Main menu

Background

မန္တလေးမြို့ အရှေ့ ခြမ်း မြို့သစ်မှာ မြရည်နန္ဒာဈေး ဆောက်လုပ်

Thu, 11/11/2010 - 03:33 -- Anonymous (not verified)

မန္တလေးမြို့ အရှေ့ ခြမ်း မြို့သစ်မှာ မြရည်နန္ဒာဈေး ဆောက်လုပ်          မန္တလေးမြို့ အရှေ့ခြမ်း၊ မြို့သစ်မှာ ၄၅ လမ်းနဲ့ လမ်း ၅ဝ ကြား၊ မဉ္ဇူလမ်းနဲ့ ခတ္တာလမ်းကြားတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ရဲမြန်မာ ဆောက်လုပ်ရေးတို့ အကိုျးတူပူးပေါင်း၍ မြရည်နန္ဒာဈေးသစ်ကြီးကို ဆောက်လုပ်လျက်ရှိကြောင်း သိရပါတယ်။             မြရည်နန္ဒာဈေးသစ်ကြီးကို ယခင်လမှ စတင်ဆောက်လုပ်လျက်ရှိရာ တစ်နှစ်ခွဲ စီမံကိန်းဖြင့် ဆောက်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဈေးဆိုင်ခန်းများမှာ အထည်ဆိုင်ခန်း ၁၈၆ ခန်း၊ ပံျကျ ၆၇၂ ခန်းနဲ့ လူနေတိုက်ခန်းပါ ဈေးဆိုင်ခန်း နှစ်ထပ် RC  ၅၁ ခန်းဆောက်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။ ရဲမြန်မာ ဆောက်လုပ်ရေးတာဝန်ခံ ကိုရဲလင်းက '' လက်ရှိရောင်းနေတဲ့ ဈေးသူဈေးသားတွေအတွက် ပံျကျဈေးဆိုင်ခန်းနဲ့ အထည်ဈေးဆိုင်ခန်းကို ၅ လ စီမံကိန်းနဲ့ အရစ်ကျ ၃ ရစ်နဲ့ ရောင်းချပေးနေပြီး အထည်ဆိုင်ခန်းများကို ဦးရာ လူစနစ်နဲ့ ရောင်းချပေးမှာဖြစ်ပြီး ပံျကျဈေးဆိုင်ခန်းကို မဲစနစ်နဲ့ရောင်းချပေးမှာ ဖြစ်တယ်။ လူနေတိုက်ခန်းက ၁၅ ပေx ၄ဝ ပေအကျယ်ရှိပြီး မြေလွတ် ၁ဝ ပေရှိ တယ်။ ပိုင်ဆိုင်မှုစာအုပ်ထုတ်ပေးမယ်။ ဈေးအတွက် ရေ၊ မီး၊ ထရန်စဖော်မာ ထိုင်ပေးမယ်''လို့ပြောပါတယ်။ မန္တလေးမြို့မှာ ဈေး ၃၇ ဈေးရှိပြီး မြရည်နန္ဒာဈေး အပါအဝင် နေ့စဉ် ရောင်းရေးဝယ်တာများ ဆောင်ရွက်လျက်ရှိပါတယ်။ မြရည်နန္ဒာ ဈေးမှာ မန္တလေးမြို့သစ်အရှေ့ခြမ်းရှိ ''ဘဘ'' ၊ ''မမ'' ၊ ''ညည'' ရပ်ကွက်တွင် နေထိုင်သူများအတွက် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်သည့် ဈေးတစ်ဈေးဖြစ်ကြောင်းသိရပါတယ်။                                                                                                                                            ဇူူးဇူူး