Main menu

Background

မူဆယ်မှ နနွင်းတက် ပိုမိုတင်ပို့

Wed, 12/20/2017 - 10:45 -- journal_editor

         ဒီဇင်ဘာ ၂ ရက်မှ ၈ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄၃၉၇၂ တန်ဖိုးရှိ နနွင်း တက် (ရှမ်းစ) ၆၁ တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က  တင်ပို့ခဲ့တဲ့ တန် ၄၀ နဲ့ နှိုင်းယှဉ်ပါက တန် ၂၀ ကျော်ပိုမို တင်ပို့ခဲ့တာတွေ့ရပါတယ်။ နနွင်းတက်ကို တစ်ဖက်နိုင်ငံမှာ ပရဆေးဖော်ဖို့နဲ့  အမှုန့်ပြုလုပ်ဖို့သာ ဝယ်ယူ နေတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေတာ လို့ ကုန်စည်ဒိုင်တွေက တစ်ဆင့် သိရပါတယ်။ နနွင်းခါးကတော့ ဈေးချိုလို့ နည်းနည်းချင်းစီပဲ အဝယ်ရှိနေတယ်လို့ သိရပါတယ်။

 

မော်မော်အောင်