Main menu

Background

ကန်ပိုက်တီ ကုန်သွယ်ရေးစခန်း၏  နိုဝင်ဘာလ ကုန်သွယ်မှုအခြေအနေ

Mon, 11/28/2022 - 14:55 -- journal_editor

ကန်ပိုက်တီကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်ဖြစ်သော တစ်သျူးငှက် ပျော တင်ပို့မှုကို လေ့လာကြည့်ပါက နိုဝင်ဘာလ ပထမပတ်အတွင်း တန်ချိန် ၁၉၀ဝ၊ ယာဉ်စီးရေ  ၇၆ စီး အမှန်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပြီး လွန်ခဲ့သော အောက်တိုဘာလ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ငှက်ပျောတင်ပို့မှု ပိုမိုလာကြောင်း တွေ့ရှိရသည်။ ငှက်ပျောစိုက်ပျိုးသော ကုမ္ပဏီများထံ မေးမြန်းစုံစမ်းမှုအရ နိုဝင်ဘာလမှစတင်၍ တစ်သျူးငှက်ပျောထွက်ရှိသည့် ကာလသို့ ရောက်ရှိလာ ပြီဖြစ်သောကြောင့် နောင်ကာလများတွင် တစ်သျူးငှက်ပျောတင်ပို့မှု ပိုမို များပြားလာနိုင်ကြောင်း သိရှိရသည်။
ကန်ပိုက်တီ  ကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာလ ဒုတိယပတ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုမှာ ပို့ကုန် ၁ ဒသမ ၅၇၅ ဒေါ်လာသန်း၊ သွင်းကုန် သုည ဒသမ ၃၀၆  ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့်  ၁ဒသမ ၈၈၁  ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။  ယခုတစ်ပတ် ပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သော တစ်သျူးငှက်ပျော ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် သံခြင်း ကွန်တိန်နာများ၊ အင်ဂျင်များ၊ စက်နှင့်စက်ပစ္စည်းများ၊ သံနှင့်သံမဏိဆောက် လုပ်ရေးသုံးပစ္စည်းများ၊ ဝါယာကြိုးများ၊ ပလတ်စတစ် ကုန်ကြမ်းများ၊  ချည် ထည်များ၊  ချုပ်ပြီး အဝတ်အထည်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ တင် သွင်းနိုင်ခဲ့သည်။ အဓိကပို့ကုန်ဖြစ်သော တစ်သျူးငှက်ပျောမှာ ထွက်ရှိလာပြီ ဖြစ်သောကြောင့် နောင်ကာလများတွင်လည်း ပို့ကုန်ပိုင်းတွင် တစ်သျူးငှက်ပျော များ ပိုမိုတင်ပို့လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကန်ပိုက်တီဒေသတွင် ကန်ပိုက်တီစီပွားရေးနယ်မြေ စီမံကိန်းအား MIC မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မြန်မာဟိန်ယ ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်က အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများကို ငါးနှစ်ကာလအချိန်ယူ၍ တည်ဆောက် မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါစီမံကိန်းတွင် ဇုန်ခြောက်ခုဖြင့် သတ်မှတ် ဆောင်ရွက်ရာတွင် ဇုန် (E)  အပိုင်း၌  ဆိုင်ခန်းများ တည်ဆောက်ထားရှိပြီး ယခုနှစ်တွင် အောက်တိုဘာလမှစတင်ကာ  ဇုန် (B) တွင် အလျား ၁၃၁ ဒသမ ၆  မီတာ၊ အနံ ၃၀  မီတာနှင့် ထု ၂၅၀ မီလီမီတာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။        
ကန်ပိုက်တီကုန်သွယ်ရေးစခန်း