Main menu

Background

တစ်ပတ်အတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန်သုံးသောင်းကျော်တင်ပို့

Wed, 09/18/2019 - 10:27 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများ ဖြစ်သော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ  သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေရိ ကန်ဒေါ်လာ သုည ဒသမ ၉၀၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန်  ၃၂၀၀ ကျော်တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် မှ တန်ချိန် ၁၂၆၀ ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ တန်ချိန် ၁၂၀၀ ကျော်နှင့် ချင်းရွှေေ ဟာ်စခန်းမှ  တန်ချိန် ၇၃၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်တွင် လွယ် ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၃၀ နှင့် မြဝတီကုန်သွယ်ရေးဇုန်မှဆန်ကွဲ တန်ချိန် ၈၀၀ နီးပါးတင်ပို့ို့ခဲ့သည်။ ပင်လယ်ရေကြော င်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက် မှ ၇ ရက်အထိကာလအတွင်းအမေရိကန်ဒေါ်လာ ခုနစ်သန်း ကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၂၃၄၇၀ ကျော် တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ဆန်တင်ပို့သောနိုင်ငံများမှာ တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နို င်ငံ၊ ဗီယက်နမ်၊ ရုရှား၊ မလေးရှား၊ စင်ကာပူ၊မက်ဒါ ဂါးစကား၊ ကင်မရွမ်၊ ဂီနီ၊ကင်ညာနှင့်အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်းသိရသည်။ အများဆုံးတင်ပို့သော နိုင်ငံများ နှင့်တင်ပို့သော တန်ချိန်များမှာ တရုတ်နိုင်ငံသို့  တန်ချိန် ၁၂၂၀၀ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့  တန်ချိန် ၁၃၀၀၊ ရုရှားသို့ တန်ချိန် ၁၂၅၀၊ ကင်မရွမ်သို့ တန်ချိန်၂၅၀၀၊ မက်ဒါဂါစကား သို့ တန်ချိန် ၁၂၇၀ ကျော်၊ ကင်ညာသို့တန်ချိန် ၁၀၀၀၊ အီးယူ သို့ တန်ချိန် ၃၅၀၀ ကျော်နှင့်  တင်ပို့ခဲ့ေ ကြာင်း သိရသည်။ ယခင်တစ်ပတ်   တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၃၀၀၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။
      ယခုတစ်ပတ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ သုံး သန်းကျော် တန်ဖိုးရှိ  ဆန်ကွဲတန်ချိန် ၁၁၇၀၀ ကျော် တင်ပို့ခဲ့ သည်။ ယခုတစ်ပတ်ဆန်ကွဲတင်ပို့သော  နိုင်ငံများမှာ အင်ဒို နီးရှား၊ ထိုင်း၊ လာအို၊ စင်ကာပူ၊ အီးယူ၊  ဂျီဘူ တီ၊ ယူအေအီး၊ အိုင်ဗရီကို့စ်နှင့် ဆီနီဂေါနိုင်ငံများဖြစ်သည်။  ဆန်ကွဲအများဆုံး ဝယ်ယူသောနိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံမှတန်ချိန် ၅၂၀၀ ကျော်၊ အီးယူနိုင်ငံများမှ တန်ချိန် ၃၇၀၀ကျော်၊ ဂျီဘူတီ နိုင်ငံမှတန်ချိန် ၈၀၀ ကျော်၊ ဆီ နီဂေါမှ   တန်ချိန် ၇၈၀ ဖြစ် သည်။ ယခုတစ်ပတ်တွင် လာအိုနိုင်ငံသို့ ဈေးကွက်သစ်ရရှိခဲ့ပြီး တန်ချိန် ၁၀၀ တင်ပို့ခဲ့သည်။  ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်း ယှဉ်ပါက တန်ချိန် ၁၈၀၀ ကျော်လျော့ကျခဲ့ကြောင်းသိရသည်။ ယခုတစ် ပတ်အတွင်း  ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းမှာ ဆန်တန်ချိန် ၂၆၆၀၀ ကျော်နှင့် ဆန်ကွဲတန်ချိန် ၁၂၅၀၀ ကျော်ဖြစ်ကြောင်း သိရသည်။

 

ယဉ်ယဉ်အေး