Main menu

Background

မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ရေထွက်ကုန် ပိုမိုတင်ပို့

Fri, 12/08/2017 - 12:35 -- journal_editor

        မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၈ ရက် မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၂၈ သန်းတန်ဖိုးရှိ ရေထွက်ကုန်မျိုးစုံ ၈၈၈၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ် က ၇၄၇၆  တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၂၁၄ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခုတစ်ပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းသုံးခုလုံးမှ ရေထွက်ကုန်များပိုမိုတင်ပို့ခဲ့ တဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။
       တင်ပို့မှုကိုကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၄၂ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်းတို့ကို ၂၈၂ တန်၊ မြိတ်ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၇၇ သန်းတန်ဖိုး ရှိ ငါးမျိုးစုံ၊ ငါးမှုန့်၊ ကင်းမွန်၊ မွေးပုစွန်၊ ကင်းမွန်(လိပ်)၊ သဲကဏန်းတို့ကို ၂၃၀၇ တန်၊ ကော့ သောင်းကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၀၉ သန်းတန် ဖိုးရှိငါးမျိုးစုံ၊ ကင်းမွန်၊ ကဏန်း၊ ပုစွန်၊ ရေဘဝဲ၊ အခြားေ ရထွက်ကုန်နဲ့ ပင်လယ် ငါးရှဉ့်တို့ကို ၆၂၉၉ တန်တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