Main menu

Background

ကန်ပိုက်တီနဲ့ လွယ်ဂျယ်မှ တစ်သျှူးငှက်ပျော တင်ပို့

Thu, 11/16/2017 - 15:43 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ ကန် ပိုက်တီကုန်သွယ်ရေးစခန်းမှ အောက် တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၈၃၅၅၃ တန်ဖိုးရှိ တစ်သျှူး ငှက်ပျော ၆၂၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့ တဲ့တန် ၁၀၀ နဲ့နှိုင်းယှဉ်ပါက ၅၂၅ တန် ပိုမိုတင်ပို့ခဲ့သလို လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၃၂၈၉၂ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၁၁၂ တန်ကို အဆိုပါ ရက်သတ္တပတ်မှာ တင်ပို့ခဲ့တာ တွေ့ရပါတယ်။တစ်သျှူးငှက်ပျော  တစ်တန်ကို မိမိဘက်ပေါက်ဈေးမှာ ကျပ်လေးသိန်း ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။    
မော်မော်အောင်