Main menu

Background

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဘရာဇီးလ်နိုင်ငံမှ ပြောင်းတန်ချိန် ၂ဒသမ၈ သန်း တင်ပို့နိုင်ရန် မျှော်မှန်း

Thu, 12/02/2021 - 12:33 -- journal_editor

      ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြောင်းတန်ချိန် ၂ ဒသမ ၈၉၃ သန်းအား တင်ပို့နိုင်ရန်မျှော်မှန်း ထားကြောင်း၊ အောက်တိုဘာလအတွင်းက ပြောင်းတန်ချိန် ၁ ဒသမ ၈၇၃ သန်းအား တင်ပို့နိုင်ခဲ့ပြီး တစ်နှစ်လုံးအတိုင်းအတာဖြင့် စုစုပေါင်းပြောင်းတန်ချိန် ၁၇ ဒသမ ၄၄၅ သန်းအား တင်ပို့နိုင်ရန်ခန့်မှန်း ထားကြောင်း  ဘရာဇီးလ်နိုင်ငံ နှံစားသီးနှံတင်ပို့သူများအသင်း(National Association of Cereal Exporters - Anec)က ပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်လည်း ပြောင်းတန်ချိန် ၄ ဒသမ ၉၃၆ သန်းအား တင်ပို့နိုင်ခဲ့ကြောင်း အသင်းက ပြောကြားခဲ့သည်။

      နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြောင်းတန်ချိန် ၆၁၃,၃၁၀ တန်အား တင်ပို့ထားပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိကာလအတွင်း ပြောင်းတန်ချိန် ၁ ဒသမ ၀၂၅ သန်းအား တင်ပို့သွားရန် ခန့်မှန်းထားကြောင်း နှံစားသီးနှံတင်ပို့သူများအသင်းက ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)     

စီးပွားရေးသံမှူး