Main menu

Background

တစ်သျှူးငှက်ပျောတင်ပို့မှုကြောင့် ကုန်သွယ်မှုပိုငွေများပြားလာသည့် ကန်ပိုက်တီကုန်သွယ်ရေးစခန်း

Thu, 01/17/2019 - 13:06 -- journal_editor

      မြန်မာနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယပြည်သူ့ သမ္မတနိုင်ငံတို့အကြား တည်ရှိကာ ကုန်သွယ်မှုအချက်အချာကျသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများ၊ အနောက် ဥရောပနိုင်ငံများနှင့်လည်း ကုန်သွယ်မှု ပြုလျက်ရှိပါတယ်။မြန်မာနိုင်ငံသည် ပင်လယ်ဆိပ်ကမ်းမှ ရေကြောင်းကုန်သွယ်မှု၊ လေကြောင်းကုန်သွယ်မှု ၊ နယ်စပ်ဒေသများမှ မော်တော်ယာဉ်များဖြင့် နယ်စပ်ကုန်သွယ် မှုပြု လုပ်လျက်ရှိပြီး နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၇၀ ရာခိုင်နှုန်းကျော် ကုန် သွယ်မှုပြုလျက်ရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုမှ ၃၀ ရာခိုင်နှုန်း ဝန်း ကျင်ရှိပါကြောင်း သိရှိရပါတယ်။ နယ်စပ် ကုန် သွယ်မှု တွင် ကုန်သွယ်ရေးဇုန်(၂)ခု ၊ နယ်စပ် ကုန် သွယ်ရေးစခန်း(၁၇)ခု၊ ပို့ကုန်သွင်းကုန်ရုံး (၄) ခုရှိကြောင်း ၊ကုန်သွယ်ရေးဇုန်အနေဖြင့် တရုတ်မျက်နှာစာတွင် မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်၊ ထိုင်းမျက်နှာစာတွင် မြဝတီ ကုန်သွယ်ရေးဇုန်တို့ဖြစ်ပါ ကြောင်း ၊ ကုန်သွယ်ရေးစခန်းများအနေဖြင့် တရုတ်မျက်နှာစာတွင် လွယ်ဂျယ် ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ ထိုင်းမျက်နှာစာ တွင် တာချီ လိတ်၊ မြိတ်၊ ကော့သောင်း၊ မောတောင်၊ ထီးခီး၊ မယ်စဲ့၊  အိန္ဒိယ မျက်နှာစာတွင် တမူး၊ ရိဒ်၊ ထန်တလန်၊ ဘင်္ဂလားဒေ့ရှ် မျက်နှာစာတွင် စစ်တွေ၊ မောင်တော ၊ လာအိုမျက်နှာစာတွင် ကျိုင်းလပ် ကုန်သွယ်ရေး စခန်း ၊ ပို့ကုန်သွင်းကုန်ရုံးများအနေဖြင့် ရန်ကုန် ၊ မန္တလေး ၊ ကျိုင်းတုံ၊ မြစ်ကြီးနား တို့ဖြစ်ပါကြောင်း သိရှိရပါတယ်။
နယ်စပ်ကုန်သွယ်ရေးစခန်းများထဲမှ ကန်ပိုက်တီ ကုန်သွယ် ရေးစခန်းမှတင်ပို့လျက်ရှိသည့် တစ်သျှူး ငှက်ပျောတင်ပို့မှုနှင့်ပတ် သက်၍ တင်ပြလိုပါတယ်။ ဖော်ပြပါ ကုန်သွယ်ရေးစခန်းများအနက်မှ ကန်ပိုက်တီကုန်သွယ်ရေး စခန်း မှ တစ်သျှူးငှက်ပျောကို အများဆုံး တင်ပို့လျက်ရှိပါတယ်။ တစ်သျှူးငှက်ပျော စိုက်ပျိုးမှုအနေဖြင့် ကချင်ပြည်နယ်အတွင်း ဧကခြောက်သောင်းကျော် စိုက်ပျိုးလျက်ရှိပါ တယ်။ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှတင်ပို့သည့် ငှက်ပျောများ မှာ မြစ်ကြီးနား မြို့နယ်၊   ဝိုင်းမော်မြို့နယ်များမှ  စိုက်ပျိုးမြေဧက ငါးသောင်းကျော် စိုက်ပျိုးထုတ်လုပ်တင်ပို့လျက်ရှိပါတယ်။၊ မြစ်ကြီးနား မြို့နယ်တွင် ဧကတစ်သောင်းကျော် ၊ ဝိုင်းမော်မြို့နယ်တွင် ဧက သုံးသောင်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း သိရှိရပါတယ်။ မြစ်ကြီး နားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့မှ ငှက်ပျောစိုက်ပျိုးတင်ပို့သည့် ကုမ္ပဏီ  ၂၀ ကျော် ရှိကြောင်း သိရှိရပါတယ်။
