Main menu

Background

တောင်ကိုရီးယားသို့ လာရောက်မည့် ခရီးသည်များ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးပါက ကွာရန်တင်း ကင်းလွတ်ခွင့်ပြုမည်

Thu, 04/28/2022 - 15:52 -- journal_editor

တောင်ကိုရီးယားနိုင်ငံသည်  ၂၀၂၂ ခုနှစ် မတ်လအတွင်း လုပ်ငန်းများအတွက် Business Hours များကို  တိုးမြှင့်ခွင့်ပြု၍   Social Dis-tancing စည်းကမ်းများ ဖြေလျှော့ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လဆန်းပိုင်းတွင် ကိုဗစ်(၁၉) နေ့စဉ် ကူးစက်မှု နှုန်းသည် ခြောက်သိန်းအထိသို့ ရောက်ရှိ၍ အမြင့် ဆုံး  စံချိန်တင်ခဲ့သည်။     ထို့နောက် Social Distancing  စည်းကမ်းများကို လိုအပ်သကဲ့သို့ အနည်း ငယ်   ပြင်ဆင်သတ်မှတ်လိုက်နာစေခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လနောက်ဆုံးပတ်တွင်   ကိုဗစ် (၁၉)  ကူးစက်မှုနှုန်းသည်  သုံးသိန်းအောက်သို့ ပြန်လည်    ကျဆင်းလာသဖြင့်   စည်းမျဉ်းများကို ပြန်လည်ဖြေလျှော့ပေးခဲ့သည်။  တောင်ကိုရီး ယားနိုင်ငံ၊  ကျန်းမာရေးဝန်ကြီးဌာန၏  ၂-၄-၂၀၂၂ ရက်စာရင်းအရ  ကိုဗစ်(၁၉)ကူးစက်မှု အတည်ပြုလူနာ ၂၆၄၁၇၁ ဦး၊  သေဆုံးသူ ၃၃၉ ဦး၊  ပြင်းထန်လူနာ ၁၁၆၅ ဦးဖြစ်ကြောင်း သိရ သည်။ကိုဗစ်(၁၉)ကြောင့် များစွာထိခိုက်ခဲ့ရသော တောင်ကိုရီးယားနိုင်ငံ၏ ပြည်တွင်း/ ပြည်ပ ခရီး သွားနှင့်ပို့ဆောင်ရေးကဏ္ဍ     ပြန်လည်ပွင့်လန်း တိုးတက်စေရန်  ရည်ရွယ်လျက် ၂၁-၃-၂၀၂၂ရက် မှစ၍ ကန့်သတ်နိုင်ငံအချို့မှအပ  တောင်ကိုရီး ယားနိုင်ငံသို့ နိုင်ငံတကာ  ဆိုက်ရောက်ခရီးသည် များအား ကာကွယ်ဆေးထိုးပြီးပါကself Quaran-tine  ကင်းလွတ်ခွင့်ပြုခဲ့သည်။အဆိုပါအစီအစဉ်ကို  ၂၀၂၂ ခုနှစ်  မတ်လ အတွင်း   မူလစတင်ကြေညာခဲ့စဉ်က ကိုဗစ်(၁၉) ရောဂါကူးစက်မှု အနေအထားများအရ ယူကရိန်း နိုင်ငံ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံမှ  ခရီးသွား များအတွက် အကျုံးမဝင်ခဲ့သော်လည်း နောက်ဆုံး တွင် ဖြေလျှော့၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ တကာ  ဆိုက်ရောက်ခရီးသည်များအားလုံးအား ကိုဗစ်(၁၉)ကာကွယ်ဆေး အပြည့်အဝထိုးပြီးခဲ့ပါ က  Self Quarantineဖြေလျှော့ ကင်းလွတ်ခြင်း ကို ဧပြီ ၁ ရက်မှ   စတင်ခွင့်ပြုလိုက်ပြီဖြစ်ပါသည်။ သို့ပါ၍     ဆိုက်ရောက်ခရီးသည်များအနေဖြင့် World Health Organization (WHO)    အသိ အမှတ်ပြု ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်ရေ ပြည့်မီစွာထိုးထားရန် လိုအပ်ပြီး တောင်ကိုရီးယား နိုင်ငံသို့   ရောက်ရှိလျှင်   ကိုဗစ်(၁၉)ရောဂါပိုးကို PCR Test ပြန်လည်စစ်ဆေးကာ  ရလဒ် Negative  ဖြစ်ပါက Self Quarantine  ဝင်ရောက်ရန် မလိုအပ် တော့ပါ။ သို့ရာတွင်   ကိုဗစ်(၁၉)ကာကွယ်ဆေး မထိုးထားရသေးသော ဆိုက်ရောက်ခရီးသည်များ အနေဖြင့် Self Quarantine  ခုနစ်ရက်  နေထိုင်ရန် လိုအပ်မည်ဖြစ်သည်။     ထိုကဲ့သို့ တောင်ကိုရီးယားအစိုးရ၏ ဖြေ လျှော့ပေးမှုကြောင့် ၂၀၂၂ ခုနှစ်  မတ်လအတွင်း ပြည်တွင်း/ ပြည်ပခရီးစဉ်   သြသုငညါ တင်မှုများ သည် သိသာစွာ တိုးတက်လာခဲ့ကြောင်း တောင်ကို ရီးယား ခရီးသွားအေဂျင်စီ  အသိုက်အဝန်းထံမှ သိရှိရပြီး   တောင်ကိုရီးယားနိုင်ငံ၏  ပြည်တွင်း/ ပြည်ပခရီးသွားနှင့်ပို့ဆောင်ရေးကဏ္ဍ   ပြန်လည် ပွင့်လန်းတိုးတက်၍ နိုင်ငံ့စီးပွားတိုးတက်မှုကို တစ် ဖက်တစ်လမ်းမှ အထောက်အကူပြုလာနိုင်တော့ မည့်အလားအလာကောင်းတစ်ခုပင်ဖြစ်သည်။

ဝင်းပပသူ(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ ဆိုးလ်မြို့