Main menu

Background

ယခုတစ်ပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Tue, 12/13/2022 - 12:54 -- journal_editor

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၁၅ သန်းတန်ဖိုးရှိ ရော်ဘာ တန်ချိန် ၂၂၇၀ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀၇၀ နှင့် မလေးရှားနိုင်ငံသို့  ရော်ဘာတန်ချိန် ၂၀ဝ တင်ပို့ခဲ့သည်။
ယခုတစ်ပတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ၁၃၅ သန်းတန်ဖိုးရှိ ရော်ဘာ ၇၅၁၇ တန် တင်ပို့ခဲ့သည်။  မြန်မာ-တရုတ်နယ်စပ် လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၇၃၃၀ ကျော် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်လမ်းကြောင်းမှ ရော်ဘာ ၁၈၅တန်ခန့် တင်ပို့ခဲ့ကြောင်းသိရသည်။ 
ယခုတစ်ပတ် နည်းလမ်းနှစ်သွယ်မှ ရော်ဘာတန်ချိန် ၉၇၈၀ ကျော် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန်  ၂၈၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ  ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅၉၀ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၆၀၃၇၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ ပြောင်းတန်ချိန် ၃၀၇၆၀ ကျော်၊ တရုတ်နိုင်ငံသို့ ပြောင်း ၁၁၉၄၈ တန်၊   ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန် ချိန် ၉၆၈၈၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ပြောင်းတန်ချိန် ၅၄၀ဝ၊ သီရိလင်္ကာနိုင်ငံသို့ ပြောင်းတန်ချိန် ၁၀ဝ၀၊ မလေးရှားနိုင်ငံသို့ ပြောင်း ၆၉၅ တန်နှင့်  ဈေးကွက်သစ်ဖြစ်သော တောင်အမေရိကရှိ ဆူရာနမ်နိုင်ငံသို့ ပြောင်း ၈၇၅ တန် တင်ပို့ခဲ့သည်။ 
ယခုတစ်ပတ် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ  ပြောင်း တန်ချိန် ၅၅၆၀ ကျော် တင်ပို့နိုင်သဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၅ သန်း ရရှိခဲ့ သည်။ ယခုတစ်ပတ် နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှုတန်ချိန် ၆၅၉၃၀ ကျော် တင်ပို့နိုင်သဖြင့် ယခင် တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက  ပြောင်း တန်ချိန် ၁၁၀ဝ၀ကျော် ပိုမိုတင်ပို့ခဲ့သည်။                
အေးအေးသန့်(DOT)