Main menu

Background

ငွေကြေးဈေးကွက်၏ ၂၀၂၁ ခုနှစ် ငွေကြေးဖောင်းပွမှုမျှော်မှန်းချက် ၄.၇၁ ရာခိုင်နှုန်း သို့မြင့်တက်

Tue, 03/30/2021 - 11:42 -- journal_editor

             ယခုနှစ်၏ စားသုံးသူဆနှုန်းကိန်း(National Broad Consumer Price Index - IPCA)သည် ၄ဒသမ၆၀ ရာခိုင်နှုန်းမှ ၄ဒသမ၇၁ ရာခိုင်နှုန်းတို့ မြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း ၁၁ ပတ်မြောက် ငွေကြေး ဖောင်းပွမှု မြင့်တက်ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင်ထုတ်ဝေသည့် ဘရာဇီးလ် နိုင်ငံဗဟိုဘဏ်၏ အပတ်စဉ်ထုတ် ငွေကြေးဈေးကွက်သတင်းစာစောင်တွင် IPCA ခန့်မှန်းချက်များနှင့် အတူ စီးပွားရေးညွှန်းကိန်းများအတွက် မျှော်မှန်းချက်များကို ဖော်ပြထားသည်။

               ၂၀၂၂ ခုနှစ်အတွက် ငွေကြေးဖောင်ပွမှုခန့်မှန်းချက် ၃ဒသမ၅၁ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်၏ ငွေကြေးဖောင်းပွမှုခန့်မှန်းချက် ၃ဒသမ၂၅ ရာခိုင်နှုန်း အသီးသီးတို့ကို ခန့်မှန်းထားသည်။ ယခုနှစ် အတွက် အမျိုးသားငွေကြေးကောင်စီ(National Monetary Council)၏ ငွေကြေးဖောင်းပွမှု သတ်မှတ်ချက်သည် ၃ဒသမ၇၅ ရာခိုင်နှုန်းဖြစ်ပြီး ၁ဒသမ၅ ရာခိုင်နှုန်းအတိုးအလျှော့ဖြစ်နိုင်ကြောင်း သတ်မှတ်ထားသည်။ ငွေကြေးဖောင်းပွမှုသတ်မှတ်ချက်သည် အနိမ့်ဆုံး ၂ဒသမ၂၅ ရာခိုင်နှုန်းနှင့် အမြင့်ဆုံး ၅ဒသမ၂၅ ရာခိုင်နှုန်းတို့ ဖြစ်သည်။

       အခြေခံဘဏ်တိုးနှုန်းသတ်မှတ်ခြင်းအား လုပ်ဆောင်ခြင်းဖြင့် သတ်မှတ်ထားသည့် ငွေကြေးဖောင်းပွမှုနှုန်းဖြစ်ပေါ်စေရန် ဗဟိုဘဏ်ကဆောင်ရွက်သည်။ ထို့အပြင် မတ်လဒုတိယ အပတ်တွင် ငွေကြေးမူဝါဒကော်မတီ(Monetary Policy Committee - Copom)က အခြေခံဘဏ်တိုး နှုန်းအား တစ်နှစ်လျင် ၂ ရာခိုင်နှုန်းမှ ၂ဒသမ၇၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။  ဘဏ်အတိုးနှုန်း တိုးမြှင့်သတ်မှတ်ခြင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ပထမဆုံးအကြိမ်အဖြစ် စတင်လုပ်ဆောင် ခဲ့သည်။

              အစားအ‌သောက်ဈေးနှုန်းများမြင့်တက်မှုသည် အခြားကဏ္ဍများကိုပါ အကျိုးသက်ရောက် လျက်ရှိပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဘဏ်တိုးနှုန်းအားတစ်နှစ်လျင် ၅ ရာခိုင်နှုန်းသို့တိုးမြှင့်ရန် ငွေကြေးဈေးကွက်က မျှော်မှန်းခဲ့သည်။ မေလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင်ပြုလုပ်မည့် အစည်း အဝေးတွင် ဘဏ်တိုးနှုန်းတွင် သုညဒသမ၇၅ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ရန်ရည်မှန်းထားကြောင်း ငွေကြေး မူဝါဒကော်မတီ (Copom) အစည်း အဝေး ပြီးနောက် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

