Main menu

Background

Fed ၏ အတိုးနှုန်းကြောင့် ကမ္ဘာ့ရွှေ၊ Bitcoin နှင့် စတော့ဈေးကွက် အနည်းငယ်ကျ 

Mon, 12/19/2022 - 15:36 -- journal_editor

အမေရိကန် Fed ဗဟိုဘဏ်အနေဖြင့် ၂၀၂၂ခုနှစ်အတွက် နောက်ဆုံးအကြိမ်ဖြစ် ဒီဇင်ဘာ ၁၅ ရက်က ကျင်းပ ခဲ့သည့် ဗဟိုဘဏ်အစည်းဝေး၌ အတိုးနှုန်းတိုးခြင်းကို ခုနစ်ကြိမ်မြောက် လုပ်ဆောင်ခဲ့သည်။ ဗဟိုဘဏ်၏ ယင်းအစည်း အဝေး၌ ဈေးကွက်ကမျှော်မှန်းထားသည့် အခြေခံပွိုင့် ၅၀ ပွိုင့်ကို တိုးခဲ့ခြင်းဖြစ်ပြီး ယခင်က အခြေခံပွိုင့် ၇၅ ပွိုင့်စီ လေးကြိမ် ဆက်တိုက်တိုးခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင် အတိုးနှုန်းပွိုင့်ကို လျှော့ချခဲ့ခြင်းဖြစ်သည်။ 
ထိုသို့  Fed က အတိုးနှုန်း အခြေခံပွိုင့် ၅၀ ပွိုင့် တိုးခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေ၊ Bitcoin နှင့် စတော့ဈေးကွက် အကျပိုင်းသို့ ရောက်ရှိလာကြောင်း forbes.com  ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ဗဟိုဘဏ်အစည်းဝေးတွင်  Fed  ဗဟိုဘဏ်က ဈေးကွက်ထဲ၌ ခန့်မှန်းထားကြသည့်အတိုင်း အတိုးနှုန်းကို ၅၀ bps သာ တိုးခဲ့သည်။ သို့သော် ဗဟိုဘဏ်သတင်းစာရှင်းလင်းပွဲ ၌ ဗဟိုဘဏ်ဥက္ကဋ္ဌ Powell  က လာမည့် ၂၀၂၃ ခုနှစ်ထဲ၌ အတိုးနှုန်းတိုးခြင်းများကို ဆက်လက်လုပ်ဆောင်သွားရန်ရှိ ကြောင်း ပြောဆိုခဲ့သည်။                                                                                                          

Source; forbes.com
စိုင်းဗညား