ဂျာမနီနိုင်ငံရှိစက်ရုံများတွင် အော်ဒီကား ထုတ်လုပ်မှုများကို ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဘီဘီစီသတင်း တပ်ရပ်၏ ဖော်ပြချက်အရသိရသည်။အော်ဒီကားထုတ်လုပ်မှုများအတွက် ကားအစိတ် အပိုင်းများပံ့ပိုးမှု ပြတ်တောက်ခြင်းနှင့် အခြားပိတ်ဆို့မှုများ ကြောင့်အော်ဒီ၏ဂျာမနီရှိ စက်ရုံ Neckarsulm တွင် ထုတ်လုပ်နေသည့်A4, A5 နှင့် A8 အမျိုးအစားမော်တော်ကားထုတ်လုပ်မှုများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်။အော်ဒီကား ထုတ်လုပ်ရေးသည် ယာဉ်အပိုပစ္စည်းအထောက်အပံ့ပြဿနာများကြောင်ဂျာမနီနိုင်ငံရှိစက်ရုံများတွင်ထုတ်လုပ်နေသည့်A4 A5 နှင့် A8မော်ဒယ်သစ်ထုတ်လုပ်မှုများကိုယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။လက်ရှိအချိန်တွင်အော်ဒီ၏ မော်တော်ကား ထုတ် လုပ်မှုများကို ရပ်ဆိုင်းထားသော်လည်း မကြာမီအချိန်တွင် ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားကြောင်း အော်ဒီမော်တော်ကားထုတ်လုပ်ရေးမှ အကြီးတန်းတာဝန်ရှိ သူတစ်ဦးက ပြောသည်။
Ref; Automotive news