ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၃ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှုမှာ ၄၁ နှစ်နောက်ပိုင်းတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်း အကျပ်အတည်းများကြောင့် ရေနံထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး စွမ်းအင်ဈေးနှုန်းများလည်း မြင့်တက်နေချိန်တွင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ထိန်းချုပ်နိုင်မှုမရှိဘဲ မြင့်တက်လာခဲ့ရခြင်းဖြစ်သည်။
သို့သော် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ဆယ်စုနှစ်များစွာကပင် ဂျပန်အစိုးရက ကြိုးပမ်းခဲ့ကြသည်။ ဂျပန်နိုင်ငံတွင် လုပ်ခလစာများ တိုးမြင့်လာမှုမရှိသော်လည်း ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ပြည်သူများ ခံစားနေကြရသည်။
ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ဂျပန်နိုင်ငံအစိုးရသည် အတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းမှ သုည ဒသမ ၅ ရာခိုင်နှုန်းအထိ ပြောင်းလဲခဲ့သည်။ ယင်း၏ ရလဒ်အနေဖြင့် ဂျပန်ငွေကြေးသည် အမေရိကန် တစ်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၁၅၁ ယန်းသို့ ရောက်ရှိသွားခဲ့သည်။ ယခင်က ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငွေကြေးဖောင်းပွမှု အနိမ့်ဆုံးနိုင်ငံများထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ဂျပန်နိုင်ငံသည်လည်း ငွေကြေးဖောင်းပွမှုဒဏ်ကို ခံလာရပြီဖြစ်သည်။
Source; BBC
စိုင်းဗညား