တစ်သျှူးငှက်ပျော စိုက်ပျိုးထားရှိမှုနှင့်ပတ်သက်၍ စိုက်ပျိုး မြေများငှားရမ်းခများ၊ တရုတ်နိုင်ငံသား ဝင်/ထွက်မှုမှ ရရှိသည့် အခ များ၊ တစ်သျှူးငှက်ပျောတင်ယာဉ်များ ဝင်/ထွက်မှုများမှ ရရှိသည့် အခများ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ ရရှိလျက်ရှိ ပါတယ်။ အဓိကစိုက်ပျိုးသည့်ငှက်ပျောမှာ တစ်သျှူး ငှက်ပျောဖြစ်ပြီး ပါရှီးငှက်ပျော ၊ ဝီနီစီ ြ၆ ၊ ဘရားဇီးမျိုးရင်းတို့လည်း စိုက်ပျိုးလျက်ရှိပါ ပါတယ်။ အများဆုံးစိုက်ပျိုးသည့် တစ်သျှူးငှက်ပျောပင်များကို ဧပြီလတွင် စတင်စိုက်ပျိုးပြီး နောက်တစ်နှစ် ဇူလိုင်လခန့်တွင် စတင် ထွက်ရှိကာ တစ်သျှူးငှက်ပျော တစ်ပင်လျှင် ငါးဖီး မှ ရှစ်ဖီးခန့်အထိ ထွက်ရှိလျက်ရှိကြောင်း အောက်တိုဘာလနှင့် နိုဝင်ဘာလလောက် တွင် စတင်ခုတ်သိမ်းပြီး စိုက်ပျိုး တစ်ဧကလျှင် တစ်သျှူးငှက်ပျော  ၁၃  တန်မှ ၁၄ တန်ထိ ထွက်ရှိလျက်ရှိကြောင်း သိရှိရပါတယ်။
တစ်သျှူးငှက်ပျောဈေးနှုန်းအနေဖြင့် ၁ ုါ လျှင် ၤဥြ  ဈေးနှုန်း ၆၀ဝ ကျပ်ရှိသဖြင့် တစ်တန်လျှင် ကျပ်ခြောက်သိန်းဝန်းကျင်ရရှိကာ တစ်ဧကလျှင် ကျပ်သိန်း ၇၀ အထက်ရရှိလျက်ရှိကြောင်း သိရပါ တယ်။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် အလုပ်သမားခ၊ မျိုးဖိုး၊ ဓာတ်မြေဩဇာ၊ အထွေထွေကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း ၄၀ ဝန်းကျင်ခန့်ရှိကြောင်း သိရှိရပါတယ်။ တစ်ဧကအမြတ်ငွေရရှိမှု အနေဖြင့်  ကျပ်သိန်း ၃၀ ဝန်းကျင်ခန့်ရရှိလျက်ရှိကြောင်းကိုလည်း သိရှိရပါတယ်။
တစ်သျှူးငှက်ပျောများအား ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှစတင်ပြီး စမ်းသပ်စိုက်ပျိုးတင်ပို့လျက်ရှိရာ တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် အောက်ပါအတိုင်း တင်ပို့ လျက်ရှိကြောင်း သိရှိရပါတယ်-
    စဉ်    ဘဏ္ဍာနှစ်    တန်ချိန်    တန်ဖိုး(ဒေါ်လာသန်း)
    (၁)    ၂၀၁၀-၂၀၁၁    ၅၁၄၀ဝ    ၅  .၈၄၅
    (၂)    ၂၀၁၁-၂၀၁၂    ၂၅၈၈၀    ၃  .၁၄၆
    (၃)    ၂၀၁၂-၂၀၁၃    ၅၁၂၉    ဝ  .၈၄၀
    (၄)    ၂၀၁၃-၂၀၁၄    ၂၆၄၀၅    ၄  .ဝ၄၈
    (၅)    ၂၀၁၄-၂၀၁၅    ၃၃၇၇၀    ၄  .၉၈၂
    (၆)    ၂၀၁၅-၂၀၁၆    ၈၁၃၄၀    ၂၅  .၇၂၉
    (၇)    ၂၀၁၆-၂၀၁၇    ၁၇၆၅၇၀    ၅၅  .၂၂၆
    (၈)    ၂၀၁၇-၂၀၁၈    ၂၆၆၄၅၀    ၇၈  .၈၅၈
    (၉)    ၂၀၁၈ ခုနှစ်    ၂၆၆၃၆၉    ၈၃  .၃၆၇
        ဧပြီမှ ဒီဇင်ဘာလထိ
ကန်ပိုက်တီကုန်သွယ်ရေးစခန်းတွင် ဘဏ္ဍာနှစ်အလိုက် ကုန် သွယ်မှုပိုငွေပြမှုမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း သိရှိရပါတယ်-
    စဉ်    ဘဏ္ဍာနှစ်    ပို့ကုန်    သွင်းကုန်    ကုန်သွယ်မှုပမာဏ    ကုန်သွယ်မှုပိုငွေ
            (ဒေါ်လာသန်း)    (ဒေါ်လာသန်း)    (ဒေါ်လာသန်း)    (ဒေါ်လာသန်း)
    (၁)    ၂၀၁၆-၂၀၁၇    ၆၄  .ဝ၉၄    ၄၂  .၄၇၇    ၁၀၆  .၅၇၁    ၂၁  .၆၁၇
