ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည် (ကမ်းနား) ပဲကြီး ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအနောက်မှာ ပဲကြီး စိုက်ဧက ၂၉ဝဝဝ ခန့် စိုက်ပျိုးရန် လျာ ထားပြီး ယခုနိုဝင်ဘာလဆန်းထိ ဧက ၅ဝဝ ကျော် စိုက်ပိုျးပြီးဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးမှာ လက်ကျန်များ သေးသော်လည်း၊ ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ပြီး၊ ပဲကြီး (ရွှေကျွန်း)မှာ တစ်ခါတစ်ရံမှအရောင်းအဝယ်ဖြစ်ပါတယ်။ ပဲကြီး (ကမ်းနား) မှာတစ်တင်းလျှင် ၃ဝဝဝဝ ကျပ်မှ ၃ဝ၅ဝဝ ကျပ်ရှိခြဲ့ပီး၊ ပဲကြော်လုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိတာ ကြောင့် တစ်ရက်လျှင် အိတ် ၂ဝဝ ခန့် ရောင်းဝယ်ခဲ့ကြပြီး တင်ပို့မှုအနေနဲ့ အောက်တိုဘာလအတွင်း ရန်ကုန်သို့ အိတ် ၃ဝဝ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
Background