အိမ်ခြံမြေဈေးကွက် အငှားဈေးကွက် ဖြစ်နေ ယခုလတ်တလော ရန်ကုန်မြို့ အိမ်၊ခြံ၊မြေဈေးကွက်အတွင်း အရောင်း အဝယ်များနှေးလာပြီး အငှားဈေးကွက် သို့ ဦးဆောင် နေကြောင်း အိမ်၊ခြံ၊မြေ လုပ်ကိုင်သူ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။ ''အခုဈေးကွက်တစ်ခုလုံးက အငှား ဈေးကွက်ဖြစ်နေတယ်။ ရာခိုင်နှုန်းနဲ့ ကြည့်မယ်ဆိုရင် အရောင်းအဝယ်က ၂ဝ ရာခိုင်နှုန်း လောက်ပဲရှိမယ်။ ကျန်တဲ့ ၈ဝ ရာခိုင်နှုန်းက အငှားဈေးကွက်ပဲ ငှားတဲ့သူတွေကလည်း ရန်ကုန်မြို့ထဲ Down town ၆မြို့နယ်နဲ့နီးတဲ့ နေရာ တွေကိုပိုပြီး ကြိုက်ကြတယ်။ အရောင်း အဝယ်ကတော့အေးတယ်။ မြေကောအိမ်ပါ အပါအဝင် ကျပ်သိန်း ၃ဝဝဝဝန်းကျင်လောက် အရောင်းအဝယ်ဖြစ် တယ်။ ကွန်ဒိုတွေလည်း အရောင်း နှေး သွားတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလတစ်လလုံးကို အရောင်းအဝယ်ထက်အငှားက ပိုဖြစ် တယ်''ဟု ၎င်းကပြော ကြားသည်။ ယခုလတ်တလော ဖြစ်ပေါ်နေ သော အရောင်းအဝယ်ဈေးနှုန်းများမှာ ဗိုလ်တထောင်မြို့နယ်တွင် မြေညီထပ် ကျပ်သိန်း ၉ဝဝဝန်း ကျင် ဗဟန်းမြို့ လနယ်တွင် လုံးချင်း ကျပ်သိန်း ၃ဝဝဝ ဝန်းကျင် ကွန်ဒိုတိုက်ခန်းကျပ်သိန်း ၄ဝဝ မှ ၁ဝဝဝ ဝန်းကျင်နှင့် ဒဂုံမြို့နယ်တွင် မြေ တစ်ပေပတ်လည်ကျပ် ၅ သောင်း မှ ၂ သိန်းဝန်းကျင်အထိ ဈေးရှိကြောင်းသိရ သည်။ မင်းသန့််
Background