    (၂)    ၂၀၁၇-၂၀၁၈    ၈၅  .၉၂၅    ၃၀  .၇၁၇    ၁၁၆  .၆၄၅    ၅၅  .၂၀၈
    (၃)    ၂၀၁၈ ခုနှစ်    ၈၈  .၆၆၈    ၁၇  .၅၄၇    ၁၀၆  .၂၁၅    ၇၁  .၁၂၁
        ဧပြီလမှ ဒီဇင်ဘာလထိ
ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ   ပို့ကုန်တင်ပို့မှု အားလုံး အနက် တစ်သျှူးငှက်ပျောတင်ပို့မှု ရာခိုင်နှုန်းမှာ  အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်-
ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ တစ်သျှူးငှက်ပျော တင်ပို့မှု မှရရှိသည့် ကြိုတင်ဝင်ငွေခွန် ၂ရာခိုင်နှုန်း ကောက်ခံရရှိမှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်   ကျပ်သန်းပေါင်း ၁၄၀ဝကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း၂၁၀ဝကျော် ၊ ၂၀၁၈ ခုနှစ် ဧပြီလမှ  ဒီဇင်ဘာလအထိ ကျပ်သန်းပေါင်း ၃၀ဝဝ  ကျော် ကောက်ခံရရှိလျက်ရှိကြောင်း သိရှိရပါတယ်။ ကန်ပိုက်တီ ကုန်သွယ် ရေးစခန်းမှ နိုင်ငံတော်အတွက် နှစ်စဉ်ကုန်သွယ်မှု တိုးတက်လာသလို အခွန်အခများ   ကောက်ခံရရှိမှုသည်လည်း တိုးတက်ရရှိလျက်ရှိ ကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော် မြို့နယ်တို့မှထွက်ရှိသည့် တစ်သျှူးငှက်ပျောများအနေဖြင့် တရုတ် နိုင်ငံအတွင်းရှိ ပြည်နယ်များဖြစ်သည့် ကူမင်း၊ ပေကျင်း၊ ကွမ်တုံ၊ သုံးပိတ်၊ ဟိန်းလုံကျန်၊ ရှီအန်၊ စွေကျုံး၊ ဝုဟန်၊  ထုံချင်း၊ ကျိန်ကျုံး စသည့် ပြည်နယ်များနှင့် တရုတ်ပြည်တစ်နိုင်ငံလုံးသို့ တင်ပို့လျက် ရှိပြီး ရုရှားနယ်စပ်ထိ ရောက်ရှိလျက်ရှိကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော် မြို့နယ်တို့မှ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် တစ်သျှူးငှက် ပျောများသည် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့်  တစ်ဖက် နိုင်ငံ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုမှရရှိသည့် အခွန်အခများ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု များအဖြစ်  ငှက်ပျောနှင့်အတူ ဖရဲ၊ ငရုတ်၊ သီးနှံအမယ်များကိုပါ စိုက် ပျိုးထုတ်လုပ်လာခြင်းကြောင့် လုပ်သားများအတွက် ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်းများ ပေါများခြင်း ၊ တစ်ဖက်တရုတ်နိုင်ငံမှ စိုက် ပျိုးနည်းပညာသစ်များရရှိခြင်း၊ ကချင်ပြည်နယ်၏ ွမသျ ီသာနျအငခ ဏမသိကခအ တိုးတက်လာခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သော သွင်းကုန်အင်အားစုများမှ ရရှိသည့် အခွန်အခများ ၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ ရရှိခြင်း ၊ ကန်ပိုက်တီကုန်သွယ်ရေး စခန်းမှ  တစ်သျှူးငှက်ပျောများအား နှစ်စဉ် တိုးတက်တင်ပို့မှုများ ကြောင့် နိုင်ငံတော်အတွက် ကန်ပိုက်တီကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပိုငွေများ ရရှိခြင်း  စသည့်  အကျိုးကျေးဇူးများစွာ ရရှိ လျက်ရှိကြောင်း တင်ပြလိုက်ရပါတယ်။