည်းတယ်ဆိုရင်တောင်သူတွေ အတွက် တကယ်ကိုအထိနာမှာ သေချာပါတယ်။ အခုလက်ရှိအနေအထားအရ တော့ သူတို့ဘက်က ကမ်းလှမ်းခဲ့ရင် ကျွန်တော်တို့ကတော့ ကြိုးစားပြီး လုပ်ကြည့်ရမှာပဲ။ ထွက်ပေါက်တစ်ခုအနေနဲ့တော့ ကြိုးစားကြည့် ရမှာပဲ။ ကျွန်တော်တို့ဘက်ကလည်း တဖြည်းဖြည်း ပုံစံ ပြောင်းမယ်၊ ထွက်လာတဲ့ ပဲပမာဏလျော့လာတယ်ဆိုရင် ကန့်သတ်ထားတဲ့ ပမာဏ ထဲကို ဝင်တယ်ဆိုရင် ဒီအတိုင်းလုပ်ချင်ရင် လုပ်မှာပါ။
အရင်က G to G လုပ်ဖို့ စီစဉ်ထားတာ ဘာကြောင့် ပျက်သွားရတာ ပါလဲ။
လက်ရှိ အိန္ဒိယဘက်က ဈေးမြင့်တဲ့အချိန်တုန်းက G to G ဝယ်ဖို့ လာပြီး ကမ်းလှမ်းတာရှိပါတယ်။ လာကမ်းလှမ်းတဲ့အချိန်မှာ သူက G to G ပဲ ဝယ်ချင်တယ်။ ကျွန်တော်တို့ဘက်မှာလည်း အစိုးရက ဆိုလိုတဲ့သဘောက အရင်တုန်းကတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ကုန်သွယ်/လယ်ယာဆိုတာရှိတယ်။ သိုလှောင်ရုံတွေမှာ ပစ္စည်းဝယ်တယ်။ နိုင်ငံတော်ကငွေနဲ့ ပေးချေတယ်။ ပြီးမှ နိုင်ငံခြားကို ပြန်တင်ပို့တယ်။ ဒါက G to G လုပ်လို့ရတယ်။ အခုဒီမှာကျတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ Public လုပ်ငန်းအနေနဲ့ လွှဲပေးလိုက်တဲ့အခါကျတော့ ဒီလုပ်ငန်းက ဈေးကွက်စီးပွားရေးစနစ်ဖြစ်သွားပြီ။ အဲဒီတော့ ကျွန်တော်တို့ကလ ည်း ဘာပဲဖြစ်ဖြစ် ဟိုအရင်ကတည်းကလည်း စဉ်းစားပြီးသား၊ ဒီလို G to G လာကမ်းလှမ်းရင် ကျွန်တော်တို့က ရောင်းမယ်။ ဒါပေမဲ့ ကျွန်တော်တို့ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ပေါက်ဈေးအတိုင်း တစ်ပတ်ကို တန်ဘယ်လောက် လိုချင်သလဲ၊ တစ်လကို တန်ဘယ်လောက် လိုချင်သလဲ၊ လိုချင်တဲ့ဟာကို ကုန်စည်ဒိုင်မှာ ရောင်းပေးမယ်။ ဒီမှာ လာပြီး Open Tender သဘောမျိုး ရောင်းပေးမယ်။ ဒါကိုသူတို့က လက်မခံဘူး။ လက်မခံတာမှ ဘာအထိ လက်မ ခံတာလဲဆိုတော့ ဈေးကွက်အနိမ့်အမြင့်ကို သူတို့မလိုချင်ဘူး။ ဈေးကွက်ပုံသေတစ်ခု ပဲလိုချင်တယ်။ မင်းတို့တောင်သူဘယ်ဈေးအရင်းကျသလဲ၊ သူတို့ မေးပုံကရှင်းရှင်းလေးရယ်။ ကျွန်တော်တို့ကိုလာမေးတာ။ တောင်သူရဲ့အရင်း က ဘယ်လောက်လဲ။ အဲဒီဈေးနဲ့ ရန်ကုန်ရောက်ရင် ဘယ် လောက်လဲ။ သန့်စင်ပြီးကုန်ကျတာ ဘယ်လောက်လဲ။ ငါတို့ အိန္ဒိယကို ပြန်ပို့ရင် ကုန်ကျစရိတ်ကဘယ်လောက်လဲ။ အကုန်ပေါင်းပြီး အဲဒီပေါ်မှာ ငါတို့ အမြတ်ပေးမယ်။ အဲဒီတုန်းက အဲဒီလိုအခြေအနေ မျိုးဖြစ်ခဲ့လို့ ပျက်သွားခဲ့တယ်။
ဒါပေမဲ့ အခုကတော့ ကျွန်တော်တို့မှာ ထွက်ပေါက်မရှိတော့ဘူး။ အခက်အခဲဖြစ်သွားပြီ။ ဒီG to G လည်း မတတ်နိုင်တော့ဘူး၊ ခေါင်းညိမ့်ရမယ့်အနေအထားကို ရောက်သွားပြီ။ ကျွန်တော်တို့ လိုချင်တာက Publicဘက် က အာမခံပေးမှာက စီးပွား/ကူးသန်း၊ Public နဲ့စီးပွား/ကူးသန်းနဲ့ပေါင်းပြီးတော့ မြန်မာနိုင်ငံအစိုးရ အနေနဲ့ ရောင်းမှာ။ ဒါကို လက်မခံဘူး။ သူက G to G ပဲလိုချင်တာ။ G to G မှာ ဈေးနှုန်းတစ်ခုကို သူက Fixed လုပ်ပြီးေ တာ့ပဲ ဝယ်ချင်တာ။ ကျွန်တော်တို့နိုင်ငံအနေနဲ့ အိန္ဒိယကို ပဲတစ်မျိုးပဲတင်သွင်းတယ်ဆို ပေမယ့် သူတို့နိုင်ငံကနေ ကျွန်တော်တို့ပြန်ဝယ်တဲ့ ပစ္စည်းတွေက နည်းမှ မနည်းတာ။ တကယ့်အိမ်သုံးဆေးဝါးလိုဟာမျိုးတွေ၊ လယ်ယာ သုံးပစ္စည်း တွေ၊ အိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်ရင် သံတို့၊ ဘိလပ်မြေ တို့၊ သကြားတို့၊ ကျွန်တော်တို့ နောက်ဆုံးကြည့်လိုက်တဲ့ သြဂုတ်လ လဆန်းပိုင်းအထိဆိုကျွန်တော်တို့ ပို့လိုက်တဲ့ပဲပမာဏထက် သူတို့ ဆီက ပြန်တင်သွင်း လာတဲ့ပမာဏက ပိုပြီးများနေတာကို တွေ့ရပါတယ်။ ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။