              ၂၀၂၂ ခုနှစ်တွင် အခြေခံဘဏ်တိုးနှုန်းအား တစ်နှစ်လျင် ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားရန် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများကခန့်မှန်းထားပြီး  ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းများတွင် ဘဏ်တိုးနှုန်းတိုးမြှင့်မှုများ ဆက်လက်ဖြစ်ပေါ်နေရန် မျှော်မှန်းထားသည်။ အခြေခံဘဏ်တိုးနှုန်း မြှင့်တင်မှုသည် ငွေကြေးဖောင်းပွမှုထိန်းညှိရာတွင် အထောက်အကူဖြစ်စေကြောင်း၊ အတိုးနှုန်းများမြှင့် တင်မှုသည် ကုန်ဈေးနှုန်းမြင့်တက်မှုများ၏ ရိုက်ခတ်မှုကို ဖော်ပြနေကြောင်း၊ ဘဏ်အတိုးနှုန်းကို မြှင့်တင်ခြင်းဖြင့် အပ်နှံစုဆောင်းငွေများပိုမိုတိုးတက်လာပြီး ချေးငွေထုတ်ပေးနိုင်မှုတွင်လည်း တိုးမြင့် လာကြောင်း၊ သို့ရာတွင် ဘဏ်တိုးနှုန်းမြင့်တက်မှုသည် စီးပွားရေးပြန်လည် နာလန်ထူမှုအပေါ်တွင်မူ အခက်အခဲတစ်ရပ်ဖြစ်ပေါ်စေကြောင်း၊ အတိုးနှုန်းမြင့်တက်မှုများကြောင့်  ဘဏ်ချေးငွေရယူအသုံးပြု သူများအပေါ်တွင် အုပ်ချုပ်မှုဆိုင်ရာအသုံးစရိတ်များနှင့် အကျိုးအမြတ် ရရှိမှုတို့ အပေါ်တွင် ထိခိုက် မှုများရှိလာမည်ဖြစ်ကြောင်း ငွေကြေးအဖွဲ့အစည်းများက ပြောကြားခဲ့သည်။

              ငွေကြေးမူဝါဒကော်မတီက အခြေခံဘဏ်တိုးနှုန်းများလျှော့ချပေးပါက ချေးငွေအတိုးနှုန်း များလည်းလျှော့ကျမည်ဖြစ်သဖြင့် ထုတ်လုပ်မှုနှင့်စားသုံးမှုများပိုမိုပြုလုပ်ရန် တွန်းအားပေးမှုကို ဖြစ်စေပြီး ငွေကြေးဖောင်းပွမှုကိုထိန်းနှိုင်ကာ စီးပွားရေးလည်ပတ်မှုကို ပိုမိုနှိုးဆွနိုင်မည်ဖြစ်သည်။

              ဘရာဇီးလ်နိုင်ငံ၏ ၂၀၂၁ ခုနှစ် စီးပွားရေးတိုးတက်မှုအား ၃.၂၃ ရာခိုင်နှုန်းမှ ၃ဒသမ၂၂ ရာခိုင် နှုန်းအကြားတွင်ဖြစ်ပေါ်နေရန် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများက မျှော်မှန်းလျက်ရှိသည်။ လာမည့် ၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ GDP တိုးတက်မှုနှုန်းအား ၂ဒသမ၃၉ ရာခိုင်နှုန်း ရရှိရန်နှင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ၂ဒသမ၅၀ ရာခိုင်နှုန်းသို့ တိုးတက်လာရန် ငွေကြေးအဖွဲ့အစည်းများက မျှော်မှန်းထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံခြားငွေ အမေရိကန် ၁ ဒေါ်လာ တန်ဖိုးသည် ဘရာဇီးလ်ဟဲရာ ၅.၃၀ နှုန်းဖြင့် ဆက်လက်ဖြစ်ပေါ်နေရန်နှင့် ၂၀၂၂ ခုနှစ်တွင် ငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာလျင်  ၅ဒသမ၂၅ ဟဲရာနှုန်း ဖြစ်ပေါ်ရန် မျှော်မှန်းထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - Financial market raises inflation projection to 4.71% this year, correiobraziliense.com.br