Main menu

Background

မတ်ပဲနှင့် ပဲတီစိမ်း တင်သွင်းမှုကန့်သတ်ချက်အား အိန္ဒိယအစိုးရပြင်ဆင် သက်တမ်းတိုးလိုက်ရာ အိန္ဒိယကုန်သည်များအနေဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း မတ်ပဲ၊ ပဲတီစိမ်း တန်ချိန်သုံးသိန်းခန့် ပြည်ပမှ တင်သွင်းနိုင်မည်

Wed, 05/16/2018 - 10:54 -- journal_editor

       အိန္ဒိယဗဟိုအစိုးရသည် ပြည်တွင်း ပဲဈေးနှုန်းများတည်ငြိမ်စေ ရန်အတွက် မတ်ပဲနှင့် ပဲတီစိမ်း(ခွဲခြမ်းများနှင့် အခြားပုံစံများအပါအဝင်) နှစ်စဉ်တင်သွင်းခွင့် ကန့်သတ်ချက်အား တန်ချိန်သုံးသိန်းခန့်အဖြစ် သတ်မှတ်ကြောင်း မေ ၄ ရက်က DirectorateGeneral of Foregin Trade က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်နှစ် ၂၀၁၇ ခုနှစ်၊ သြဂုတ်လက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပဲတီစိမ်း၊ မတ်ပဲအလုံးနှင့် ကုန်ကြမ်းတင်သွင်းခွင့်ကို ကန့်သတ်ခဲ့ပြီး ခွဲခြမ်းများအား ကန့်သတ်ချက်တွင်ဖော်ပြထားခြင်းမရှိ ကြောင်း၊  သို့ဖြစ်၍   ပဲခွဲခြမ်းများအားကုန်သည်များအနေဖြင့် တင်သွင်း ရန်ခွင့်ပြုသကဲ့သို့ဖြစ်နေခဲ့ကြောင်း ဖော်ပြထားသည်။
ယခုကြေညာချက်အသစ်တွင်မူ   ပဲတီစိမ်းနှင့် မတ်ပဲအမျိုးအစား အားလုံး (ခွဲခြမ်းများအပါအဝင်) အတွက် တန်ချိန် သုံးသိန်းခန့်တင်သွင်း ခွင့်ပြုလိမ့်မည်ဟု ဖော်ပြထားပြီး အဆိုပါပဲနှစ်မျိုးအတွက် တန်ချိန်တစ် သိန်းခွဲစီ ခွဲခြားသတ်မှတ်ပေးထားပါသည်။သို့ရာတွင် ၎င်းင်းကန့်သတ်ချက်သည် နှစ်နိုင်ငံ^ဒေသတွင်း သဘောတူညီချက်များအောက်ရှိ အစိုးရ၏ ကတိကဝတ်များအပေါ် သက်ရောက်ခြင်းမရှိဟု ရှင်းလင်းဖော်ပြထားကြောင်း သိရှိရ သည်။အိန္ဒိယ၏ မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းမှုပမာဏ၏ ၇၀ ရာခိုင် နှုန်းကျော်မှာ မြန်မာနိုင်ငံမှဖြစ်ရာ ယခုကြေညာချက်အသစ်ကြောင့် အိန္ဒိယအစိုးရ၏ ကန့် သတ်ချက်တန်ချိန်သုံးသိန်းအတွင်း တင်ပို့နိုင်ရေး မြန်မာ့မတ်ပဲနှင့် ပဲတီစိမ်းကဏ္ဍ၌  လှုပ်ရှားဆောင်ရွက်မှုများ ပြန်လည် မြင်တွေ့လာရတော့မည်ဖြစ်ပါ သည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့